Friday, 24 October 2014

ပုဒ်မ ၄၃၆ ကို ပြင်ဖို့  တပ်မတော်က ဘာကြောင့် စိုးရိမ်နေရသလဲ …???


အတင်းအဓမ္မ ပြင်ဆင်ခိုင်းနေတဲ့  သူတွေဟာ …
ဒီပုဒ်မ ၄၃၆ ရဲ့  အဓိပ္ပာယ်နဲ့  …
ဒီပုဒ်မ ဖြစ်ပေါ်လာရတဲ့  နောက်ခံသမိုင်းကြောင်းတွေကို …
သေချာ သိရှိနားလည်မှ …
ဒီပုဒ်မကို အမှန်တကယ်ပြင်ဆင်နိုင်ဖို့ အတွက် …
လက်တွေ့ ကျတဲ့  နည်းလမ်းကို …
ရွေးချယ်ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်…
ပုဒ်မ ၄၃၆ ကို ….
ပုဒ်မ ၄၃၆ ဟာ ရှင်းရှင်းပြောရရင်တော့ …
လက်ရှိ အခြေခံဥပဒေကို …
တပ်မတော် ရဲ့ သဘောဆန္ဒ မပါဘဲ …
ပြင်ဆင်လို့ မရအောင် လုပ်ထားတဲ့ ပုဒ်မပါပဲ …
ဒီနေရာမှာ …
သာမန်ပြည်သူတစ်ယောက် အနေနဲ့  ….
နားမလည်နိုင်စရာ စဉ်းစားရ ခက်ခဲတဲ့  …
မေးခွန်းတစ်ချို့ ပေါ်လာပါတယ် …
တပ်မတော်က …
ဒီ ဥပဒေပြုရေး အာဏာ…. အုပ်ချုပ်ရေး အာဏာ ထဲမှာ …
ဖွဲ့ စည်းပုံ အခြေခံဥပဒေထဲမှာ …
ဘာဖြစ်လို့  ကိုးလိုးကန့် လန့်  ၀င်ပါနေရတာလဲ ….???
သူ့ ရည်ရွယ်ချက် က ဘာလဲ ….???
ဘာဖြစ်လို့  ပုဒ်မ ၄၃၆ ကို မပြင်ချင်ရတာလဲ …???
ဘာဖြစ်လို့  တပ်မတော်က ဥပဒေပြုရေး အာဏာထဲမှာ …
အမြင်မတော် ၀င်ထိုင် နေချင်ရတာလဲ …???
ဘာဖြစ်လို့  ဒီလို ဒီမိုကရေစီ မကျတဲ့  ကိစ္စဖြစ်တဲ့  ….
နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို ….
ဆက်ပြီး ရှိနေစေချင်သေးတာပါလဲ … ???
ဆိုတဲ့  မေးခွန်းတွေပါ ….
ကောင်းပါပြီ …
လက်ရှိ တပ်မတော်ရဲ့ သဘောဆန္ဒဟာ …
ရှင်းပါတယ် …
လက်ရှိအနေအထား မြန်မာ့နိုင်ငံရေး မှာ …
တပ်မတော်ရဲ့ ဆုံးဖြတ်ပိုင်ခွင့် နေရာတစ်နေရာ ….
ရှိနေစေချင်သေးတာပါ …
ဒီ လိုလားချက်ပေါ် အခြေခံပြီး …
ကာလုံတို့  တစ်မတ်သားတို့ …
ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်..
၁၉၄၈ က ၁၉၈၈ ခုနှစ်အထိ …
တပ်မတော် ဖြတ်သန်းရတဲ့  သမိုင်းကြောင်းဟာ …
ယမ်းနံ့ ညှော်နံ့  နဲ့ သေနတ်သံတွေ …
နိုင်ငံရေး စနစ်တွေ … မူဝါဒအသစ်တွေ ….
နိုင်ငံရေးမှာ တပ်ကို အကြိမ်ကြိမ်ထိုးကျွေးခဲ့တာတွေ …
မအောင်မြင်တဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ နဲ့ …
ပြည့်နှက်လို့ နေနေ တာပါပဲ ….
၁၉၄၈ ခုနှစ်ကတည်းက ….
