Friday, 12 September 2014

ပြည်တွင်းတွင် ခြေလှမ်းစိတ်စိတ် လှုပ်ရှားလာကြသော ဘင်္ဂလီများ

ယမန်နေ့က လူမှုကွန်ယက်စာများနှာတွင်ရော ပရင့်စာမျက်နှာများတွင်ပါပြည်သူအများ
အုန်းအုန်းကြွက်ကြွက်ဖြစ်ကာ စိုးရိမ်ပူပန်မှုများ မြင့်တက်လာစေသည့် သတင်းတစ်ပုဒ်
တက်လာခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ အခြားမဟုတ် ကေအိုင်အိုမှ ဗိုလ်မှူးကြီး ဂျိမ်းစ်နှင့်
BRAT (Burmese Ro-hingya Association in Thai-land) အဖွဲ့ဥက္ကဋ္ဌ ဦးမောင်ကျော်နု၊
ဘာသာရေးခေါင်းဆောင်အချို့နှင့် RSO တာဝန်ခံ တစ်ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့ တို့၂၀၁၄
မတ်လအတွင်းက ထိုင်းနိုင်ငံတွင် တွေ့ဆုံဆွေးနွေးခဲ့သော ရုပ်သံမှတ်တမ်းတစ်ခုဖြစ်သည်။
ယင်းရုပ်သံမှတ်တမ်းတွင် ဦးမောင်ကျော်နုနှင့် အဖွဲ့က ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း
ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး လက်နက်ကိုင်အဖွဲ့ (အာအက်စ်အို) ထူထောင်ပြီး
အခြေစိုက်ခွင့်ပြုရန် တောင်းဆိုခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
သာမာန်လူတစ်ဦးအနေဖြင့် ကြည့်ပါက သတင်းတစ်ပုဒ်သာဖြစ်သော်လည်း
အမျိုးသားရေးအမြင်၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး အမြင်ဖြင့် ကြည့်ပါက
ပြည်တွင်းလုံခြုံရေးသာမက ဒေသတွင်းလုံခြုံရေးကိုပါ ထိခိုက်လာနိုင်သည့်
သတင်းတစ်ခုဖြစ်သည်။
ဒါတွေဟာ အွန်လိုင်းပေါ်ပြန့်လာလို့သာ ဒီလိုသိရတာ၊ ဒီကိစ္စတွေပေါ်မလာခင်ကတည်းက
ဒီကောင်တွေ မြန်မာ့မြေပေါ်မှာ ခြေကုပ်ယူပြီး အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ဆောင်ဖို့
စနစ်တကျစီစဉ်နေကြတာ အချိန်တော်တော်ကြာခဲ့ပြီ။ ပထမဦးဆုံးအနေနဲ့ ၀ တပ်ဖွဲ့ရှိတဲ့
ပန်ဆန်းတို့ နောက်ပြီး RCSS/SSA ရှိတဲ့ ၀မ်ဟိုင်းတို့အထိသွားတယ်။ သူတို့နယ်မြေတွေမှာ
အခြေချနေထိုင်ခွင့်ပြုဖို့ လက်နက်တပ်ဆင်ပြီး ရိုဟင်ဂျာတပ်မတော်ထူထောင်မယ်ဆိုပြီး
လိုက်ပြောတယ်။ ဒါပေမယ့် တစ်ခုကောင်းတာက ၀တပ်ဖွဲ့နဲ့ SSA တပ်ဖွဲ့တွေက လုံးဝ လက်မခံပဲ
မောင်းထုတ်ခဲ့တာပဲ။
ပြီးရင် အစိုးရရဲ့ အုပ်ချုပ်မှုနဲ့ အလှမ်းဝေးကွာတဲ့ ဒေသတွေမှာ အာရဗီဘာသာစကားတွေ
အတင်းသင်ပေးတယ်၊ ၀ါဒဖြန့်တာတွေလုပ်တယ်။
ပြည်တွင်းမှာရှိတဲ့ သောင်းကျန်းသူအဖွဲ့အစည်းတွေဆီ ချဉ်းကပ်ပြီး၊
လက်နက်တွေရအောင်လုပ်တယ်၊ မလေးဘက်ကနေ ရေလမ်းကြောင်းကတဆင့် လက်နက်တွေ
