Thursday, 30 October 2014

လိုအပ်နေသောရခိုင်ပြည်သို့မသွားရဲသော ဒေါ်စု ကယားပြည်နယ်ကို ပထမဆုံးအကြိမ်သွားမည်

နှစ်ဆယ့်ငါးနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် ကယားပြည်နယ်သို့သွားမည်

၂၅ နှစ်ကျော်ကာလအ တွင်း ပထမဆုံးအကြိမ်အဖြစ် က ယားပြည်နယ်သို့ နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် သွား ရောက်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၈၉ အတွင်း ကယားပြည်နယ်သို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့ပြီးနောက် ၂၅ နှစ်ကျော်ကြာကာလ ပထမဆုံးအကြိမ် ခရီးစဉ်သည် နိုဝင်ဘာ ၈ ရက် မှ ၁၁ ရက်အထိ လေးရက် ကြာမြင့်မည်ဖြစ်ကြောင်း ကယားပြည်နယ်အတွင်းရှိ အင်န်အယ်လ်ဒီ ပါတီဝင်များက ပြောသည်။

‘‘လွိုင်ကော်က ကယားဒေး ကွင်းမှာ နိုဝင်ဘာ ၈ ရက်ကျရင် ဒေါ်အောင်ဆန်းစုကြည်လာပြီး ဟောပြောပွဲလုပ်မယ်လို့ ကြေညာ ထားတယ်’’ဟု ကယားပြည်နယ် အတွင်းရှိ အင်န်အယ်လ်ဒီ ပါတီ ၀င် တစ်ဦးက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် အပြတ်အသတ်အနိုင်ရခဲ့ သည့် ဒေါ်အောင်ဆန်းစုကြည်၏ အင်န်အယ်လ်ဒီပါတီဝင်အင်အား အနည်းဆုံးသော ဒေသများ ထဲမှ တစ်ခုဖြစ်ပြီး အင်န်အယ်လ်ဒီ ပါတီဝင်များ ဖိနှိပ်မှုအများဆုံးခံခဲ့ရသည့်ဒေသအဖြစ်လည်း ထင်ရှားသည်။‘‘၂၀၁၁ လောက်မှာ ဒေါ်စု လွတ်ပြီး အဖွဲ့ချုပ်က ဦးအုန်းကြိုင်လာတာတောင် ဧည့်စာရင်းမရဘူး။ဘုန်းကြီးကျောင်းလည်း တည်းခွင့် မပေးဘူး။ ဒါဆိုရဲစခန်းမှာ ညအိပ်မယ်ဆိုလည်း အိပ်လို့မရဘူးပြောတယ်။ နောက်ဆုံး လွိုင်ကော်က အဝေးပြေးဝင်းနားမှာ ညအိပ်ခဲ့ရတယ်’’ဟု ကယားပြည်နယ် အင်န်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စည်သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ်သို့ သွားရောက် မည့် ခရီးစဉ်ကို ပြည်နယ်အင်န် အယ်လ်ဒီဘက်က အတည်ပြုခဲ့သော်လည်း ခရီးစဉ်အသေးစိတ် ကို ဖြေ ကြားရန် ငြင်းဆန်ခဲ့သည်။

From: 7day

www.mmdailystar.com

2 comments:

  1. မောင်မောင်မမ ချစ်ပုံပြင်
    ----------------------------

    ၁၉၈၈ နိုဝင်ဘာလနှင့် ၁၉၈၉ ဇူလိုင်လအတွင်းက တိုးတိုးတိတ်တိတ် လူသိနည်းခဲ့သည့် ဇာတ်လမ်း တစ်ပုဒ်ဖြစ်သည်။ ခြံကျယ်ကြီးတွင်းရှိ အိမ်ကြီးအတွင်းတွင် ဧည့်သည်များ အမျိုးမျိုးအဖုံဖုံ ဝင်ထွက်လျှက်ရှ...ိနေ သည်မှာ တစ်နေ့ ဘယ်နှစ်ယောက်လာသည်ကိုပင် မရေတွက်နိုင်လောက်အောင်ဖြစ်သည်။ လူဦးရေရှုပ်ထွေးမှု အောက်တွင် လူမှုရေးရှုပ်ထွေးမှုများပါ ပေါ်ပေါက်ခဲ့ရသည်။

