Monday, 27 October 2014

သူတော့ သူပဲ ပြည်သူလား ရန်သူလား




     အခုလက်ရှိ ဖြစ်နေကြတာ ၊ အငြင်းပွားနေကြတာဟာ KKO က ဗိုလ်ကြီး အဆင့်ရှိတဲ့ အောင်နိုင်လား ၊ သတင်းထောက် ပါကြီးလား ဆိုတာကို တစ်ဖက်နဲ့ တစ်ဖက် အငြင်းပွားနေကြတာပဲဖြစ်တယ်။နှစ်ယောက်လုံးဟာ တစ်ယောက်တည်းလည်း ဖြစ်နေနိုင်တယ်။ ဒီအငြင်းပွားမှုတွေမှာအမြတ်ထုတ်ချင်သူတွေ ၊ အကွက်ရှာသူတွေ ၊ အရွေ့တစ်ခုကို သွားချင်လို့ လှုံ့ဆော်နေသူတွေ ၊ စိတ်ခံစားချက်အပေါ်လိုက်ပြီး အငြင်းပွားနေသူတွေ ၊စည်းလုံးရေးကို ဗဟိုထားပြီး ရှင်းပြနေသူတွေ အတိနဲ့ပြည့်နှက်နေတယ်။တစ်ဖက်ပိတ်တွေကလဲ အမုန်းတရားအခြေ ခံပြီး ငြင်းဆန်
နေကြသလို ၊ အချိန်ပိုတဲ့သူတွေကလည်း မေတ္တာရှေ့ထားပြီး ကျွဲပါးစောင်းတီးကောင်းဆဲ။ဒါဟာ ကာယကံရှင်တွေနဲ့ မသက်ဆိုင်တဲ့ online ပေါ်က နှစ်ဖက်အခြေအနေဖြစ်တယ်။ဒီတော့ သတင်းထောက်ပါကြီးလား KKO က ဗိုလ်ကြီး အဆင့်ရှိတဲ့ ပြန်ကြားရေးတာဝန်ခံလား ဆိုတာ ကို တစ်ဖက်ဖက်က ကွဲကွဲပြားပြား သက်သေပြနိုင် မှ ဒီကိစ္စလည်းရှင်းမယ်ထင်တယ်။ဒါပေမယ့် ဒီအခြေအနေအပေါ်မှာ ကျွန်တော် စိတ်ထဲရှိတဲ့အတိုင်း ၊ မြင်တဲ့အတိုင်း ပြောပြချင်တယ်။ ကျွန်တော်ကတပ်မတော်သား တစ်ယောက်မှန်သော်လည်း ၊ အခုရေးတဲ့စာကတော့ တပ်မတော်
အာဘော်မဟုတ်သလို ၊ တပ်မတော်ကိုလည်း ကိုယ်စားမပြုပါဘူးဆိုတာ ကြိုတင်အသိပေးထားပါရစေ။
ကျွန်တော်ရဲ့အမြင်သက်သက်ပါ။

အခုဖြစ်စဉ်ရဲ့အခြေခံအကြောင်းအရာ ဟာ သေချာကြည့်မယ်ဆိုရင်စက်တင်ဘာလ ၂၆ ရက်က မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကတိုင်ကနိုင်ရွာတွင် ခလရ ၂၀၈ တပ်ရင်းပိုင်ကားကို DKBA မှ ဗျူဟာမှူး စောဆန်းအောင်၏ အဖွဲ့သားများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်မှူးတစ်ဦးနှင့် တပ်ကြပ်အဆင့် ၂ဦး ဒဏ်ရာရရှိခဲ့ကာ စစ်တပ်၊ ရဲ နှင့် SB ပေါင်း ၈ဦးတို့ကို DKBAက ခေတ္တဖမ်းစီးပြီးလက်နက်များကိုလဲ သိမ်းယူခဲ့တာက စတာဖြစ်တယ်။စက်တင်ဘာ ၂၇ ရက်နေ့ နံနက်အစောစော …ရွှေဝါချောင်ရွာမှ တပ်ဆုတ်ခွာရန် ပြင်ဆင်နေစဉ်… နယ်မြေခံ တပ်မတော်စစ်ကြောင်းနှင့် …တိုက်ပွဲ ဖြစ်ပွားခဲ့ ပြီး …ဆန်းအောင်ဦးစီး အဖွဲ့ သည် တောင်ဘက်သို့  ဆုတ်ခွာ ၍ …ရွှေဝါချောင် အနီးတောင်ကုန်းများတွင် …တပ်ဖျောက်အခြေပြုခဲ့ပါသည်။

