Thursday, 9 October 2014

အက်ဆစ်နဲ့ ပက်ခံရလို့ မျက်နှာ တစ်ပြင်လုံး ပျက်စီးသွားပေမယ့် ဘ၀ကို အရှုံးမပေးတဲ့ အမျိုးသမီး




သြစတြေးလျ နိုင်ငံ၊ ပါ့ခ်မြို့မှာ နေထိုင်တဲ့ အသက် (၂၈) နှစ်အရွယ် ဒါနာဗူလင်ဟာ ပြီးခဲ့တဲ့ ၂၀၁၂၊ ဖေဖေါ်ဝါရီ (၁၆) ရက်မှာ ဘ၀ကို ပြောင်းလဲ သွားစေမယ့် ဖြစ်ရပ် တစ်ခု ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ သူ့အပေါ် မနာလို ၀န်တို စိတ်ရှိတဲ့ အမျိုးသမီး တစ်ဦးဟာ အက်ဆစ်နဲ့ တိုက်ခိုက် ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို တိုက်ခိုက်မှုခံ ရတာကြောင့် ဒါနာဟာ ပြီးခဲ့တဲ့ နှစ်နှစ်တာ ကာလအတွင်း မျက်နှာ ဖုံးစွပ်ပြီး ဘ၀ကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါနာဟာ အရင်က ဆိုရင် ချောမော လှပတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပြီး ဘယ်ကိစ္စမဆို တက်တက်ကြွကြွနဲ့ ဆောင်ရွက်လေ့ရှိ ပါတယ်။ ဒါပေမဲ့ ဒါနာဟာ ကံဆိုးမှုနဲ့ ကြုံတွေ့ ခဲ့ရပါတယ်။ ဒါနာဟာ အမျိုးသားတစ်ဦးနဲ့ ပါတီပွဲ တစ်ခုမှာ ဆုံတွေ့ခဲ့ပြီး စကား ပြောဆိုခဲ့ ပါတယ်။ ဒါပေမဲ့ အဲဒီ အမျိုးသားရဲ့ ဇနီး ဖြစ်သူက ဒါနာ အပေါ် သံသယတွေ ၀င်ခဲ့ပါတယ်။ ဒါနာဟာ ဖောက်ပြန်နေတယ်လို့ ထင်မှတ်ခဲ့ပြီး အက်ဆစ်နဲ့ ပက်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီအပြုအမှုကြောင့် အဲဒီအမျိုးသမီးဟာ ထောင်ဒဏ် (၁၇ )နှစ် ချမှတ်ခြင်းခံခဲ့ ရပါတယ်။ ဒါပေမဲ့ ဒါနာဟာ ဘ၀ကြီး တစ်ခုလုံး ပျက်စီးသွားခဲ့ရ ပါတယ်။ မျက်နှာမှာ သေရာပါ အမာရွတ်ကြောင့် မျက်နှာဖုံးကို အမြဲတမ်း ၀တ်ဆင်ထားခဲ့ရပါတယ်။ ကြုံတွေ့ခဲ့တဲ့ ပြဿနာတွေ ကလည်း အလွန် များပြားခဲ့ ပါတယ်။ ဒီလို အခြေအနေမျိုးမှာ သားအိမ်ခေါင်း ကင်ဆာ ဝေဒနာကိုလည်း ခံစားခဲ့ ရပါတယ်။ ဒါနာဟာ မျက်နှာကို ခွဲစိတ်ကုသမှု အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါနာရဲ့ မျက်နှာဟာ ပုံမှန်အနေအထားကို ပြန်ရောက်ခြင်း မရှိတော့ပါဘူး။ ဒါနာဟာ ကြုံတွေ့ ရတဲ့ ပြဿနာတွေကို ရုပ်သံတစ်ခု နဲ့ တွေ့ဆုံ မေးမြန်းမှု ပြုလုပ်ပြီး ပထမဆုံးအကြိမ် အဖြစ် နှစ်နှစ်စလုံး မျက်နှာ ဖုံးစွပ်ထားတာကို ချွတ်ပြခဲ့ပါတယ်။ ဒါနာဟာ သူ့အနေနဲ့ ပြဿနာတွေ ကြောင့် စိတ်ညစ်ခဲ့ရတဲ့ အကြိမ်ပေါင်း များစွာ ရှိခဲ့ပေမယ့် တည်ငြိမ်စွာ ဖြေရှင်းသင့်ကြောင်း၊ ရှေ့လာမယ့် နေ့ရက်တွေ ကိုလည်း ဖြတ်သန်း သွားဖို့ အဆင် သင့် ပြင်ဆင် ထားကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။
 
From: The Messenger

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...