Thursday, 30 October 2014

အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြင့် စွဲဆိုခံထားရသော မလေးရှား သံတမန် နယူးဇီလန်တွင် အာမခံရ

မလေးရှား စစ်သံတမန် မိုဟာမက် ရစ်ဇယ်မန် အစ္စမေးလ် (ဓာတ်ပုံ- အေအက်ဖ်ပီ)
အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့မှုတစ်ခုအတွက် စွပ်စွဲခံထားရသူ မလေးရှားစစ်ဘက်ဆိုင်ဆိုင်ရာ သံတမန်သည် နယူးဇီလန်သို့ လွှဲပြောင်းပေးခံရပြီးနောက် အောက်တိုဘာ ၂၇ ရက်က အာမခံရရှိသွားပြီဖြစ်ကြောင်း သိရသည်။

မိုဟာမက် ရစ်ဇယ်မန် အစ္စမေးလ်သည် သံတမန်အခွင့်အရေးဖြင့် နယူးဇီလန်မှ မလေးရှားသို့ ပြန်သွားခြင်းဖြစ်ပြီး ထွက်ပြေးလာခြင်း မဟုတ်ကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက ခုခံပြောကြားသည်။

ယခုအခါ မိုဟာမက်ရစ်ဇယ်မန် အစ္စမေးလ် သည် တင်းကြပ်သည့် စောင့်ကြပ်မှုများအောက်တွင် နေထိုင်ရမည်ဖြစ်ပြီး လက်ရှိတွင် ၎င်း၏ နိုင်ငံကူးလက်မှတ်လည်း ရုပ်သိမ်းခံရမည်ဖြစ်ကာ အခြားသော မလေးရှား စစ်သံမှူးနှစ်ဦး၏ စောင့်ကြည့်မှုအောက်တွင် ရှိနေရမည်ဖြစ် သည်။

အသက် ၃၈ နှစ်အရွယ်ရှိ အစ္စမေးလ်သည် နယူးဇီလန်နိုင်ငံ ၀ယ်လင်တန် တရားရုံးတွင် အာမခံရရှိရေးအတွက် လာရောက်ကြားနာခဲ့ရာတွင်
အနက်ရောင်ရှပ်အကျီနှင့် ဘောင်းဘီတို့ကို ၀တ်ဆင်ထားခဲ့ပြီး တရားရုံးဝက်ခြံထဲတွင် ငြိမ်သက်စွာရှိနေခဲ့သည်။

အစ္စမေးလ်သည် ပြီးခဲ့သည့် မေလက နယူးဇီလန်နိုင်ငံရှိ မလေးရှားသံတမန် ကော်မရှင်ရုံးတည်ရှိရာ ၀ယ်လင်တန် အရပ်၌ နေထိုင်သော အသက် ၂၁ နှစ်အရွယ်ရှိ တာနီယာ ဘလင်စလေးဆိုသူ အမျိုးသမီး၏နေအိမ်တွင်းသို့ တိတ်တဆိတ်ဝင်ရောက်၍ အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခံထားရပြီး သူတစ်ပါးအိမ်တွင်းသို့ ချိုးဖောက်ဝင်ရောက်မှု၊ အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့မှုများဖြင့် တရားစွဲဆိုခံခဲ့ရသည်။

မလေးရှားအာဏာပိုင်များက ယခုကိစ္စတွင် သံတမန် အခွင့်ထူးများဖြင့် ခွင့်လွှတ်ပေးမည်မဟုတ်ဟု နယူးဇီလန် တာဝန်ရှိသူများအား ပြောကြားခဲ့ပြီးနောက်ပိုင်း အစ္စမေးလ်သည် နယူးဇီလန်နိုင်ငံမှ ထွက်ခွာလာခဲ့သည်။

အစ္စမေးလ်အနေဖြင့် မလေးရှားသို့ ပြန်လာရန် မလေးရှား တာဝန်ရှိသူများက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အစ္စမေးလ်၏ ရှေ့နေ ဒိုနေး စတီဗင်က ပြောသည်။

“ သူ ထွက်ပြေးဖို့အတွက် နယူးဇီလန်က ထွက်လာတာမျိုးမဟုတ်ပါဘူး။ ဒီလိုလုပ်ဖို့ မလေးရှားအစိုးရက ညွှန်ကြားခဲ့တာပါ၊ နောက်ပြီး သူက စစ်တပ်က အရာရှိတစ်ယောက်ဆိုတော့ အမိန့်နာခံဖို့လိုတယ်လေ” ဟု စတီဗင်က ပြောသည်။


From: Mizzima

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...