Monday, 1 September 2014

UNFC က ထွက်မယ်လို့ ခပ်ရှင်းရှင်းထုတ်ပြောခဲ့တဲ့ … ကေအန်ယူ အဖွဲ့ ကြီး နဲ့  …. အဘ စောမူတူးဆေးဖိုး တို့ ကိုတော့ …. လေးစား …. လေးစား


ကျွန်တော်တို့ တပ်မတော်ကြီးကို ….
ပြည်ထောင်စု တပ်မတော် ကြီး အဖြစ်နဲ့ …
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ အားလုံးပူးပေါင်းပါဝင်ကာ
တိုင်းပြည်အကျိုး အတူသယ်ပိုးထမ်းရွက်ကြမယ် …..

လက်ရှိ စစ်အင်အားအပြင် …
တိုင်းရင်းသားတပ်တွေရဲ့ အင်အားပါ ပူးပေါင်းလိုက်ရင် …
အရှေ့ တောင် အာရှ မှာ အင်အားကြီးပြီး စွမ်းရည်ထက်မြက်တဲ့ …
ပြိုင်ဘက်ကင်း တပ်မတော်ကြီး တစ်ရပ်ဖြစ်လာမယ်….
…………………………………………………

အခုလက်ရှိ သြ ၂၆ ရက်မှ ဒီနေ့အထိ ….
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ CHINLAND ဟိုတယ်မှာ လုပ်နေတဲ့ …
UNFC ပထမညီလာခံ အတွက် မက်ခဲ့ တဲ့ …
ကျွန်တော့် ရဲ့ ဆောင်းတွင်း အိပ်မက်လေးတစ်ခုပါ ….
အခုတော့ ဆပ်ပြာပူဖောင်းလို …..
ဖောင်းကနဲ ပေါက်သွားခဲ့ပါပြီလား …

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေနဲ့ ညှိနိုင်းတဲ့ အခါ….
တပ် ဖွဲ့ စည်းရေး အပိုင်းက တစ်မျိုး …
ခေါင်းဆောင်တွေရဲ့ ရပ်တည်မှု အတွက်က တစ်ဖုံ …..
နည်းလမ်းမျိုးစုံ စဉ်းစားပေးရမယ်ဆိုတာ …
အားလုံး နီးပါး နားလည်ကြပါတယ်…..

တိုင်းရင်းသား လက်နက်ကိုင်ကိစ္စတွေ အဆင်ပြေသွားနိုင်ဖို့ ….
အရင်ကတည်းက ….
လုံးဝ နီးပါး လွတ်လွတ်လပ်လပ် နေထိုင်နိုင်ပြီး ….
ဒေသဖွံ့ ဖြိုးရေးကို လဲ ...
ဇောက်ချ လုပ်ကိုင်နိုင်မယ့် မူဝါဒတစ်ရပ်အဖြစ်….
တိုင်းရင်းသား လက်နက်ကိုင်တပ်များကို …..
BGF ( Border Guard Forces ) နယ်ခြားစောင့်တပ်ဖွဲ့ များ နဲ့  ……
ဌာနေ ပြည်သူ့ စစ် အဖွဲ့ များ အဖြစ်….
ပြောင်းလဲဖွဲ့ စည်းသွားဖို့ အဆိုကိုလဲ ….
တပ်မတော် ဘက်က အကြံပြု …
ကမ်းလှမ်း တင်ပြခဲ့ဖူး ပါတယ်…..

