Tuesday, 2 September 2014

မီတာခတွေ အွန်လိုင်းကနေ ပေးချေနိုင်တော့မယ်

ရန်ကုန်မြို့တော်အတွင်းက မြို့နယ်တချို့မှာ လျှပ်စစ်မီတာ အသုံးပြုခတွေကို Online ငွေပေးချေစနစ်နဲ့ ပေးနိုင်ဖို့ Easy Pay ကုမ္ပဏီက ဝန်ဆောင်မှုပေးမယ်လို့ သိရပါတယ်။

ခုလို အွန်လိုင်း ငွေပေးချေစနစ် ပေးချေနိုင်တဲ့ မြို့နယ်တွေက ကြည့်မြင်တိုင်၊ အလုံ၊စမ်းချောင်း၊ လှိုင်နဲ့ ကမာရွတ်တို့ပဲ ဖြစ်ပါတယ်။

ချိတ်ဆက် အသုံးပြုနိုင်အောင် စီစဉ်နေတဲ့ ဘဏ်တွေကတော့ ဧရာဝတီဘဏ်၊ CB ဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်တွေပဲ ဖြစ်ပါတယ်။

“အွန်လိုင်းကနေ ဆောင်မယ်ဆိုရင် မီတာရုံးကို အရင်စာရင်းပေးရတဲ့အတွက် မီတာပိုင်ရှင်နာမည်၊ နံပါတ်၊ အညွှန်းစာရင်းနဲ့ ဘယ်မြို့နယ်ကလဲ ဆိုတာကို easypay.mm@gmail ဒါမှမဟုတ် ဖုန်း ၀၉ ၄၅၀၀၀၅၈၈၅ ကို တစ်လကြိုပြီး စာရင်းပေးထားရင် လတိုင်း ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ အွန်လိုင်းကနေ ဆောင်လို့ရတယ်။ ၂၄ ရက် နောက်ပိုင်းဆိုရင်တော့ မီတာရုံးတွေက ရက်လွန်အဖြစ် သတ်မှတ်လို့ သက်ဆိုင်ရာ မီတာရုံးမှာပဲ ဒဏ်ကြေးနဲ့တကွ ဆောင်ရမှာပါ”လို့ Easy Pay ကုမ္ပဏီ တာဝန်ရှိသူက ဆိုပါတယ်။

ခုလို အွန်လိုင်းကနေ လျှပ်စစ်မီတာ အသုံးပြုခ ပေးသွင်းတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကို ရတနာပုံတယ်လီပို့နဲ့ Easy Pay ကုမ္ပဏီတို့ ပူးပေါင်း လုပ်ဆောင်တာဖြစ်ပြီး အွန်လိုင်းကနေ လျှပ်စ်စမီး အသုံးပြုခ ပေးသွင်းလိုရင် သတ်မှတ်ထားတဲ့ ဘဏ်တွေမှာ အွန်လိုင်း ငွေပေးချေစာရင်းဖွင့်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ဘဏ်စာရင်းအမည်၊ အမှတ်နဲ့ နိုင်ငံသားမှတ်ပုံတင် အမှတ်တွေကို သုံးပြီး ebilling.ypay.com.mm ကနေတစ်ဆင့် ငွေပေးချေနိုင်ပြီး မီတာတစ်လုံးကို ဝန်ဆောင်ခ ငါးရာကျပ်ပေးရမယ်လို့ Easy Pay ကုမ္ပဏီဆီကနေ သိရပါတယ်။
 
From:The Voice

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...