Friday, 10 October 2014

ပျောက်ဆုံး မြန်မာရဟတ်ယာဉ်မှူး အလောင်းတွေ့



ဓာတ်ပုံ − ထူးဖောင်ဒေးရှင်း

B4 ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသည့် ပျောက်ဆုံးမြန်မာလေယာဉ်မှူးကို အောက်တိုဘာ ၉ ရက် ညနေအချိန်တွင် ၎င်းကျန်ရှိခဲ့သော ဂူအနီး၌ သေဆုံးလျက်တွေ့ရှိကြောင်း ထူးဖောင်ဒေးရှင်းပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကိုက အတည်ပြုပြောကြားသည်။

B4 ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသည့် ဦးရွှေရင်တော်ကြီးကို အောက်တိုဘာ ၇ ရက်က တွေ့ရှိထားပြီး ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal ကို အောက်တိုဘာ ၈ ရက်တွင် ပြန်လည်တွေ့ရှိကာ မျက်စိဒဏ်ရာကြောင့် ကျန်ရစ်ခဲ့သည့် မြန်မာလေယာဉ်မှူးမှာ ဂူတစ်ဂူထဲတွင် ကျန်ခဲ့သည်ဟု ထူးဖောင်ဒေးရှင်းက အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

မြန်မာလေယာဉ်မှူး ကျန်ခဲ့သော ဂူရှိရာသို့ ရှာဖွေမှုများပြုလုပ်ရာ ယနေ့ညနေတွင် သေဆုံးလျက်တွေ့ရှိခြင်းဖြစ်ကြောင်း ကိုဖြိုးကိုကိုက ပြောသည်။

ခါကာဘိုရာဇီရေခဲတောင်တွင် ပျောက်ဆုံးနေသော တောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရေးပြုလုပ်နေသည့် ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ်သည် တဟွန်ဒမ်းရွာသို့ ရိက္ခာပို့ရန် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် ပူတာအိုမှ ထွက်ခွာခဲ့ပြီး မိနစ် ၂၀ အကြာ၌ အဆက်အသွယ်ပြတ်တောက်သွားခြင်း ဖြစ်သည်။

From: 7Day

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...