Friday, 10 October 2014

ဗြိတိန်နိုင်ငံသားနှစ်ဦးအသက်ခံရမှုနဲ့ စွပ်စွဲဖမ်းစီခြင်းခံထားရသော မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေးအတွက် နောက်ထပ် ကူညီပေးမယ့်အဖွဲ့စည်း များလာတော့မည်

 ဒီနေ့ အဖွဲ့အစည်းရဲ့ ဥက္ကဌလဲ ဖြစ်၊ ကျနော့်ရဲ့အလေးစားရဆုံးပုဂ္ဂိုလ်၊ ကျနော်တို့ မြန်မာရွေ့ပြောင်းအလုပ် သမားအရေး၊ ဒုက္ခသည်အရေးနဲ့   မြန်မာပြည်ဒီမိုကရေစီအရေးလှုပ်ရှားမှု့တွေမှာ၊   တက်တက်ကြွကြွ ပါဝင်ကူညီဆောင်ရွက်ပေးနေတဲ့ Mr. Kraisak Choonhavan ရဲ့ ( ၆၇) နှစ်မြောက်မွေးနဲ့ ဧည့်ခံပွဲကို တက်ရောက်ခဲ့ပါတယ်။

ဒီနှစ်တော့ခါတိုင်းနှစ်တွေလိုလူအများကြီးမဖိတ်ဘဲ မိသားစုဝင်တွေနဲ့ နိုင်ငံရေးလုပ်ဖော်ကိုဖက် လူ ( ၃၀) လောက်ဘဲ တက်ရောက်တာတွေ့ပါတယ်။ အဓိကအားဖြင့် တော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြိး လူအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ တက်ရောက်ခဲ့ပါတယ်။

လူ့အခွင့်ရေးသမားကြီးရဲ့မွေးနေ့ပွဲမှာ အဓီက သူ့ရဲ့သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးဖြစ်ခဲ့ တာကတော့  မြန်မာရွေ့ပြောင်း အလုပ်သမား( ၂) ဦး သတ်တယ်၊   ဆိုပြီး စွတ်ဆွဲခံနေရတဲ့ ကော့တောင် ကျွန်းပေါ်ကလူသတ်မှု့ကိစ္စဘဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ နာမည်အကြိးဆုံးလူ့အခွင့်အရေးရှေ့နေကြိး၊ ထိုင်းနိုင်ငံရဲ့ လူ့အခွင့်အရေး ဖော်ဒေရှင်း၊Cross Cultural Foundation ရဲ့ ဥက္ကဌ Mr. Somchai Homlaor နဲ့ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်မင်းကြိး Dr. Niran Pitakwatchars, MD တို့ကိုကျနော်တို့ အနေနဲ့သိထားတဲ့အခြေနေတွေကို တင်ပြခဲ့ပြီး သူတို့အမြင်တွေကိုလဲ မေးမြန်းခဲ့ပါတယ်။

သူတို့အနေနဲ့ ပြောတာကတော့ သတင်းအချက်အလက်တွေစနစ်တကျ၊စုဆောင်ကြဖို့နဲ့ ထိုင်းနိုင်ငံ ရဲ့ နာမည်ကြီး forensic pathologist, Khunying Pornthip Rojansunand ကိုအကူညီတောင်းမယ်လို့ ဆွေးနွေးကြပါတယ်။ ကျနော်တို့ ဥက္ကဌအပါအဝင်၊ လူ့အခွင့်အရေး ကော်မရှင်မင်းကြီး နဲ့ ထိုင်းလူ့အခွင့်အရေးရှေ့နေတို့၊ ( ၁၃၊၁၀၊၂၀၁၄) ရက်နေ့ မှာ အထိမ်းသိမ်းခံ။

ရွေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံးမေးမြန်းနိုင်ရန်အတွက် ၊ ကော့စမွေ သို့ သွားရောက်မည်ဖြစ်ပါကြောင်း၊ ကော့စမွေ တရားရုံးမှလဲ ထိုင်းရဲတပ်ဖွဲ့မှ အမှု့ဖွင့်ထား သည့် အဆိုပါလူသတ်မှု့မှာ အချက်အလက်မပြည့်စုံသဖြင့် လက်မခံသေးဘဲ။ ပယ်ချလိုက်သည်ဟုသိရပါတယ်။

From: Htoo Chit

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...