Monday, 8 September 2014

ထူးနှင့်တရုတ်ကုမ္ပဏီပူးပေါင်းပြီး တပ်နယ်အားကစားကွင်းကို ဒေါ်လာနှစ် သန်းခန့် ကုန်ကျခံတည်ဆောက်ပေး

ထူးကုမ္ပဏီအုပ်စုဥက္ကဋ္ဌဦးတေဇက တပ်နယ်အားကစားကွင်းအား လွှဲပြောင်းပေးအပ်နေစဉ် (ဓာတ်ပုံ−Htoo FB)
 
ထူးကုမ္ပဏီအုပ်စုနှင့်တ ရုတ်နိုင်ငံမှ Guandong Zhenrong Energy ကုမ္ပဏီတို့ပူးပေါင်း ကာ ပြင်ဦးလွင်၊ တပ်မတော်နည်း ပညာတက္ကသိုလ်တွင် တပ်နယ် အားကစားကွင်းကို ဒေါ်လာနှစ် သန်းခန့် အကုန်အကျခံတည် ဆောက်လှူဒါန်းခဲ့ကြောင်း   သ တင်းရရှိသည်။

‘‘တရုတ်နိုင်ငံGDZRကုမ္ပဏီ နဲ့ ပူးပေါင်းလှူဒါန်းခဲ့ခြင်းက ကောင်းမွန် တဲ့ နှစ်နိုင်ငံဆက် ဆံ ရေးတည်ဆောက်ရာမှာ အ ထောက်အပံ့ဖြစ်စေနိုင်သလို ပ ညာရေး၊ ကျန်းမာရေးကဏ္ဍများ တိုးတက်လာစေရန် တစ်ဖက်က တတ်နိုင်သမျှဆောင်ရွက်နေသ ကဲ့သို့ အားကစားကဏ္ဍကိုတိုး တက်လာစေရန်အတွက်လည်း ယခုလိုလှူဒါန်းရခြင်းဖြစ်ပါ တယ်’’ဟု ထူးကုမ္ပဏီများအုပ်စုမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အားကစားဖွံ့ဖြိုးတိုးတက် စေရန်အခြေခံအဆောက်အအုံ မြှင့်တင်လိုသည့်ရည်ရွယ်ချက်နှင့် တရုတ်-မြန်မာနှစ်နိုင်ငံ ချစ်ကြည် ရေးရင်းနှီးမြှုပ်နှံမှုကို ပြသရန်ရည် ရွယ်၍ အဆိုပါတပ်နယ်အားက စားကွင်း ကိုတည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး အားကစားကွင်း၌ အလျား ၁၀၅ မီတာ၊ အနံ  ၈၆မီတာရှိ ဘောလုံးကွင်းတစ်ကွင်း၊ မီတာ ၄၀၀ပြေးလမ်း ရှစ်လမ်းပါနိုင်ငံတ ကာအဆင့် မီရော်ဘာပြေးလမ်း၊    မီးလင်းတိုင် ၁၀တိုင်၊ အ၀ီစိတွင်း၊ ပတ်လည်ရေနုတ်မြောင်း၊ မြက် ခင်းရေဖျန်းစနစ်၊ ခြံစည်းရိုး၊ရေ စင်တို့ပါဝင်ပြီးအမေရိကန်ဒေါ် လာနှစ်သန်းခန့်အကုန်အကျခံ ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ် သည်။

ထူးကုမ္ပဏီအုပ်စုဥက္ကဋ္ဌဦး တေဇက အားကစားကွင်းဆက် လက်မွမ်းမံထိန်းသိမ်းနိုင်ရန် ကျပ်သိန်းတစ်ရာနှင့်  တပ်နယ်အား ကစားကွင်းလွှဲပြောင်းခြင်း အခမ်းအနားကို စက်တင်ဘာ ၅ရက်တွင်ကျင်းပခဲ့ပြီး    ပန်းပွားအကဖြင့် လာရောက်ဖျော်ဖြေသည့် ကျောင်းသားကျောင်း သူများအတွက် ငွေကျပ် သိန်းငါးဆယ်     လှူဒါန်းခဲ့ ကြောင်းသတင်းရရှိသည်။


From:7day

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...