အဲဒီ အဆိုပြုချက်အရ …
BGF အဖြစ် ဖွဲ့ စည်းမယ့် တိုင်းရင်းသားတပ်ဖွဲ့ များဟာ ….
လက်ရှိ တပ်နေရာမှာ အခြေပြုခွင့်ရှိပါတယ်….
BGF တပ်ရင်းတစ်ရင်းကို …
တိုင်းရင်းသား အရာရှိ ၁၀ ဦး ……
စစ်သည် ၃၁၆ ဦးနဲ့  တရားဝင်ဖွဲ့ စည်းပေးပါတယ်…
BGF တပ်မှူး ကို တပ်မတော် ဗိုလ်မှူး ရာထူးအဆင့် နဲ့ ……
ပြန်တမ်းဝင်အရာရှိ အဖြစ် တရားဝင် ခန့် အပ်ပေးပါတယ်…
တပ်မတော်က လက်နက် ရိက္ခာ …
လစာ စစ်ဝတ် အားလုံး အပြည့်အစုံထောက်ပံ့ပါတယ်…

ဒါပေမယ့် နှစ်သက်ရာလက်နက် …
နှစ်သက်ရာ ယူနီဖောင်းကို …..
ဝတ်ဆင် ကိုင်ဆောင်မယ်ဆိုရင်လဲ ခွင့်ပြုထားပါတယ်…
ယူနီဖောင်းမှာတော့ …
နိုင်ငံတော်အလံ ဒိုင်းတံဆိပ် တပ်ဆင်ရပါမယ်….

အဲ တပ်ရင်းမှာပဲ ……
တိုင်းရင်းသား တပ်မှူးရဲ့ ကွပ်ကဲမှုအောက်မှာ….
တပ်မတော်က အရာရှိ ( ၃) ဦး နဲ့  …
အခြားအဆင့် ( ၂၇ )ဦးဟာ…
ဋ္ဌာနချုပ် တပ်ခွဲမှူး ၊ တပ်ရေး ၊ တပ်ထောက် …..
ဆေး ၊ လစာကြပ် ၊ ရုံးစာရေးများ ၊ စီကျူ စတဲ့ တာဝန်များကို ….
လာရောက် ထမ်းဆောင်ပါတယ်…..

BGF တပ် အနေနဲ့ …
နယ်မြေတွင်း တပ်လှုပ်ရှားမှုတွေ ပြုလုပ်မယ်ဆိုရင်တော့ …..
ကာကွယ်ရေး ၀န်ကြီးဌာန ...
ပြည်သူ့ စစ်နဲ့ နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံး ကို ……
သတင်းပို့ ခွင့်ပြုချက်တောင်းခံပြီးမှ လုပ်ဆောင်ရပါမယ်….

လက်ရှိအနေနဲ့ တော့ …
BGF မူဝါဒကို လက်ခံတဲ့ တိုင်းရင်းသား တပ်ဖွဲ့ များဟာ…..
မပခ မှာ ၃ ရင်း ၊ ရပခ မှာ ၂ ရင်း …
ရမခ မှာ ၁ရင်း ၊ တပခ မှာ ၄ ရင်း နဲ့ …..
ရတခ မှာ ၁၃ ရင်း ….
စုစုပေါင်း BGF တပ်ရင်း ၂၃ ရင်းထိ ....
ဖွဲ့ စည်းထားပြီး ဖြစ်ပါတယ်….

တစ်ခါ …..BGF အတွက် အသင့်မဖြစ်သေးရင်လဲ….
ဌာနေ ပြည်သူ့ စစ်အဖြစ် ဖွဲ့ စည်းခွင့်ပြုပါတယ်…
အဖွဲ့ ခေါင်းဆောင် ၊ ဒုအဖွဲ့ ခေါင်းဆောင်၊ အဖွဲ့ သားဆိုပြီး ...
ရာထူး၃မျိုး သတ်မှတ်ပေးပါတယ်…..

