Wednesday, 3 September 2014

သမ္မတ ရဲ့ ဥရောပ ခရီး နှင့် ပြည်သူတစ်ယောက်၏ အမြင်



ပထမအချက်ကနိုင်ငံသားတိုင်းဟာဒီမိုကရေစီကို ယုံကြည်
ရင် နိုင်ငံတော်အကြီးအကဲ ဘယ်သူပဲဖြစ်ဖြစ်လေးစားသမှု
ရှိရမယ်။

သူက နိုင်ငံတော်ရဲ့ မျက်နှာစာ။နိုင်ငံတော်ရဲ့ပုံရိပ်။

သမ္မတ က ဘယ်သူ ဘယ်ဝါဖြစ်ဖြစ်နိုင်ငံတော်ရဲ့အထွတ်
အထိပ်ပဲ။

ကြိုက်ချင်ကြိုက်မကြိုက်ချင်နေနိုင်ငံတော်မျက်နှာကိုတော့
အိုးမဲမသုတ်ဖို့ ပြောချင်တယ်။

လုပ်ချင်တယ်ဆိုရင်တော့လည်း ဆက်လုပ်ပါ။မြန်မာနိုင်ငံ
သားလို့ကိုယ့်ကိုယ်ကိုယ်ဆက်မပြောဖို့တော့လိုမယ်။

သမ္မတဖြစ်လာရင်ဒေါ်စု ဖြစ်ဖြစ် ဦးသိန်းစိန်ဖြစ်ဖြစ်တခြား
ဘယ်သူဘယ်ဝါဖြစ်ဖြစ်နိုင်ငံသားမှန်ရင်သမ္မတ ဆိုတဲ့ဂုဏ်
ကို တော့လေးစားကြဖို့ လိုမယ်။

အစိုးရရဲ့ အားနည်းချက်တွေကို ဝေဖန်တာထောက်ပြတာ
က တစ်ပိုင်းပဲ။

ကျနော်ကိုယ်တိုင်လည်း အစိုးရအဖွဲ့ကိုလုံးဝမကြိုက်ပါဘူး။
အရင်လူတွေက အရင်အတွေးတွေနဲ့အရင်ပုံစံတွေ ခေါက်
ရိုးကျိုးနေလို့ အခုအောင်မြင်မှုမရတာပဲ။

ဒါပေမယ့်
နိုင်ငံကြီးသားတွေရဲ့အမူအကျင့်ကောင်းတွေကိုလေ့ကျင့်
ပျိုးထောင်မှနိုင်ငံကြီးတစ်ခု ဖြစ်လာနိုင်မှာပေါ့။

ဒုတိယ တစ်ချက်ကနိုင်ငံခြားတိုင်းပြည်တွေ မှာနိုင်ငံရေး
အကြောင်းရင်းခံနဲ့ သွားအခြေချနေကြပြီးသမ္မတလာတာ
နဲ့ ဆန္ဒပြလိုက်မယ်ဆိုတာမျိုးကအသရေဖျက်လိုက်မယ်ဆို
တာမျိုးက၂၀၁၀ နောက်ပိုင်းမှာ တော်တော် အကျည်းတန်
သွားပြီ။

နိုင်ငံတော်ကို အသရေဖျက်ရာရောက်တယ်ဆိုတာ မသိ
ကြတာလား။

ကိုယ်က ဘယ်လောက်နိုင်ငံအတွက် စေတနာမှန်မှန်နဲ့
လုပ်ခဲ့သလဲလုပ်နေသလဲ ပြန်ဆန်းစစ်ဖို့လည်းလိုမယ်။

နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးကမြန်မာနိုင်ငံ ရဲ့ နိုင်ငံ
ရေး အပြောင်းအလဲ ကို အသိအမှတ်ပြုပြီး ပြောင်း သထက်
ပြောင်းကောင်းသထက်ကောင်းဖို့ဝိုင်းကူညီနေကြတဲ့အချိန်
မှာ ဝိုင်းတွန်းနေကြချိန်မှာမြန်မာနိုင်ငံ ကို ချစ်လှပါချည်ရဲ့ဆို
တဲ့ နိုင်ငံသားတချို့ကနိုင်ငံခြားထွက် ဇိမ်ခံနေပြီးမြန်မာနိုင်ငံ
မှာ ဘာ အပြောင်းအလဲ မှ မရှိဘူး။ လေပဲလို့ ပြောနေတာ
လည်းတော်တော် ရယ်စရာကောင်းတဲ့ ကကွက် တစ်ခုဆို
တာလေးပါ။

ပြောချင်တာကတော့ အခြေအနေတွေ ကို မှန်မှန်ကန်ကန်
မြင်အောင်ကြည့်ဖို့နဲ့တိုင်းပြည်နဲ့လူထုကို ချစ်ကြတယ်ဆို
ရင်လည်းမှန်မှန်ကန်ကန်လေးချစ်ကြရင် ပိုများအဆင်ပြေ
မလားလို့ပါ။အထင်ကြီးတာလေးစားတာ ခံယူချင်ကြတယ်
ဆိုရင် ပြောတာပါ။ ။
From:
(စာရေးသူ-ဆရာပိုက်တင်)၊(ဓာတ်ပုံ-ဦးရဲထွဋ်)

www.mmdailystar.com

1 comments:

  1. Whoever President!!!! Could you give respect and can you bow down your head in front of the Woman President? I don't think I can do to Woman President, I shock in Myanmar what's happen many men bow on knees and worshiping Daw Suu Kyi, men were sitting down on the floor and she was sitting on the chair up, what's going on Myanmar men? You Myanmar men no more dignity? Are you sure there is no man better than woman(Daw Suu) in Myanmar? Do you still remember Myanmar men's culture and custom, man can bow down on knee and worship and give respect to only your mother or grandmother. Hay! Myanmar men please wake up! you must proud of you are a man, do not put women on your head and don't let them to lead you, men never be the follower of women.If woman will be a Head of the State as President in Country, you all men should be Gays, shame on you.

    ReplyDelete

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...