ခိုးသွင်းဖို့ကြိုးစားတယ်၊ မြ၀တီ ကော့ကရိတ်လမ်းကြောင်းကနေတစ်ဆင့်
မောင်းတောကိုလက်နက်တွေ သယ်ဖို့လုပ်တယ်၊ အမျိုးမျိုးလုပ်ဆောင်နေကြတယ်။
ဒါတွေဟာ ဘာကို မီးမောင်းထိုးပြနေလဲဆိုတော့ အစိုးရအနေနဲ့ ဒီကိစ္စကို ပေါ့ပေါ့ပေါ့တန်တန်
သဘောမထားပဲ ကိုင်တွယ်နေလို့မရတော့ဘူး၊ အမျိုးသား လုံခြုံရေး
အဆင့်သတ်မှတ်ချက်တစ်ခုအနေနဲ့ ပီပီပြင်ပြင်သတ်မှတ်ပြီး အပြတ်နှိမ်နှင်းဖို့ လိုလာပြီဆိုတာ
သတိပေးလိုက်တာပဲဖြစ်တယ်။ လူ့အခွင့်အရေးဆိုတဲ့ခေါင်းစဉ်အောက်မှာ တွေဝေနေလီု့
မရတော့ပါဘူး။
အလားတူ မြန်မာ့တပ်မတော် အဆင့် မြင့်အရာရှိအချို့မှလည်း
တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ဒေသအ ချို့တွင် မွတ်စလင်တပ်ဖွဲ့များ
စစ် ရေးလေ့ကျင့်မှုများပြုလုပ်နေမှုရှိ ကြောင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ် မထိခိုက်စေရန်
တပ်မတော်အ နေဖြင့် ထိန်းသိမ်းဆောင်ရွက်နေ ခြင်းသာဖြစ်ကြောင်းလည်း
ပြောကြား ထားပြီးဖြစ်သည်။
ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)နှင့်ရိုဟင် ဂျာလွတ်မြောက်ရေးအဖွဲ့(RLO)ကို
ဦးဆောင်သော ဘင်္ဂါလီလူမျိုး များသည် ၁၉၈၈ခုနှစ် ၁၉၉၄ ခုနှစ် နှင့် ၁၉၉၈ ခုနှစ်များတွင်မောင်
တောဒေသကို သိမ်းပိုက်ရန်ဝင် ရောက်အကြမ်းဖက်တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ပြီး မြန်မာ့တပ်မ
တော်နှင့်လုံခြုံရေးတပ်ဖွဲ့များက ကာကွယ်နိုင်ခဲ့ကြောင်းရခိုင်ပဋိပ
က္ခစုံစမ်းစစ်ဆေးရေးအစီရင်ခံစာ တွင်ဖော်ပြထားသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။
ယခု ဘင်္ဂလီနှင့် KIA တာဝန်ရှိသူတို့ တွေ့ဆုံသည့် သတင်းအား ပြည်တွင်းရှိမီဒီယာအချို့မှ
ပြည်သူအများ သတိပြုဆင်ခြင်နိုင်စေရန် အလေးထား ဖော်ပြကြသည်။
သို့သော် ဘေးအိမ်မှ ခွေးနှစ်ကောင်ကိုက်သည်ကအစ သတင်းအဖြစ်
ထည့်သွင်းဖော်ပြသော်လည်း အထက်ပါသတင်းအားလုံးဝ မဖော်ပြသည့် ELEVEN
မီဒီယာကဲ့သို့သော ဂျာနယ်တိုက်များလည်း အများအပြား ရှိနေသေးသည်။
ဘာပဲပြောပြော အယ်လ်ကိုင်းဒါးအဖွဲ့၏ ဂျီဟတ်ပြုလုပ်မည်ဟု ကြေညာခြင်းခံရသည့်
နိုင်ငံစာရင်းတွင် ပါဝင်သည့် မြန်မာနိုင်ငံမှ အစိုးရ၊ ပြည်သူလူထုအနေဖြင့် ဒီကိစ္စကို
ပေါ့ပေါ့တန်တန် မတွေးတောဘဲ အမျိုးသားလုံခြုံရေးတစ်ရပ်အနေဖြင့် ရှုမြင်ကာ သတိပြုကြဖို့
လိုအပ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
 
 
From:OE

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...