တဂျိမ်းဂျိမ်း စစ်တိုက်နေရတဲ့  တပ်မတော်ဟာ…
နိုင်ငံရေးသမားတွေက ဆွေးနွေးလိုက် …
ငြိမ်းချမ်းရေးအရ ….
တပ်တွေ နောက်ပြန်ဆုတ်ပေးလိုက် …
တစ်ခါ ငြိမ်းချမ်းရေး ပြန်ပျက်လို့  ပြန်တိုက်လိုက်နဲ့ ပဲ ….
တောင်ကုန်းတစ်ခုကို သူတို့ သက်စေ့ မက …
အကြိမ်ကြိမ်ပြန်သိမ်းနေရတဲ့  ကိစ္စမှာ …
ကျဆုံးသွားတဲ့  စစ်သည်တွေရဲ့ အလောင်းဟာလဲ …
အဲဒီတောင်တွေလောက် မြင့်လို့ နေခဲ့ပါပြီ …
တစ်ခါ ၁၉၈၈ ခုနှစ်မှာ…
စစ်ရေးနည်းနဲ့  သူတို့ ကို ဘယ်လိုမှ အနိုင်မယူနိုင်တဲ့  …
သူတို့  ရန်သူတွေဟာ…
နိုင်ငံရေးနည်း နဲ့  လူထုတိုက်ပွဲနည်းနဲ့ …
နိုင်ငံရေးပါတီတွေကို စိမ့်ဝင်ပြီး …
ပူးသတ်ဖို့ ကြိုးစားကြတာကိုလဲ …
သူတို့ ကောင်းကောင်းကြီး တွေ့ မြင်ခဲ့ပြီးပါပြီ ….
သမိုင်း စဉ်ဆက်တစ်လျောက် …
တပ်မတော် အစိုးရိမ်ဆုံး အပူပန်ဆုံးကိစ္စဟာ …
အဲဒီကိစ္စပဲ ဖြစ်ပါတယ် …
=============================
အဲဒီ စိုးရိမ်ပူပန်မှုပေါ် အခြေခံပြီး …
ပြည်တွင်းစစ် မပြီးဆုံးသေးတဲ့  ….
လိပ်ခဲတည်းလည်း ကာလမှာ…
တပ်မတော် ရဲ့ အနာဂတ် …
တပ်မတော်သားတွေ ရဲ့ အသက်တွေ ….
အများကြီး ဆုံးရှုံးသွားနိုင်တဲ့  ….
နိုင်ငံရေးဆုံးဖြတ်ချက်တွေကို ချမှတ်တဲ့ အချိန်မှာ…..
တပ်မတော် ကလဲ နေရာတစ်နေရာ …
ဆန္ဒပြု ပိုင်ခွင့် ရှိသင့်တယ် ဆိုတဲ့  ….
အိုင်ဒီယိုလော်ဂျီဟာ…
ခိုင်ခိုင်မာမာ ပေါ်ထွက်လာခဲ့ပါတယ် ….
==========================
တပ်မတော်ဟာ …
၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရစ ကတည်းက …
ယနေ့ အချိန်ကာလ အထိ …
သူ သင်ကြားခဲ့ရတဲ့  …
သင်ခန်းစာ အတွေ့ အကြုံ နှစ်ခု ရှိပါတယ် …
ပထမ တစ်ခု ကတော့ …
တိုင်းရင်းသား လူမျိုး ၁၃၅ မျိုး ရှိတဲ့  ….
ဒီ တိုင်းပြည်မှာ …
ဗမာ လူမျိုးဟာ ရာခိုင်နူန်း ၇၀ လောက် ရှိပါတယ် …
ပါလီမန် ဒီမိုကရေစီ စနစ်အရ …
မဲများတဲ့သူ နိုင်စတမ်း မို့  …
မဲ မျက်နှာ ကြည့်ရတဲ့  နိုင်ငံရေးပါတီတွေက …
မဲမျက်နှာပဲ ကြည့်ကြတဲ့  အချိန်အခါမှာ…
ထွက်ပေါ်လာတဲ့  ဥပဒေတွေ ဆုံးဖြတ်ချက်တွေဟာ …
တိုင်းရင်းသားတွေ အတွက် …
ဘ၀င်မကျ မနှစ်မျို့ စရာတွေ အတော်များခဲ့ ရပြီး…
ကာလ ကြာရှည်လာတဲ့ အချိန်မှာ ….