တပ်လှုပ်ရှားမှု အားလုံးကို …
တိုင်းစစ်ဋ္ဌာနချုပ်နဲ့ ညှိနိုင်းဆောင်ရွက်ရပါတယ်….
ကျန်တာတော့ ကိုယ့်ဖာသာ …
လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့်ပြုပါတယ်…..
လက်နက်ကိုင်ဆောင်ခွင့်ပြုထားပေမယ့် ….
ဥပဒေနဲ့ ချိုးဖောက်ရင်တော့ အရေးယူခံရပါမယ်….
ဆိုတဲ့ သဘောတူညီချက်မျိုး ဖြစ်ပါတယ်……

တပ်ဖွဲ့ ကြီး တစ်ခုလုံးအနေနဲ့ တော့…
၁၉၉၀ ခုနှစ် ငြိမ်းချမ်းရေး စယူကတည်းက …..
အစိုးရက ဘယ်လောက် ပံ့ ပိုးပေးခဲ့တယ်….
ဘယ်လောက် အလျော့ပေး လိုက်လျောခဲ့တယ်…
ပြည်သူလူထု ကလည်း ….
မြို့ တွေပေါ်မှာ သွားလာနေတဲ့  …
လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ တွေကို …..
ဘယ်လောက် သည်းညည်း ခံပေးခဲ့တယ် …..
ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင်တွေကိုယ်တိုင် …..
ဘယ်လောက် ကြွယ်ဝ ချမ်းသာနေခဲ့ပြီ ဆိုတာလဲ ……
အားလုံး အသိပဲ နေမှာ ဖြစ်ပါတယ်…..

ပြည်ထောင်စု တပ်မတော်ဆိုတာ လက်ခံပါတယ် ….
ဒါပေမယ့် ဘယ်လို ပြည်ထောင်စု တပ်မတော်ပါလဲ …..
ကိုယ့် စိတ်ကြိုက်ဆွဲတဲ့  ပြည်ထောင်စု တပ်မတော်လား ခင်ဗျာ…

ဖယ်ဒရယ်တပ်မတော်ဖွဲ့စည်းရေးအတွက် ….
တိုင်းရင်းသား အဖွဲ့အစည်းများမှ …
အလှည့်ကျ စစ်သေနာပတိချုပ်ခန့်အပ်ရန် …
စစ်ဦးစီးချုပ်များအား ရွေးချယ် ထားပြီးပြီတဲ့ လား ခင်ဗျာ …..

ခင်ဗျားတို့ ဖွဲ့စည်းလိုသည့် စစ်တိုင်းကြီးများအမည်နှင့် ….
စစ်တိုင်းကြီးများတွင် ပါဝင်မည့် ....
တိုင်းရင်းသားတပ်များ၏ အင်အား ….
တပ်ဖွဲ့များကိုလည်း ရေးဆွဲထားပြီးပြီတဲ့လား ခင်ဗျာ….

အရင် ကိုလိုနီ သွေးခွဲစနစ်အရ …
အင်္ဂလိပ်က ……
တိုင်းရင်းသားတွေ ချည်းကိုပဲ ….
တောင်တန်းတပ်တွေ လို့ နာမည်တပ်ကာ …
သီးခြား သွေးခွဲ ဖွဲ့ စည်းပေးခဲ့ တာကို များ….
ပြန်ပြောင်း တမ်းတ နေပါသလားခင်ဗျာ….

ဒါဆိုရင်တော့…..
ဒီတပ်တွေ အားကိုးနဲ့ ပဲ ….
လွတ်လပ်ရေး စ ရ ကတည်းက …
ကိုယ့်ပြည်နယ် ကိုယ့်လူမျိုးတွေကိုပဲ …
မီးဟုန်းဟုန်း တောက်စေခဲ့တဲ့ ….
ပြည်တွင်းစစ် ကြီးကိုလဲ အမှတ်ရော ရမိပါသလားခင်ဗျာ…..

အလှည့်ကျ ကာကွယ်ရေး ဦးစီးချုပ် ဆိုတဲ့ ကိစ္စမှာ….
တပ်မတော် မှာ ….
ဘယ် တိုင်းရင်းသား ဖြစ်မှ …..
ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခွင့်ရှိတယ်ဆိုတဲ့ …..
သတ်မှတ်ချက် လုံးဝ မရှိပါဘူး….
ကြိုးစားရင် ခင်ဗျားတို့ လဲ …..
တပ်မတော်မှာ ၀င်ရောက် တာဝန်ထမ်းဆောင်ပြီး ……..
ကာကွယ်ရေး ဦးစီးချုပ် ဖြစ်နိုင်ပါတယ်…..

