Friday, 12 September 2014

မသေမချင်း မှတ်ထား.... ဒီ နိုင်ငံ …. ဘယ်လိုနိုင်ငံ ....ပြည်သူ .... ပြည်သူချင်း သိတယ် ....


အဟက် .....
၄၈ - ၅၀ .....
နောက်ဆုံး လက်ကျန် ....
တပ်ရင်းလေး ၁၀ ရင်းလောက်နဲ့ .....
အင်းစိန်မှာ အသေခံ တိုက် နေရတုန်းကလဲ .....
ဘယ် ဒေါင်းစားမှ အကူအညီ မပေး ခဲ့ ဖူး ဘူး.....

၅၀ - ၅၂ .....
ဘူးသီးတောင် မောင်းတော....
ကုလားဆိုးတွေ ကျူးကျော်လို့ .....
မေယု စစ်ဆင်ရေး နဲ့  .....
သူတပြန် ကိုယ်တပြန် ဆော် နေရတုန်းကလဲ.....
ဘယ် ဒေါင်းစား မှ လှည့် ကြည့်ဖော် မရခဲ့ဘူး.....

၅၀ - ၅၃....
တရုတ်ဖြူ တပ်တွေ သောင်းနဲ့ ချီ ၀င်လာလို့ ...
ကုလသမဂ္ဂ ကို အားကိုးတကြီး သွား တိုင် .....
ဘယ် ဒေါင်းစား မှ တစ်ချက် ၀င်မပြော ပေးခဲ့ဘူး.....

၆၄ - ၇၂ .....
ပဲခူးရိုးမ မှာ ကွန်မြူနစ် ၀ါဒ နဲ့ ......
မီးကုန်ယမ်းကုန် ချ နေရ....
ဘယ် ဒေါင်းစား မှ အသံ တစ်ချက် မထွက်ခဲ့ ဘူး.....

၇၄ - ၈၆ .....
အရှေ့ မြောက် ဒေသ .....
တရုတ် ထောက်ပံ့ တဲ့ တပ်တွေ နဲ့ .....
အလောင်းချင်း ထပ် တိုက်ပွဲဝင်နေ ရတုန်းကလဲ.....
ဘယ် ဒေါင်းစား မှ စစ်ကူ မလာခဲ့ဘူး.....

၈၈ - ၉၀ ....
မိုင်းယန်း - မဲသဝေါ ဒေသ ....
တပ်ရင်းလိုက် သွေး ပင်လယ် ဝေ နေတုန်းကလဲ....
ဘယ် ဒေါင်းစားမှ သင်တန်း ခေါ် မပေးခဲ့ဘူး.....

အေး.....
မသေမချင်း မှတ်ထား....
ဒီ နိုင်ငံ …. ဘယ်လိုနိုင်ငံ ....
ဒီ စစ်တပ် … ဘယ်လို စစ်တပ် တုန်းဆိုတာ.....
စစ်သား......... စစ်သားချင်း သိတယ်.....
နိုင်ငံရေးသမား …နိုင်ငံရေးသမားချင်း သိတယ် …
ပြည်သူ .... ပြည်သူချင်း သိတယ် ....

မင်းတို့ လုံခြုံရေး အကူအညီ ပေးမှ …
တို့  တိုင်းပြည် ရပ်တည်လို့ ရရအောင် ….
ငတို့ က ဖိလစ်ပိုင်လည်း မဟုတ် …
ကိုရီးယား လည်း မဟုတ် သလို …
ထိုင်ဝမ် လည်း မဟုတ်ပါဘူးကွယ် …

စဉ်းစဉ်း စားစားတော့ လုပ်ကြ ပြောကြပါ …
ကို ရွှေအမေရိကန်တို့ ရယ် ….
ဒီမှာ ရယ်လိုက်ရတာ …
-----အု တောင် နာတယ် ….
ဟက် … ဟက် …. ။ ။
 
 
From:Ye Moe

www.mmdailystar.com

1 comments:

  1. Ye Moe is absolutely, I unreservedly support his article. I am 83 years old. I witnessed every important event happened in Myanmar since 1948. I remember them all correctly because I am an educator without any tinge of political color and strong interest in history, politics, philosophy of science and mathematics. Also I have studied university physics, and chemistry. I have also studied in Harvard University and Mathematics Institute of Aarhus University in Denmark and taught in many universities in Myanmar and Thailand for 53 years. .

    ReplyDelete

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...