Wednesday, 8 October 2014

အ၀တ်သွားရုပ်ရာမှ ဓာတ်လိုက် သေ

အောက်တိုဘာ ၅ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင်
နေပြည်တော်ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းတွင်
ဒုရဲမှူး ကြာညိုစခန်းမှူးတာဝန်ဆောင်ရွက်နေစဉ် နေပြည်တော်
ခုတင် ၁၀၀၀ ဆေးရုံကြီး၌ လူတစ်ဦးဓာတ်လိုက် သေဆုံးနေ
ကြောင်းဖုန်းဖြင့် အကြောင်းကြားသဖြင့် သက်သေများနှင့်အတူ
သွားရောက် စစ်ဆေးရာ ဓာတ်လိုက်သေဆုံးသူမှာ မောင်ဟိန်းကိုကို
(၂၁) နှစ် ဂျန်းရှင်းဟိုတယ်မှ စားပွဲထိုးလုပ်ကိုင်သူဖြစ်ကြောင်း သိရ
သည်။
ဖြစ်စဉ်မှာ ဥတ္တရသီရိမြို့နယ် ဇ၀နသိဒ္ဓိရပ်ကွက် မြတ်လေး(၈)
လမ်း အမှတ် မ/၅၄၄၃ ရှိ ရွှေတောင်ကုမ္ပဏီ လူပျိုဆောင်တွင်
နေထိုင်သူ မောင်ဟိန်းကိုကိုသည် ည ၇ နာရီခွဲခန့်က အဆောင်
အနောက်ဘက်တွင် လှမ်းထားသည့် အ၀တ်အစားများအား
သွားရောက် ရုပ်သိမ်းစဉ်မီးတိုင်မှ နေအိမ်သို့ သွယ်တန်းထားသည့်
လျှပ်စစ် မီးကြိုးသည် နေအိမ်ခြံစည်းရိုး လိပ်ပြာတောင်သံဆူးကြိုးနှင့်
ထိကာ မိုးရေစိုနေသည့် အ၀တ်အစားများရုတ်ရာမှလျှပ်စစ်စီးဝင်
ပြီး ဓာတ်လိုက်ကာ သတိလစ်လဲကျနေစဉ် အဆောင်အတူနေ
သူငယ်ချင်း များကာ ခုတင် ၁၀၀၀ ဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်
စဉ် သေဆုံးခဲ့ကြောင်းသိရသည်။
အမှုနှင့်ပတ်သက်၍ မောင်ဟိန်းကိုကို သေဆုံးရခြင်းမှာ
ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနိုင်ရန် ဘုရားကုန်း
မြို့မရဲစခန်း မှ သေမှုသေခင်းအမှတ်စဉ် ၁၂/၂၀၁၄ ဖြင့် ရေးဖွ့င်ပြီး
ဒုရဲမှူးကြာညိုက စုံစမ်းစစ်ဆေးလျက်ရှိသည်။

From: စံတော်ချိန်

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...