အကြိတ်အခဲ နာကျည်းချက်တွေ ဖြစ် …
အနှစ် ၆၀ ပြည်တွင်းစစ်ကြီးကို …
အဓွန့် ရှည်စေခဲ့ရပါတယ် ….
ဒီလို ထပ်မဖြစ်စေဖို့ ဆိုရင် …
နိုင်ငံရေးပါတီတွေကို …
တိုင်းပြည်အတွက် အန္တာရယ် ရှိလောက်တဲ့  ကိစ္စတွေကို …
ဆောင်ရွက်တဲ့  အခါမှာ …
လုပ်ချင်တိုင်း လုပ်လို့ မရအောင် …
ဝင်ရောက် ဟန်ချက်ထိန်းညှိပေးမယ့် …
မဲ မျက်နှာကိုကြည့်စရာမလိုတဲ့  ...
လူမျိုး ဘာသာ ပေါင်းစုံ ပါဝင်တဲ့  …
ပြည်တွင်းကုလသမဂ္ဂ လို အဖွဲ့ အစည်းမျိုး တစ်ခု …
လို ကို လိုအပ်လာပါတယ် ….
အဲဒီ အဖွဲ့ အစည်းကတော့ တပ်မတော် ဖြစ်ပြီး …
နိုင်ငံရေး မတည်ငြိမ်သေးခင် ..
ထာဝရ ငြိမ်းချမ်းရေး မရသေးခင် …
ပြည်ထောင်စု နဲ့  ပြည်နယ်တွေကြား …
အာဏာ နဲ့  အရင်းအမြစ် ခွဲဝေပြဋ္ဌာန်းမှုတွေ …
အတည် မပြုရသေးခင် အချိန်အထိ …
လွှတ်တော်ထဲမှာ ….
တပ်မတော်က ၂၅ ရာခိုင်နူန်း ၀င်နေရာယူပြီး ….
ပါတီတွေကို ဟန်ချက် ထိန်းညှိ ထားပေးရမယ်လို့  …
တပ်မတော် က အခိုင်အမာ ယူဆထားပုံ ရပါတယ် …
ဒီ အယူအဆ ကို …
၂၀၀၁ ခုနှစ် စက်တင်ဘာလအတွင်း …
ဂျပန်နိုင်ငံ မှာ ထုတ်လွှင့်ခဲ့တဲ့ …
Channel J ရုပ်မြင်သံကြားအစီအစဉ်မှာ …
ပါမောက္ခ တကာရှီ ရှိရအိရှိ ( တိုကျို တက္ကသိုလ် )
ဒေါက်တာ ဖိစစ် ပတ်ကာဆန် ( East Asia Vision Group )
သတင်းထောက် နဂဟာရု ဟာယာဘုစ တို နဲ့  …
ကာကွယ်ရေး ၀န်ကြီးဌာန ၊ စစ်မဟာဗျူဟာ လေ့လာရေး ဌာန က …
အစိုးရ ပြောရေးဆိုခွင့် ရှိသူ …
ဗိုလ်မှူးကြီး လှမင်း နဲ့ အင်တာဗျူး အစီအစဉ်မှာ …
ဗိုလ်မှူးကြီး လှမင်း က …
တရားဝင် ထုတ်ပြောသွားတာကို …
တွေ့ မြင်ရမှာ ဖြစ်ပါတယ် …
နောက်ထပ် တပ်မတော် ရဲ့  စိုးရွံ့ မှု တစ်ခုက …
ဘာများ ဖြစ်နိုင်ပါသလဲ ….
ပြည်တွင်းစစ် မပြီးသေးတဲ့  ကိစ္စကြီးပါပဲ …
လက်ရှိအခြေအနေဟာ …
လက်နက်ကိုင် အဖွဲ့ အစည်း အများစုနဲ့  …
ယာယီ အပစ်အခတ်ရပ်စဲထားတဲ့ အဆင့်ပါ ….
