Friday, 24 October 2014

သတင်းထောက်လေ... ?? သူပုန်လော..... ??

သတင်းထောက် ကိုပါကြီး ကိစ္စပေါ်လာတော့ …
ပထမဆုံး ၀င်ကြည့်မိတာ …
သူ့ မိန်းမ မသန္တာရဲ့  time lime ပါ ….
အရမ်း စိတ်မကောင်း ဖြစ်မိပါတယ် …
တပ်က ညီလေး တစ်ယောက်ကျဆုံးသွားတုန်းက …
သူ့ မိန်းမ ပုံလေးမြင်ပြီး ကြေကွဲခဲ့ရတာထက် …
မလျော့သော ၀မ်းနည်းခြင်းမျိုးနဲ့ ပါ ….
မှတ်ချက်တွေ ကောမန့် တွေ ဖတ်ရတဲ့ အချိန်မှာ …
ဖြစ်စဉ်ကို အမှန်အတိုင်း သိရဖို့ …
ကျွန်တော် နိုင်သလောက် စွမ်းသလောက် …
အစွမ်းကုန် လိုက်စုံစမ်းမိပါတယ် ….
တယ်လီဖုန်း Call ပေါင်း မြောက်များစွာ …
ကျွန်တော် လိုက်ဆက်ပါတယ် ….
ဖေ့စ်ဘုတ်က တပ်မတော် ဂရုတွေမှာ Status တင်ပြီး …
ရတခ နဲ့ စစ်ရုံးက သူတွေကို …
ဖြစ်စဉ် သတင်းအချက်အလက်တွေ လိုက်မေးပါတယ် …
နောက်ဆုံးတော့ အချက်အလက်တွေ ...
တဖြည်းဖြည်း စုဆောင်းမိလာပါတယ် ....
ကျွန်တော် သိရသလောက် …
သတင်းအချက်အလက်တွေကတော့ …
ဒီလို ဖြစ်ပါတယ် …
၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့ မှာ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့အနီး မှာ…
KKO အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ ...
စောဝင်းဇော် ခေါင်းဆောင် အင်အား ၂၀ ဦးခန့် ....
လက်နက်ငယ်များ ကိုယ်စီကိုင်ဆောင်လျက် ....
ရောက်ရှိလာကြောင်း သတင်းရရှိခဲ့ ပါတယ် ....
ကျိုက်မရောမြို့ နယ်မြေခံတပ် နဲ့  ....
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပူးပေါင်းအဖွဲ့တို့ သွားရောက်ပြီး ....
မြို့တွင်းကို လက်နက်ကိုင်ဆောင် ...
ဝင်ရောက်ခြင်း မပြုဖို့ ပြောကြားခဲ့ရာ မှာ …
KKO အဖွဲ့မှ ပူးပေါင်းအဖွဲ့ကို
လက်နက်များဖြင့် ချိန်ရွယ် ထိန်းသိမ်းခဲ့ပါတယ် ….
အဲဒီ ပူးပေါင်းအဖွဲ့ ပြန်မရောက်လာလို့  …
ကျိုက်မရောမြို့ တပ်ရင်းဌာနချုပ် မှာရှိ တဲ့  …
လုံခြုံရေးတပ်စိတ်တစ်စိတ်က ထပ်လိုက်သွားပါတယ် …
ဖြစ်စဉ် နေရာကို မရောက်မီ …
အသင့် စောင့်ဆိုင်း နေရာယူထားတဲ့  …
KKO အဖွဲ့မှ လက်နက်ငယ်တွေနဲ့  စတင်ပစ်ခတ်ခဲ့ပြီး...
လိုက်လံ ပူးပေါင်းတဲ့  တပ်စိတ်ရဲ့ ...
လက်နက် ခဲယမ်းတွေကို သိမ်းဆည်းကာ ....
ကျိုက်မရောမြို့ အရှေ့ ဘက်ရှိ ...
အတ္ထရံမြစ်ကို ဖြတ်ကူးပြီး ....
အရှေ့ဘက်ကို ဆက်လက် ထွက်ခွာသွားပါတယ် …
ဆုတ်ခွာသွားတဲ့  အဖွဲ့ တွေ နောက်ကို …
နယ်မြေခံ တပ်မတော်စစ်ကြောင်းတွေက
လိုက်လံရှင်းလင်းခဲ့ပါတယ် ….
အဲဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ….
စက်တင်ဘာလ ၂၈ ရက်နေ့ထုတ် ...
The Messenger နေ့စဉ်ထုတ် သတင်းစာအပါအ၀င် ....
ဂျာနယ်နှင့် သတင်းစာအချို့မှာ ...
သတင်း ဖော်ပြထားပြီး ဖြစ်ပါတယ် …
စက်တင်ဘာလ ၃၀ ရက်နေ့  ၁၉၃၀ အချိန်မှာ
ကျိုက်မရောမြို့ လုံခြုံရေးအတွက် …
အမှတ်(၂၀၄)ခြေမြန်တပ်ရင်းမှ
ဗိုလ်ကြီး စိုးဇေယျာလင်း ဦးစီး တပ်စု ၁ စုနှင့်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပါဝင်တဲ့  ပူးပေါင်းအဖွဲ့ဟာ ….
