Wednesday, 8 October 2014

တောင်နံရံပေါ်က အခေါင်းများ

လူမျိုးတိုင်းမှာ ယုံကြည်မှု ဆိုတာရှိကြ စမြဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ရှိတဲ့ IGOROT လူမျိုးတွေဟာ ရှေးရိုး အစဉ်အလာ အတိုင်း သေဆုံးသူ တွေကို အခေါင်းမှာ ထည့်ပြီး မြင့်မားတဲ့ တောင်နံရံတွေ ပေါ်မှာ ချိတ်ဆွဲထားလေ့ ရှိပါတယ်။ ဒီအလေ့အထ ဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း (၂၀၀၀) ကျော် လောက် ကတည်းက ရှိခဲ့တာ ဖြစ်ပါတယ်။ တောင်နံရံတွေ ပေါ်မှာ အခေါင်းတွေ အများအပြား ချိတ်ဆွဲ ထားတဲ့ မြင်ကွင်းဟာ ထူးခြားလို့ နေပါတယ်။ ဘာကြောင့် ဒီလို ပြုလုပ်ရသလဲ ဆိုတာလည်း စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ လူမျိုး အများစုဟာ သေဆုံးပြီးတဲ့ အခါတိုင်း ရုပ်အလောင်းတွေကို မြေကြီး ထဲမှာပဲ မြှပ်နှံလေ့ရှိ ပါတယ်။ ဒါပေမဲ့ ဖိလစ်ပိုင် နိုင်ငံက IGOROT လူမျိုးတွေ ကတော့ ရုပ်အလောင်းတွေကို တောင်နံရံတွေပေါ်မှာ ချိတ်ဆွဲထားလို့ ရှိရင် နိဗ္ဗာန်ကို လျင်မြန်စွာ ရောက်ရှိစေမယ် ဆိုတဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်အလောင်းတွေကို ခေါင်းထဲမှာ ထည့်ပြီး တောင်နံရံတွေ ပေါ် မှာ ချိတ်ဆွဲထားရင် ရေကြီးမှု၊ သတ္တ၀ါတွေရဲ့ ဖျက်ဆီးမှုစတဲ့ အန္တရာယ်တွေ ကနေ ကာကွယ်ပေးနိုင်တယ် ဆိုတဲ့ အချက်ကြောင့် ဖြစ်ပါတယ်။ တောင်နံရံ တွေပေါ်မှာ အခေါင်းတွေကို ချိတ်ဆွဲနိုင်ဖို့ သီးသန့် အခေါင်းတွေ ပြုလုပ်ရ ပါတယ်။ အခေါင်းရဲ့အရွယ်အစားက (၁) မီတာ လောက်ပဲရှိ ပါတယ်။ သေဆုံး သွားတဲ့ ရုပ်အလောင်းကို အခေါင်းထဲ မှာထည့် နိုင်ဖို့ အရိုးတွေကို ချိုးရလေ့ရှိပါတယ်။တောင် နံရံမှာ ချိတ်ဆွဲထားတဲ့ အချို့ အခေါင်းတွေဟာ နှစ်ပေါင်း (၁၀၀) ကျော်နီးပါး သက်တမ်းရှိနေပြီလို့ ဆိုထားပါတယ်။

From: Messenger

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...