ကချင်ပြည်နယ်မှာတော့ စစ်က ဆက်ဖြစ်နေတုန်းပါပဲ …
စစ်တပ်ဆိုတာကတော့ …
စစ်တပ်ပဲ ဖြစ်ပါတယ် …
စစ်တပ်မှာ မဖြစ်နိုင်လောက်ပါဘူးလို့  စဉ်းစားတဲ့ ကိစ္စ …
တစ်ခုမှ မရှိနိုင်ပါဘူး …
စစ်ကို ရပ်ဖို့  ကြိုးစားနေသလို …
မအောင်မြင်ခဲ့ရင် ဆိုတဲ့ အခြေအနေအတွက် …
ကြိုတင်တွက်ချက် ပြင်ဆင်ထားပြီး ဖြစ်မှာ …
မလွဲမသွေ သေချာလှပါတယ် …
လက်ရှိ အချိန်မှာတော့ ….
တပ်မတော် ရဲ့ အနေအထားဟာ…
ဒီ အဖွဲ့ တွေကို …
အရင်လို သိပ်စိတ်ပူစရာ မရှိတော့ပါဘူး …
လက်နက်ကိုင် အဖွဲ့ တွေ အနေနဲ့ လည်း …
သူတို့ အနေနဲ့  ….
တပ်မတော်ကို စစ်ရေးနည်းလမ်းအရ ….
အနိုင်ယူဖို့ မလွယ်တော့မှန်း သိနှင့်ပြီးပါပြီ ….
ဒါဆို နည်းလမ်း တစ်ခုပဲ ကျန်ပါတော့တယ် …
နည်းလမ်းအဟောင်းပါပဲ …
အာဏာရလာဖွယ် ရှိတဲ့  နိုင်ငံရေးပါတီတွေနဲ့  ပူးပေါင်းပြီး …
တပ်မတော် ကို အင်အားချိနဲ့ အောင် လုပ်ဖို့  …
ထိန်းချုပ်ဖို့ ကြိုးစားတဲ့  ကိစ္စပါ ….
ဟုတ်ကဲ့  …
ကျွန်တော် ပြန်မေးပါရစေ…
ပုဒ်မ ၄၃၆ ကို ပြင်ဆင်လိုက်ရင် …
တစ်မတ်သားတွေကို လွှတ်တော်ထဲက ထုတ်မပြစ်ဘူး …
ဘယ်သူ အာမခံပါသလဲ …
တစ်မတ်သားတွေ လွှတ်တော်ထဲက ဖယ်ပေးလိုက်ရရင် …
တပ်မတော်ရဲ့  စစ်အင်အား ဘတ်ဂျက် တို့ ကို ထိန်းချုပ်တဲ့  …
ဥပဒေတွေ ပေါ်ထွက်မလာဘူးလို့  …
ဘယ်သူ အာမခံပါသလဲ ….
ကျွန်တော် အမြဲ ပြောခဲ့ဘူးပါတယ်…
ဖွဲ့ စည်းပုံ အခြေခံ ဥပဒေမှာ …
အရင်ဆုံး ပြင်ဆင်ရမှာသည်…
ပြည်ထောင်စု နဲ့  ပြည်နယ်တွေရဲ့ အာဏာခွဲဝေမှု …
ဇယား ၁၂၃ ပါ အချက်တွေ ဖြစ်ပါတယ် ..
ဒီ ဇယားကို ပြင်လိုက်တာနဲ့  …
ပြည်နယ်တွေ နဲ့  ပြည်ထောင်စု အကြား …
တင်းမာမှုတွေ လျော့သွားမယ် ..
ယုံကြည်မှုတွေ တိုးလာမယ်…
စစ်ကို အပြီးသတ်ဖို့  နီးစပ်လာမယ် …
စစ်ကြီး အပြီးသတ်သွားရင်…
စစ်ဘောင်ချုံ့ လို့ ရပြီ …
စစ်ဘောင် ကျုံ့ သွားတာနဲ့  တစ်ပြိုင်နက် …
စစ်တပ် ရဲ့ အခန်းကဏ္ဍဟာ …
တဖြည်းဖြည်း လျော့ကျသွားရမှာ …
အမှန်ပါပဲ ….
