Thursday, 25 September 2014

သူရ ဦးရွှေမန်းကို သမ္မတလောင်း အဖြစ် NLD ထောက်ခံရန် အလားအလာရှိ




ဒေါ်အောင်ဆန်းစုကြည် “ သမ္မတဖြစ်ရေး” ကန့်သတ်ခံထားရသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် ဒေါ်အောင်ဆန်းစုကြည့်၏ နေရာတွင် လျာထားသူမရှိကြောင်း၊ ထို့အတွက် ၂၀၁၅ ရွေးကောက်ပွဲ အလွန် စစ်ဗိုလ် ချုပ် ဟောင်း သူရ ဦးရွှေမန်းကိုသာ သမ္မတလောင်းအဖြစ် ထောက်ခံသွားရန်ရှိကြောင်း NLD ပါတီ တာဝန်ရှိသူ တဦးဖြစ်သော ဦးဟန်သာမြင့် ကို ကိုးကားပြီးရိုက်တာ သတင်းတပုဒ်တွင် ဖော်ပြထားသည်။ NLDပါတီတွင် ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် ဒုတိယခေါင်းဆောင် ဟူ၍ မရှိ၊ NLDအနေဖြင့် သမ္မတလောင်း တင်သွင်းမှု အဆင်မပြေခဲ့လျှင် NLD ပါတီမဟုတ်သည့် သမ္မတ လောင်းကိုသာ ထောက်ခံသွားရမည်ဟု ပါတီက ရှုမြင် ထားသည့်အတွက် သူရ ဦးရွှေမန်း အနေဖြင့် သမ္မတလောင်းဖြစ်လာပါကလည်း ထောက်ခံနိုင်ကြောင်း ဦးဟန်သာမြင့် ကဆိုသည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။


Source-With Suu Kyi blocked, her Myanmar party eyes ex-general for president BY PAUL MOONEY

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...