Monday, 8 September 2014

ချစ်သူမိန်းကလေးကို ဓားဖြင့် အချက်ပေါင်းများစွာထိုးသတ်ပြီး ကိုယ်တိုင်သေကြောင်းကြံ


ချစ်သူမိန်းကလေး နောက်ရည်းစားထား၍ ရည်းစား ဟောင်းက ကုမ္ပဏီရုံးသို့ လိုက် လာပြီး ဓားဖြင့် အချက် ၂၀ ခန့် ထိုးသတ်ခဲ့ပြီးနောက် ကိုယ်တိုင်သေကြောင်းကြံစည်ခဲ့ကြောင်းလှိုင်မြို့နယ်(၁၆)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

 လှိုင်မြို့နယ်(၁၆)ရပ်ကွက် အင်းစိန်လမ်းမပေါ်ရှိ ပုဂ္ဂလိက ငွေချေးလုပ်ငန်း  ကုမ္ပဏီတစ်ခု တွင်  အလုပ်လုပ်ကိုင်လျက်ရှိ သည့် ၀န်ထမ်းအမျိုးသမီးတစ်ဦး ကို စက်တင်ဘာ ၅ ရက် နံနက်က၎င်း၏ ရည်းစားဖြစ်သူက ကုမ္ပဏီရေချိုးခန်းအတွင်း၌ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ပြီး ၎င်းကိုယ်တိုင် သေကြောင်းကြံစည်သော်လည်း အထမြောက်ခြင်းမရှိပေ။

သေကြောင်းကြံစည်ခဲ့သော ယင်းအမျိုးသားမှာ ယခုအခါ ခွဲ စိတ်ကုသမှုခံယူခဲ့ပြီး မစိုးရိမ်ရတော့ကြောင်း လှိုင်မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။
၎င်းအမျိုးသားသည် ယခင် က အဆိုပါကုမ္ပဏီမှ ၀န်ထမ်း ဟောင်းတစ်ဦးဖြစ်ပြီး အခင်းဖြစ် ပွားချိန်က ၎င်းတို့နှစ်ဦး စကား များရန်ဖြစ်ခဲ့ပြီး ကုမ္ပဏီရုံးအတွင်းရှိ ရေချိုးခန်း၌ အမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
‘‘ရုံးစဖွင့်တဲ့ အချိန်လောက်ပဲ။ကောင်မလေးနဲ့ သူနဲ့က ကုမ္ပဏီရေချိုးခန်းထဲ တံခါးချက်ထိုးပြီးစကားများ ရန်ဖြစ်နေတာ။နောက် ကောင်မလေးက ကယ်ကြပါဦးလို့ အော်တယ်။ ခဏနေတော့ အသံငြိမ်ကျသွားတယ်။ အဲဒီအချိန်ကောင်လေးက ထွက်လာပြီး စခန်းကို  အကြောင်းကြားထား တယ်ပြောပြီး ရေချိုးခန်းထဲ တံ ခါးပြန်ပိတ်ပြီး ၀င်သွားတယ်။ ပြီး တော့ သူ့ရဲ့ ဘယ်လက်ကောက် ၀တ်ကို ဓားနဲ့ဖြတ်လိုက်တယ်’’ ဟု အခင်းဖြစ်ပွားချိန်တွင် လိုက်ပါ ဆောင်ရွက်ခဲ့သော ယင်းရပ်ကွက် မှ ဆယ်အိမ်မှူးတစ်ဦးက ပြော သည်။

 စမ်းချောင်းမြို့နယ်နေ အ သက် ၂၀ ကျော်အရွယ် အဆိုပါ အမျိုးသားမှာ ထိုကုမ္ပဏီတွင် ဧည့်ကြိုဝန်ထမ်းအဖြစ် လုပ်ကိုင် ခဲ့ပြီး လွန်ခဲ့သော သုံးလခန့်က အလုပ်ထွက်ခဲ့သူ ဖြစ်သည်။ အသတ်ခံရသူ အမျိုးသမီးနှင့် ၎င်းမှာ သီတင်းကျွတ်ပြီးပါက လက်ထပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
‘‘ကောင်မလေး အဖေက ဆေး ရုံတက်နေတဲ့ ကောင်လေးကို မနေ့က လာကြည့်သွားတယ်။ အဲဒီမှာဘာပြောခဲ့လဲဆိုတော့ သီတင်းကျွတ်ရင် သူတို့ကို လက်ထပ်ပေးဖို့ အစီအစဉ်ရှိတယ်လို့ ပြောသွားတယ်’’ ဟု အထက်ပါ ဆယ်အိမ်မှူးက ဆိုသည်။

သေဆုံးသူ အမျိုးသမီးမှာ မိခင်က သဘောတူသည့် စစ်ဆေးတက္ကသိုလ်ကျောင်းဆင်း ဗိုလ်တစ်ဦးနှင့် ခင်မင်ရင်းနှီးလျက်ရှိသည်ဟု ဆိုသည်။
 ‘‘လှိုင်စခန်းမှူးနဲ့ နယ်ထိန်း တွေ ရောက်လာပြီးမှ တံခါးကို ဖွင့်ရတယ်။ အခင်းဖြစ်ပြီး သိပ်မ ကြာဘူး။ ဗိုလ်ကြီးဆိုတာလည်း ရောက်လာတယ်။ ကောင်မလေး ကို အတင်းဖက်ငိုတာ။ နောက်သူ က လည်ပင်းကို စမ်းကြည့်တော့ သေပြီလို့ ပြောတယ်’’ ဟုအဆိုပါရပ်ကွက်မှ ရာအိမ်မှူးက ပြောကြားသည်။
  ‘‘ဖြစ်စဉ်အသေးစိတ်ကို တော့ မစစ်ရသေးဘူး။ ဆရာဝန် က စစ်ဆေးခွင့် မပေးသေးဘူး။ သူစကား နည်းနည်းပြောနိုင်မှ မေးလို့ရမယ်။ အခုတော့ ကျန်းမာရေး မစိုးရိမ်ရတော့ပါဘူး’’ ဟု လှိုင်မြို့နယ်ရဲစခန်းမှ စခန်းမှူး ရဲအုပ် ကြည်စိုးသန့်က ပြောသည်။

ရန်ကုန်မြို့တွင် သြဂုတ်လ ၂၅ ရက်ကလည်း အသက် (၁၉) နှစ်အရွယ် သရုပ်ဆောင်မော်ဒယ် အေးချမ်းမြတ်မိုးကို ၎င်းနေထိုင် ရာ တိုက်ခန်းအတွင်း အသက် (၂၂) နှစ်အရွယ် အံ့ဖြိုးပိုင်က စကားများရန် ဖြစ်ပြီး လည်ပင်းကို ဓားဖြင့်ထိုး၍ အသတ်ခံရမှုဖြစ်ပွားခဲ့သည်။

From:7day
photo : Google

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...