Wednesday, 8 October 2014

ခိုတောင်ကျွန်း ကိစ္စ ဘယ်လို ဆောင်ရွက်ကြမလဲ


ခိုတောင်ကျွန်း ကိစ္စကို ...လက်တွေ့ ကျကျ ပြောရရင်တော့ …လုပ်နိုင်တဲ့ အချက် သုံးချက်ရှိတယ် …

ပထမအချက်က ....ဥပဒေကြောင်းဆိုင်ရာ အစွမ်းကုန်ပံ့ ပိုးပေးဖို့ ပဲ …အခု သံရုံးက ယိုးဒယားရှေ့ နေ သုံးယောက် …မြန်မာရှေ့ နေတစ်ယောက်ပါတဲ့ အဖွဲ့ ကို ....စေလွှတ်ထားပြီပြောတယ် ….


ယိုးဒယား ရဲ က အမှုတည်ဆောက်ထားတဲ့  ပုံစံမှာ ….ယိုကွက် ၊ ဟာကွက်တွေ ရှိနေတာ အများကြီးပဲ …
ဒါတွေကို အခုကတည်းက စနစ်တကျ စုဆောင်းပြီး …တရားရုံးမှာ ရင်ဆိုင်ဖို့  Line of Defence ကို ….
ကျကျနန ပြင်ဆင်ထားသင့်တယ် …ဒီအတွက် လိုအပ်တဲ့  ငွေအား၊လူအား ....အားလုံး အစွမ်းကုန် အသုံးချရမယ် …

တစ်ခါ ....ဖမ်းဆီးခံထားရတဲ့ ကလေးနှစ်ယောက်အပေါ် …အစိုးရအနေနဲ့  အလေးထားကြောင်း ပြသရမယ် …သံအမတ်ကြီး ကလေးတွေကို ကိုယ်တိုင်သွားတွေ့ သင့်တယ် ….
ဥပဒေအတိုင်း အမှန်အတိုင်းဖြစ်အောင်…အစိုးရက အစွမ်းကုန် ဆောင်ရွက်နေတယ်ဆိုတာ ….
သူတို့ နားလည်အောင် ရှင်းပြရမယ် …ဘာကိုမှ မကြောက်ဖို့  အားပေးရမယ် …

နိုင်ငံခြားရေး ၀န်ကြီး နဲ့  အလုပ်သမားဝန်ကြီး …ယိုးဒယားကို လိုက်သွားသင့်တယ် ….ဟိုဘက်က သက်ဆိုင်ရာဝန်ကြီးတွေနဲ့  တွေ့ ပြီး …ဒီကိစ္စအပေါ် မြန်မာအစိုးရက အလေးထားကြောင်း …
စိုးရိမ်ပူပန်လျက်ရှိကြောင်း …သေသေချာချာ ရှင်းပြရမယ် …..ဒါ အစိုးရ က လုပ်ပေးရမယ့် ကိစ္စတွေ …

ဒုတိယ အချက်ကတော့ ….ပြည်သူတွေက ဖိအားပေးတာပဲ …ယိုဒးယားသံရုံးတွေကို ၀ိုင်းဆန္ဒပြလို့ ရတယ် …Campaign တွေ လုပ်လို့  ရတယ် ….မြန်မာပြည်မှာရော ….ကျန်တဲ့ တိုင်းပြည်တွေက သံရုံးတွေရော …
အားလုံးပါတယ် ….

အရင် ထစ်ကနဲရှိ ….မြန်မာသံရုံးရှေ့ အားတိုင်းဆန္ဒပြနေတဲ့  ….တစ်လကို ဆန္ဒပြပွဲ နှစ်ကြိမ်လောက် စီစဉ်နေတဲ့  …ပြည်ပက ဘာမှန်းမသိတဲ့ ကောင်တစ်ချို့ လဲ …စိတ်ပါရင် ၀င်ပြလို့ ရတယ် …

တစ်ခုတော့ ရှိတယ် …အခုအချိန်မှာ ရူးချင်ယောင်ဆောင်နေရင် …နောက်တစ်ချိန် သံရုံးရှေ့  ကြိုက်တဲ့ ဆန္ဒပြပွဲလုပ် …အာ့ခါကျရင်တော့ နှစ်ပြားမတန်အောင် ဆဲခံရမယ် ….

တတိယအချက် ….ထင်ရှားကျော်ကြားတဲ့ သူတွေက ၀င်ကူညီတာ …ညှိနိုင်းပေးတာ ၊ ဖိအားဝင်ပေးတာ …..

ကိုယ် နဲ့  ပုဂ္ဂိုလ်ရေးရင်းနှီးတဲ့  …ကမ္ဘာ့ နိုင်ငံအသီးသီးက ထင်ရှားတဲ့ သူတွေကို စာရေးပြီး …ဒီကိစ္စကို အမှန်အတိုင်း ဥပဒေအတိုင်း ဖြစ်အောင် …၀ိုင်းဖိအားပေးပေးဖို့  မေတ္တာရပ်ခံတာ ….ဒါမျိုးတွေ လုပ်လို့ ရတယ် …..

၂၀၀၉ သြဂုတ်လ မြောက်ကိုရီးယားမှာ ….အမေရိကန်နှစ်ယောက် အဖမ်းခံရတုန်းက …အမေရိကန်သမ္မတဟောင်း ...ဘီလ်ကလင်တန် ကိုယ်တိုင် လိုက်သွားပြီး …ရအောင် ညှိနိုင်း ခေါ်ထုတ်လာခဲ့တာဟာ …တာဝန်ရှိလို့ မဟုတ်ဘူး …ငါ နိုင်ငံသားတွေအတွက် ….ငါတတ်နိုင်သလောက် ၀င်ကူမယ်ဆိုတဲ့ စိတ်ပဲ …..

ဒီထက် ရှင်းအောင်ပြောရရင်တော့ …တာဝန်ဆိုတာ ယူတတ်ရင်ရှိတယ် …မယူတတ်ရင် မရှိဘူး ….ဒီလောက်ပဲ ….. ။ ။

( ရဲမိုး )

( Photo - မြောက်ကိုရီးယားတွင် ဖမ်းဆီးခံရသော ...အမေရိကန်နိုင်ငံသူ နှစ်ဦးအား ...ဘီလ်ကလင်တန်မှ သွားရောက်ညှိနိုင်း ခေါ်ထုတ်လာစဉ် )

From: Ye Moe

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...