Wednesday, 17 September 2014

ဇာတ်လမ်းထဲက Sexy အခန်းတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေ နားလည်ပေးစေချင်တဲ့ မင်းသမီး

အောင်ရဲလင်းနဲ့အတူ ‘လက်နွယ်ကဲ့သို့ပြိုးပြက်သော’ ဇာတ်ကားကိုရိုက်ကူးနေတဲ့ သွန်းဆက်က အခုနောက်ပိုင်းမှာ ဇာတ်ကားတွေကို ဆက်တိုက်ရိုက်ကူးဖြစ်လာတာကို လည်း တွေ့ရပါတယ်။ တအားကို ဗီလိန်ဆန်တဲ့ဇာတ်ရုပ်မျိုးတွေကိုတော့ ပရိသတ် အမြင်တစ်မျိုးဖြစ်သွားမှာစိုးတာကြောင့် မရိုက်ဖြစ်သေးဘူးလို့ ဆိုပါတယ်။

“သွန်းဆက် တအားဟဲဗီးဗီလိန် လုပ်ရမယ့် ကာရိုက်တာမျိုးတွေဆိုရင်တော့ မရိုက်ဖြစ်ဘူး။ အခုအချိန်မှာ မင်းသမီးအသစ်တစ်ယောက် အနေနဲ့ ပရိသတ်အမြင်မှာ မုန်း သွားမှာစိုးလို့ သွန်းဆက်မရိုက်ဖြစ်သေးဘူး။ တခြားကာရိုက်တာတွေတော့သွန်းဆက်ရိုက်ဖြစ်တယ်။ တအားကြီး ဟဲဗီးကြီးတွေဆိုရင်တော့ သွန်းဆက် မရိုက် ဖြစ်ဘူး။ တစ်ကားနဲ့ တစ်ကားမှာလည်း ကာရိုက်တာတွေ မတူအောင်ရိုက်ဖြစ်တယ်။ အဝတ်အစားပိုင်းတွေမှာဂရုတစိုက်နဲ့ပရိသတ် ကြိုက်မယ့် ပုံစံလေးတွေဝတ်တယ်။ ပြီးတော့ဇာတ်ကားတွေထွက်လာ လို့ အမှားအယွင်းပါတယ်၊ Sexy အခန်းတွေပါရင် အဲဒီလိုမျိုးတွေက ကာရိုက်တာအရလုပ်ခဲ့ရတာဆိုတာကို ပရိသတ်က နားလည်ပေးပါ” လို့ဗီလိန်ဇာတ်ရုပ်သရုပ်မဆောင်ဖြစ် ခြင်းအကြောင်းကိုသွန်းဆက်က ပြောပါတယ်။သွန်းဆက်က လတ်တလောမှာတော့ အောင်သီရိ ထုတ်လုပ်ရေးနဲ့ ဇာတ်ကား ၁ဝ ကား စာချုပ်ချုပ်ထားပြီး ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေပါတယ်။

“အခုလိုမျိုး ခေါင်းဆောင် မင်းသမီးနေရာက ရိုက်ခွင့်ရတယ်ဆိုတာက သွန်းဆက် ကံလည်းကောင်းတာပါတယ်။ ပြီးတော့ သွန်းဆက်ရဲ့ ဆရာကောင်းသမားကောင်းေ တွနဲ့ တွေ့လို့လည်း ပါတယ်။ ပြီးတော့ အောင်သီရိဗီဒီယိုထုတ်လုပ်ရေး ကောင်းနဲ့လည်း တွေ့လို့ပါ။ အဲဒီ ထုတ်လုပ်ရေးနဲ့ပဲ သွန်းဆက် စပြီး တော့ရိုက်တယ်။ စစရိုက်တုန်း က တစ်ခန်းလောက်ပဲပါတယ်။ ပြီးတော့ ဒုတိယနေရာကနေ သရုပ်ဆောင်ရတယ်။ နောက်တော့ သူတို့က သွန်းဆက်ကို အလားအလာရှိတယ်ဆိုပြီး ခေါင်းဆောင်း မင်းသမီး အနေနဲ့ စာချုပ်ချုပ်ဖြစ်လိုက်တယ်။ ဆရာသမားတွေအားလုံးက ကူညီပေးလို့ သွန်းဆက်ဒီလိုမျိုးဖြစ်လာတယ်လို့ ထင်ပါတယ်။ အောင်သီရိ ထုတ်လုပ်ရေးနဲ့ သွန်းဆက် ၁ဝ ကား စာချုပ်ချုပ်ထားတယ်။ လက်ရှိတော့ ၅ ကားလောက်နီးပါး ရိုက်ပြီးသွားပြီ။ သူတို့က ရိုက်မယ့်ရက်ကိုကြိုပြော ထားတယ်။ အဲဒီရက်မှာ တခြားကား နဲ့တိုက်နေရင်တော့ လက်ခံလို့မရဘူး။ သူတို့ကားရိုက်ရက် မရှိဘူးဆို ရင်တော့ တခြားထုတ်လုပ်ရေးတွေ ကမ်းလှမ်းရင်တော့ ရိုက်ပါတယ်” လို့ သွန်းဆက်က ပြောပါ တယ်။

From: လွင်လွင်ထွန်း

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...