မြို့စက်လှေဆိပ် အ၀င်/အထွက် များကို စစ်ဆေးနေစဉ်မှာ ...
စက်လှေ ၁ စီးပေါ်မှာ ရေစိုလျက် ....
ရွှံ့ဗွက်များ ပေကျံနေတဲ့  ....
မသင်္ကာဖွယ် အမျိုးသား ၁ ဦးကို တွေ့ရှိလို့  ....
နယ်မြေခံ အမှတ်(၂၀၈) ခြေမြန်တပ်ရင်းကို ...
လွှဲပြောင်းပေးခဲ့ပါတယ် …
အဲဒီ အမျိုးသားကို စစ်ဆေးခဲ့ရာမှာ...
KKO စောဆန်းအောင်အဖွဲ့က....
ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအောင်နိုင် ဖြစ်ပြီး...
ကျိုက်မရောဖြစ်စဉ် မှာ ပါဝင်ခဲ့တဲ့  ...
စောဝင်းဇော် အဖွဲ့ကို ...
ရွှေဝါချောင်ကျေးရွာမှာ စောဆန်းအောင်နှင့် အတူ ...
သွားရောက်တွေ့ဆုံ ပူးပေါင်းခဲ့သူ ....
ဖြစ်တယ်လို့  သိရပါတယ် …
၎င်းရဲ့  ထွက်ဆိုချက်တွေ အရ ....
ကျိုက်မရောမြို့ ဖြစ်စဉ်မှာ ...
KKO စောဆန်းအောင် အဖွဲ့က ...
သိမ်းဆည်းသွားခဲ့တဲ့  လက်နက်တွေထဲက တစ်ချို့ ကို ...
စက်တင်ဘာ ၂၈ ရက်နေ့ ....
ရွှေဝါချောင်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီးချိန်...
၎င်းနေရာ အနီးတစ်ဝိုက် မှာ ၀ှက်ပြီး ....
အသီးသီးဆုတ်ခွာ ....
ထွက်ပြေးခဲ့ကြတယ်လို့  သိရပါတယ် …
နယ်မြေခံ တပ်မှာ ....
ထိန်းသိမ်းထားတဲ့  ဗိုလ်ကြီးအောင်နိုင်ကို …
စောဆန်းအောင်အဖွဲ့ ကို ပိတ်ဆို့ ရှင်းလင်းနေတဲ့  ....
လှုပ်ရှားစစ်ကြောင်းကို ....
အောက်တိုဘာလ ၄ ရက်နေ့မှာ...
လွှဲပြောင်းပေး ခဲ့ပါတယ် ….
အဲဒီနေ့ မှာပဲ ....
ရွှေဝါချောင်ကျေးရွာ အနီးတစ်ဝိုက် ....
ရှာဖွေ ဖော်ထုတ်ခဲ့ရာမှာ …
ညနေပိုင်းအရောက် …
တပ်မတော်မှ သိမ်းဆည်းခံလိုက်ရတဲ့  …
လက်နက်ငယ် ၃ လက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး
ကျန်လက်နက်များကို ဆက်လက်ရှာဖွေဖို့  …
ရွှေဝါချောင်းကျေးရွာ ရဲ့ တောင်ဘက်
မီတာ ၁၀၀၀ ခန့်အကွာမှာ ညအိပ်အခြေပြုနေစဉ် ...
ည ၇ နာရီ ၄၅ မိနစ်မှာ ...
ဗိုလ်ကြီးအောင်နိုင်က အပေါ့သွားဖို့  ခွင့်တောင်းရင်း...
ရုတ်တရက် ကင်းစောင့် စစ်သည်ကို လုံးထွေးပြီး...
သေနတ်လုယူ ထွက်ပြေးဖို့ ...
ကြိုးပမ်းခဲ့ပါတယ် ….
ထိုသို့ ကြိုးပမ်းစဉ်မှာ …
ကင်းစောင့်စစ်သည်က ပစ်ခတ်တဲ့ အတွက်...
သေနတ်ဒဏ်ရာနဲ့  သေဆုံးခဲ့ပါတယ် …
သေဆုံးသူရဲ့ အလောင်းကို ...
ရွှေဝါချောင်ကျေးရွာရဲ့  ....
တောင်ဘက် မီတာ ၈၀၀ ခန့်အကွာမှာ....
ကောင်းမွန်စွာ မြေမြုပ်သဂြိုလ်ခဲ့တယ်လို့  ....
သိရှိရပါတယ် …
ဒါ ကျွန်တော် စုံစမ်းရသလောက်ပါ ....
ဒါဆို ကိုပါကြီးဟာ ....
သတင်းထောက် ဟုတ်တယ် မဟုတ်ဘူး ...
အဖြေပေါ်လောက်ပါပြီ ....
ကွယ်လွန်သူရဲ့ ဇနီးကို တော့ ...
အများကြီး အားနာ စိတ်မကောင်းကြောင်း ...
ဒီစတေးတပ်စ်ကို ရေးမိတဲ့ အတွက် .....
အနူးအညွှတ်တောင်းပန်ကြောင်း ...
ပြောကြားလို ပါတယ် ......
( Photo - The Voice Daily )


From: Ye Moe

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...