Monday, 1 September 2014

ဒေါ်စု နှင့် နှစ်ပေါင်းများစွာ ရှည်ကြာနေသည့် ဗိုလ်ချူပ် ရုပ်ရှင်


ကျနော်က ရုပ်ရှင်ရိုက်တာကို ယုံမှရိုက်တာ ....
ဗိုလ်ချုပ်အကြောင်း ရုပ်ရှင်ထရိုက်လောက်အောင် ...
သိတယ်၊ တတ်တယ်၊ နားလည်တယ်လို့ ...
ကျွန်တော့် ကိုယ် ကျွန်တော် မယုံကြည်ဘူး ....
ဒါ့ကြောင့် မရိုက်ချင်ဘူး ....

ကျွန်တော်က ဗိုလ်ချုပ်အကြောင်းကို ...
အသည်းထဲ၊ နှလုံးထဲကနေ ...
ရုပ်ရှင် ထရိုက်လောက်အောင် သိတာသိပ်မရှိဘူး ....

ကျွန်တော် သိတဲ့အတိုင်း လုပ်တော့မယ်ဆိုရင် ....
ကျွန်တော် လိုတဲ့ပစ္စည်းတွေ ...
သူတို့ ပေးနိုင်လိမ့်မယ် မထင်ဘူး ...

အခုဟာက ....
ဗိုလ်ချုပ်အောင်ဆန်းကိုပဲ လျှောက်ရှာနေကြတာ .....
ကျားကြီးဘဆွေတို့ ....
ဦးကျော်ငြိမ်းတို့ ....
ဦးသိန်းဖေမြင့်တို့ ....
ဦးနုတို့ ...
ဒဂုန်တာရာတို့ ....
ဦးဘဟိန်းတို့ ကိုလည်း ရှာမထားဘူး ....

ဒါတွေကို လိုချင်ပြီဆိုတော့ ဘယ်သူကပေးမှာလဲ ....
ဒါတွေမပါဘဲ ဘယ်လိုလုပ်ရိုက်မလဲ ....
ဒါဟာ သူ့  ဖြတ်သန်းမှုတွေထဲက လူတွေလေ ...
သူ့ ဝန်းကျင်လေ....
ဗိုလ်ချုပ် တစ်ယောက်တည်း အကြောင်း ရိုက်နေလို့တော့ ...
ဘယ်လိုလုပ် ရုပ်ရှင်ဖြစ်မှာလဲ ....

ဒါ့ကြောင့် ကျနော် နှစ်ကြိမ် ငြင်းတယ် ...
သူတို့ကတော့ ဒေါ်စုနဲ့ တွေ့ပေးမယ် ပြောတယ် ...
အဲဒါဆို ပိုကောင်းတယ် ....
သူတို့ကို နှစ်နာရီလောက် ...
အာပေါက်အောင် ပြောရတယ် ...
ဒေါ်စုနဲ့ပြောရင် ငါးမိနစ်နဲ့ ....
ဟိုက သဘောပေါက်သွားလိမ့်မယ် ....
မရိုက်နဲ့တော့ဆိုပြီး ပြီးသွားလိမ့်မယ် ......

ဒါရိုက်တာ ဦးဝင်းဖေ နှင့် အင်တာဗျူး မှ ....

From: Kamayut Media

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...