ဒါတွေ အရင်မလုပ်ဘဲ …
အနှစ်၆၀ စစ်ဖြစ်ခဲ့တဲ့  …
လက်နက်ကိုင် နှစ်သိန်းနီးပါးရှိတဲ့ တိုင်းပြည်မှာ …
စစ်တပ်ကိုပဲ တစ်ဖက်သတ် …
သွားထိန်းချုပ်ဖို့ ကြိုးစားတာသည် …
သဘာဝ မကျပါဘူး လို့ …
ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ ရေးခဲ့ဘူးပါတယ်…
အခုအချိန်အထိတော့ …
ဘယ်ပါတီကမှ ...
ဒီ ဇယား ၁၂၃ ကို ပြင်ဖို့  …
အဓိက အာရုံမစိုက် သေးပါဘူး….
၄၃၆ တို့  ၅၉ စလုံးတို့  …
ဒါတွေပဲ တရုန်းရုန်း လုပ်နေတာပါ….
မှားတာ မှန်တာတွေ အသာထား …
အခုလုပ်နေတာတွေဟာ လက်တွေ့ ကျလား …???
ဖြစ်နိုင်မလား…???
တစ်ဖက် က လက်ခံမှာလား … ???
အသေအချာ ပြန်စဉ်းစား ကြည့်ပေးပါ ….
စစ်ကို အရင် အပြီးမသတ်ပဲ …
စစ်တပ်ကို သွား ထိန်းချုပ်ကန့် သတ် မယ့် ကိစ္စဟာ ….
၂၀၁၄ ရဲ့  ရယ်စရာအကောင်းဆုံး …
ပြက်လုံးတစ်ခု ဖြစ်လာပါလိမ့်မယ်…
စဉ်းစားလို့ ရအောင် တစ်ခုထောက်ပြရရင် …
သမ္မတက ကချင်ပြည်မှာ …
အင်အားကို ကန့် သတ်တားမြစ် …
စစ်တပ်က ငုတ်တုတ်ဖြစ်နေတာ ....
၃ နှစ်လောက်ရှိလာချိန်မှာ……
စစ်သားတွေ ဘက်က …
မကျေနပ်တဲ့ အသံဗလံတွေ …
အတော်များများ ထွက်ပေါ်စပြုလာတာ ….
အားလုံး အသိပါပဲ …
ဒါတောင် သမ္မတဟာ ….
စစ်သားလူထွက် ဖြစ်နေပါသေးတယ်…
ဒီထက်ရှင်းအောင် ဒဲ့ ပြောရရင်တော့ …
လွှတ်တော်ထဲက တစ်မတ်သား နဲ့  ကာလုံကို ...
ဖယ်ပေးလိုက်ရရင် ....
သူတို့ စစ် တိုက်နေတုန်း …
သူတို့ ရန်သူတွေက နိုင်ငံရေးပါတီတွေ နဲ့ ပေါင်းပြီး …
သူတို့ နောက်ကျောကို ဓားနဲ့  ထိုးခံရတဲ့  ကိစ္စမျိုးဖြစ်လာမှာ …
သူတို့  မလိုလားတာပါပဲ …..
( ဥပမာ - UNFC နဲ့  ဒေါ်စုနဲ့ ....
ဘာတွေဆွေးနွေးလို့ ဆွေးနွေးထားမှန်း မသိတဲ့ ကိစ္စ )
အဲဒီတော့ …
ဒီ လက်ရှိအခြေအနေကို ပြင်ဖို့ ခက်အောင် လုပ်ထားတဲ့ …
ပုဒ်မ ၄၃၆ ကို ပြင်ခွင့်ပေးလိုက်ရင် …
သူတို့ စိုးရိမ်တဲ့  ကိစ္စတွေ ဆင့်ကဲ ဆက်ဖြစ်လာတော့မှာပါ ….
ဒီအတွက်ကြောင့် …
တပ်မတော်ဟာ …
ပုဒ်မ ၄၃၆ ကို အပြင်မခံနိုင်တာပဲ ဖြစ်ပါတယ် … ။ ။


From: ( ရဲမိုး )

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...