Thursday, 25 September 2014

အကြမ်းဖက်အဖွဲ့နှင့် ဆက်သွယ်သူများ NLD ပါတီတွင်းမှာ ရှိနေသလား


     
 အိန္ဒိယနိုင်ငံတွင် အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ ထူထောင်မည်ဟု အယ်လ်ကိုင်ဒါခေါင်းဆောင် Ayman al Zawahri မှ တရားဝင်ကြေညာခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် လုံခြုံရေးတိုးမြှင့်
နေကြကြောင်း အင်တာနက် သတင်းများအရ သိရပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း အကြမ်းဖက်မှုလုံခြုံရေးကို အလေးထား ဆောင်ရွက်ရမည့် နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် အရပ်ဘက်နှင့်စစ်ဘက် အဖွဲ့အစည်းများမှ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရပါသည်။ အချို့သော သတင်းများအရ မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသော အစ္စလာမ်ဘာသာဝင် အချို့သည် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ စစ်ပညာများသွားရောက် သင်ကြားမှုများရှိနေသည်ဟုလည်း တောင်ကြီး
ဒေသခံပြည်သူများ၏ သတင်းပေးမှုများအရ သိရပါသည်။

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နှင့် ကျောက်ဆည်-လက်ပံမြို့တို့တွင် နေထိုင်သော အစ္စလမ်ဘာသာဝင် အချို့သည် အကြမ်းဖက်အဖွဲ့ထံမှ စစ်ပညာများသင်ယူရန် လျှို့ဝှက်စွာ ဆက်သွယ်ဆောင်ရွက်နေသည်ဟု သတင်းရရှိသောကြောင့် သက်ဆိုင်ရာမှ သြဂုတ်လ လဆန်းပိုင်းတွင် ခေါ်ယူစစ်ဆေး
မေးမြန်းမှုများ ပြုလုပ်ခံနေသည်ဟု သိရပါသည်။ တောတွင်းသို့ စစ်ပညာများ သွားရောက်သင်ယူ
ရန်အတွက် အစ္စလာမ် ဘာသာရေးခေါင်းဆောင်အချို့မှ အကူအညီ ထောက်ပံပေးနေသည်ဟုလည်း သိရပါသည်။ တောင်ကြီးမြို့တွင် အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်နေသူများအဖြစ် ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်နယ်ရုံးချုပ်မှ NLD ပါတီဝင်တစ်ဦးဖြစ်သူ ဒေါ်ခင်မိုးမိုး(တရားလွတ်တော်ရှေ့နေ) သည် မွတ်ဆလင်အဖွဲ့မှ ဘာသာရေးခေါင်းဆောင်များ၊ ငွေကြေးပံ့ပိုးသူများထံမှ ငွေကြေးရယူကာ ဖမ်းဆီးခံရသူများ ပြန်လည်
လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရပါသည်။ ထို့အပြင် ဖမ်းဆီး စစ်ဆေးခြင်းခံနေရသူများဘက်မှ အစိုးရအား ပြန်လည်၍ တရားစွဲဆိုမှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါသည်။ တာဝန်သိ ပြည်သူများမှ ပေးပို့လာသော သတင်းများအရ နိုင်ငံတော်နှင့်နိုင်ငံသားများအား အကြမ်းဖက်တိုက်ခိုက်ခြင်းမှ ကာကွယ်နိုင်ရန် တာဝန်ရှိသူများမှ စစ်ဆေးမှုများအား NLD ပါတီဝင်တစ်ဦးဖြစ်သူ ဒေါ်ခင်မိုးမိုး (တရားလွတ်တော်ရှေ့နေ)မှ နှောင့်ယှက်ခြင်းသည် အမျိုးသား လုံခြုံရေးအတွက် ဆောင်ရွက်နေသော လုန်ငန်းစဉ်များကို အနှောင့်အယှက်ပေးနေသကဲ့သို့ ဖြစ်နေသည်ဟု ထင်မြင်ယူဆ မိပါသည်။

စိုင်းဆိုင်ပေါင်လ်
From: ဗမာ့အသံ

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...