စက်တင်ဘာ၂၈တွင်…နယ်မြေရှင်းလင်းနေသော…တပ်မ ၂၂ လက်အောက်ခံတပ်များနှင့် …ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆုတ်ခွာခဲ့ရကာ …အနီးတ၀ိုက်ရှိ တောအတွင်းတွင် …စက်တင်ဘာ ၂၈ ၊ ၂၉ ရက်နေ့ များတွင်.. ပုန်းအောင်းနေခဲ့ရပါသည်။စက်တင်ဘာ၃၀ရက်တွင်ဆန်းအောင်သည်
အောင်နိုင်(ခ)ပါကြီးအားအရပ်ဝတ်လဲ လှယ်စေပြီး …လိုအပ်သော ဆက်သွယ်မှုများပြုလုပ်ရန် …မြ၀တီသို့ စေလွှတ်ခဲ့စဉ် …အတ္တရံ မြစ်ကြောင်းတစ်လျောက် ပိတ်ဆို့ ထားသော …တပ်မ ၂၂ လက်အောက်ခံ တပ်များနှင့် …လုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ က …ဖမ်းဆီးရမိခဲ့ပါသည်။ထိုသို့  ဖမ်းဆီးရမိခဲ့စဉ် …၎င်းထံမှ စက်တင်ဘာ၂၆ရက်နေ့  ၌ဖြစ်ပွားခဲ့သော … တပ်မတော် နှင့် ရဲတပ်ဖွဲ့ ဝင်များအား …ဖမ်းဆီးထိန်းသိမ်းမှု ပုံများပါဝင်သည့် …မင်မိုရီကဒ်များ
သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ဒီမှာတင် အဖြေက ရှင်းနေပြီ ။အရပ်ဝတ် ၀တ်လိုက်ရင် သတင်းထောက်ဖြစ်ပြီး ၊ယူနီဖောင်းဝတ်လိုက်ရင် သူပုန်ဖြစ်တဲ့ လူ့သမန်း ဇာတ်ဖြစ်နေပြီ။

ဒီထဲမှာ နည်းနည်းရှုပ်နေတာက တစ်ဖက်ကလူတွေဟာ သတင်းထောက်ပါကြီး ကို တပ်မတော်က ဖမ်းပြီး
ညည်းဆဲသတ်ဖြတ်တယ်လို့ ပုံဖော်ပြောဆိုနေတာပဲဖြစ်ပါတယ်။တပ်မတော် ဘက်က ထုတ်ပြန်ချက်အရတော့ ရန်သူကို ဖမ်းမိထားတာပဲဖြစ်ပါတယ်။နောက်ပိုင်းမှာ KKO က ပူပေါင်းအဖွဲ့ ၈ ဦးဆီက သိမ်းဆည်းသွားတဲ့ သေနတ် တွေကိုလည်း ဖမ်းမိတဲ့ သတင်းထောက်ပါကြီးဆိုသူက ၀ှက်ထားတဲ့နေရာ လိုက်ပြပေးလို့ ပြန်ရလိုက်တယ်လို့ ဆိုပါ တယ်။ ဒါဆိုရင်တော့ သတင်းထောက် ပါကြီးလား ၊ KKO က ပြန်ကြားရေးတာဝန်ခံ ဗက အဆင့်ရှိ အောင်နိုင် လားဆိုတာ ရှင်းလောက်မယ်ထင်ပါတယ်။ အခြေအနေ ၂ ခုလုံးဟာလည်း တစ်ယောက်တည်းဖြစ်နေနိုင်တာပဲ။
ဒီတော့ သတင်းထောက်ပါကြီးဆိုရင်တောင် အသွင်ယူဟန်ဆောင်နေသူပဲဖြစ်တယ်။ဒီကိစ္စကိုလည်း သူရဲ့ ဓာတ်ပုံ တွေမှာ တွေ့နိုင်မှာပဲဖြစ်တယ်။ဒီတော့ အစိုးရကို လက်နက်ကိုင် တိုက်ခိုက်သူကိုတော့ တပ်မတော်က ရန်သူအဖြစ် သတ်မှတ်မှာပဲဖြစ်တယ်။

ဒါနဲ့ပတ်သတ်လို့ ၁၉၅၉ ခုနှစ် တပ်မတော် အက်ဥပဒေ အဓိပ္ပယ်ဖွင့်ဆိုချက် ပုဒ်မ ၃ (ဎ) ရန်သူဆိုတာ ကို
အဓိပ္ပာယ်ဖွင့်ဆိုထားတာလေးတင်ပြချင်ပါတယ်။ “ရန်သူ” ဆိုသည့်စကားရပ်တွင် လက်နက်ကိုင် စစ်ပုန်ကန်မှု ပြုသူအားလုံး ၊လက်နက်ကိုင် သူပုန်အားလုံး၊လက်နက်ကိုင်ရုန်းရင်း
ဆန်ခတ်ပြုသူအားလုံး၊ ရေကြောင်း ၊ လေကြောင်း ၊ ဓားပြအားလုံးအပြင် ၊ စစ်ဘက်ဥပဒေကိုလိုက်နာရသူတစ်ဦး၏ အရေးယူခြင်းခံရမည့် ၊ မည်သည့်လက်နက်စွဲကိုင်သူမဆို
ပါဝင်သည်လို့ဖော်ပြထားပါတယ်။

ရန်သူ ဆိုရင်တော့ တပ်မတော်မှာ ရန်သူအပေါ်ပြုကျင့်တဲ့ ကျင့်ဝတ်အတိုင်းပဲ ပြုကျင့်မှာဖြစ်တယ်။ ရန်သူကို နေလို မီးလိုကျင့်ကြံမှာပဲဖြစ်တယ်။ပြည်သူ ဆိုရင်တော့ ပြည်သူလို ၊ ရေလို လလိုပြုကျင့်သွားမှာပဲဖြစ်တယ်။ ဒီတော့ ပြည်သူလား ၊ ရန်သူလားဆိုတာကိုကိုယ်တိုင် ခွဲခြားသိဖို့လိုတယ်။



photo- Ye Min
From: ဦးစစ်မင်း

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...