တစ်ခုတော့ ရှိပါတယ် ….
လက်ရှိ တပ်မတော်အရာရှိတွေ ဖြတ်သန်းခဲ့တဲ့ ……
ဖြတ်သန်းမှု အဆင့်တွေအားလုံးတော့ …
ခင်ဗျားလဲ ဖြတ်သန်း ရပါလိမ့်မယ်…..

လက်ရှိ ကာချုပ်ဟာ မွန် ဗမာ ဖြစ်ပါတယ်……
ဒုတိယဗိုလ် အဆင့်ကနေ ….
တိုက်ပွဲပေါင်း များစွာ….
ရာထူးပေါင်း များစွာ…..
စီမံခန့် ခွဲမှု အတွေ့ အကြုံပေါင်းများစွာ ….
မတက်မနေရသင်တန်း ၅ မျိုး ဖြစ်တဲ့ ….
တပ်စုမှူးသင်တန်း….
တပ်ခွဲမှူးသင်တန်း …..
တပ်ရင်းမှူးသင်တန်း ….
စစ်ဦးစီး တက္ကသိုလ် …..
နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် …..
စတဲ့ သင်တန်းကြီး ၅ ခု နဲ့ ….
အခြား ပြည်တွင်း ပြည်ပ သင်တန်းပေါင်းများစွာကို
အဆင့်ဆင့် တက်ရောက်ကြိုးစားပြီးမှ ….
ဒီနေရာကို ရောက်လာတာပါ…..

တစ်ခုတော့ ရှိပါတယ် ….
အင်အား ငါးသိန်းနီးပါး ရှိတဲ့ ခေတ်မီတပ်မတော် တစ်ခုရဲ့ ….
ကာကွယ်ရေးဦးစီးချုပ် ဖြစ်ဖို့ ဆိုတာသည်….
သာမန် ကြိုးစားမှုနဲ့ တော့ မရနိုင်မှန်း…..
သုံးတန်း ကလေး တောင် စဉ်းစား တတ်ပါတယ်…..

စိတ်မဆိုးဘူး ဆိုရင်တော့ …
တစ်ခုလောက် ပြောချင်ပါတယ်…..
ဒီရာထူးက မဲနိုက်သလို အလှညှ့် နဲ့ ပေးရအောင်…..
ရွာ ဘုရားပွဲက ဂေါပက လူကြီး ရာထူး မဟုတ်ပါဘူး ….

ခင်ဗျားတို့ အနေနဲ့ …
မဖြစ်မနေ အုပ်ချုပ်ရမှကို ဖြစ်မယ်ဆိုရင်တော့….
တစ်ခုလောက် အကြံပြုပါရစေခင်ဗျာ….

အခု အစည်းအဝေးလုပ်နေတဲ့  ….
ယိုးဒယား နိုင်ငံ မှာ…..
ပက်ပုန်း ရပ်ကွက် ဆိုတာရှိပါတယ်….
အဲဒီမှာ အလှညှ့် ကျ စစ်သေနာပတိ လုပ်ဖို့ ….
ညှိကြည့်ပါလား ခင်ဗျာ….

UNFC ရဲ့ မူဝါဒ ကို ....
ပြတ်ပြတ်သားသား ဆန့် ကျင်ပြီး ….
အာ့ မူအတိုင်းလုပ်မယ်ဆို …..
UNFC က ထွက်မယ်လို့ ခပ်ရှင်းရှင်းထုတ်ပြောခဲ့တဲ့ …
ကေအန်ယူ အဖွဲ့ ကြီး နဲ့  ….
အဘ စောမူတူးဆေးဖိုး တို့ ကိုတော့ ….
လေးစား …. လေးစား …. ။ ။

From: ( ရဲမိုး )

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...