Tuesday, 21 October 2014

AFC ဗိုလ်လုပွဲမရပေမယ့် တတိယကိုပူးတွဲရခဲ့ UPDATED


AFC U 19 ဆီမီးဖိုင်နယ်ပွဲစဉ်ကို အိမ်ရှင်မြန်မာအသင်းနဲ့ ကာတာအသင်းတို့ အောက်တိုဘာ ၂ဝရက်နေ့ည ယှဉ်ပြိုင်ကစားရာမှာ ၃ဂိုး ၂ဂိုးနဲ့ မြန်မာအသင်းရှုံးနိမ့်ခဲ့လို့ ဗိုလ်လုပွဲနဲ့ လွဲချော်သွားခဲ့ပါပြီ။ အိမ်ရှင် မြန်မာအသင်းအနေနဲ့ တတိယနေရာကို ဥဇဘက်ကစ္စတန်အသင်း ပူးတွဲရရှိခဲ့ပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏကစားကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာနဲ့ကာတာ ကစားပွဲချိန် မိနစ် ၉ဝ အတွင်းမှာ နှစ်ဂိုးစီ သရေကျနေခဲ့ပေမယ့် အချိန်ပို မိနစ် ၃ဝမှာတော့ မြန်မာဘက်က တစ်ဂိုးပေးလိုက်ရပြီး ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ပထမပိုင်း ကစားချိန်ပြီးလို့ နာကျင်အချိန်ပိုမှာ ကာတာအသင်းက ထောင့်ကန်ဘောကနေ ဦးဆောင်ရသွားခဲ့ပြီး ဒုတိယပိုင်း ၆၂မိနစ်မှာတော့ မြန်မာတိုက်စစ်မှူး အောင်သူက အဝေးကန်ချက်နဲ့ ချေပဂိုးသွင်းယူခဲ့ပါတယ်။ နောက်ထပ် ၂မိနစ်အကြာမှာ ငြိမ်းချမ်းအောင်က မြန်မာအသင်းအတွက် အနိုင်ဂိုးကို သွင်းယူခဲ့ချိန်မှာတော့ မြန်မာပရိသတ်တွေအတွက် စိတ်ဓာတ်တက်ကြွစရာ ကစားပွဲကြီးဖြစ်သွားခဲ့ပါတယ်။


ကစားချိန် ၇၅မိနစ်မှာတော့ ကာတာအသင်းဘက်က အလွတ်တည်ကန်ဘောကနေ ချေပဂိုးယူသွားပြီး ပွဲပြီးချိန်အထိ ၂ဂိုးစီ သရေကျခဲ့လို့ အချိန်ပို မိနစ် ၃ဝစီ ကစားခဲ့ရာမှာ ပွဲစစချင်း ကာတာဘက်က ၃ဂိုးမြောက်ကို သွင်းယူခဲ့ပါတယ်။ မြန်မာအသင်းက ချေပဂိုး မသွင်းနိုင်ခဲ့တာမို့ ဗိုလ်လုပွဲနဲ့ လွဲသွားခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ဥဇဘက်ကစ္စတန်တို့ ကစားပွဲမှာတော့ မြောက်ကိုရီးယားက ၅ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး AFC U 19 ဗိုလ်လုပွဲကို တက်သွားခဲ့ပါပြီ။

မြန်မာအသင်းဟာ ဗိုလ်လုပွဲနဲ့ လွဲခဲ့ပေမယ့် ကွာတားဖိုင်နယ်မှာ UAE အသင်းကို တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တာမို့ ၂ဝ၁၅ ကျရင် နယူးဇီလန်မှာ ကျင်းပမယ့် FIFA U 20 World Cup ကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရထားခဲ့ပါတယ်။


From:OE

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...