    အသက် ၄၀ ကျော် လင်ရှိမယားတစ်ဦးက ခင်ပွန်းဖြစ်သူနှင့် ခွဲခွာနေရချိန်တွင် လူငယ်လေးတစ်ဦးနှင့် ချစ်ကြိုက်မိခဲ့သည်။ အရှိန်အဝါကြီးလွန်းသူဖြစ်တာကြောင့် ဆန္ဒကိုသိက္ခာဖြင့် ထိန်းကာနေခဲ့ရပေမယ့် သွေးသားဖြင့် တည်ဆောက်ထားသည့် ခန္ဒာကိုယ်၏ ရမ္မက်ကြောင့် မဖြစ်သင့်တာများဖြစ်ခဲ့ရသည်။

    အခွင့်မရဘဲမည်သူမျှ တက်ခွင့်မရှိသည့် အိမ်ကြီးတွင် ထိုလူငယ်တစ်ဦးကိုအပေါ်ထပ်သို့ မကြာမကြာ ခေါ်တွေ့ခြင်းကခြံထဲရှိ လူအားလုံးကိုသံသယဖြစ်စေခဲ့သည်။ သို့သော် အားလုံးကကြောက်ရသူမို့ အပေါ်တက် မလာနဲ့ဆိုလျှင် တက်မသွားရဲသူများဖြစ်ရာ လက်ပူးလက်ကြပ်တော့ မမိခဲ့ပေ။

    တစ်နေ့တွင် ကွန်ပျူတာခန်းအတွင်းရှိ ကော်ဇောပေါ်၌ ချစ်တင်းနှောနေသည်ကို လူအချို့ မျက်ဝါးထင်ထင် တွေ့လိုက်ကြရသည်။ ထိုဖြစ်စဉ် ဖြစ်ပွားပြီးသည့်နောက် ထိုအမျိုးသမီးသည် လူကြီးအချို့က တားမြစ်နေသည့်ကြားကပင် နားမထောင်ဘဲ ရမ္မက်ဇောဖြင့် ခွန်းတုန့်ပြန်ပြောကာ မထူးဇာတ်ကို အကြိမ်ကြိမ် ကျူးလွန်ခဲ့သည်။

    ညအချိန် အိမ်ကြီး၏ အပေါ်ထပ်တွင် Safe Sex ခေါင်းစဉ်ဖြင့် နိဒါန်းပိုင်းတွင် HIV ဖြင့်စတင်ပြီး ကင်းဆေး အစီရင်ခံစာအကြောင်း၊ လေဒီချတ်ဒလီလပ်ဗ်ဗာ စာအုပ်အကြောင်းများကို သူမက လူငယ်များကို ရှင်းပြခဲ့သည်။ ကင်းဆေးအစီရင်ခံစာဆိုသည်မှာ အမေရိကန်အမျိုးသား၊ အမျိုးသမီးများ၏ Sex Life ကို သုတေသနပြုပြီး ဆက်ဆံနည်းဆက်ဆံပုံနည်းလမ်းမှန်၊ နည်းလမ်းကောင်းများကိုရေးသားထားသည့် စာတမ်း ဖြစ်သည်။ ဤအကြောင်းကို သုံးရောင်ခြယ် လုံခြုံရေးကျောင်းသားများက အသိဆုံးဖြစ်သည်။

    ကွန်ပျူတာခန်းအတွင်းမှ အကြောင်းနှင့်ပတ်သက်ပြီး လူသိများလာသည့်အခါ ပုဂ္ဂိုလ်ရေးအရ သိက္ခာဆယ်နိုင်ရန် လူကြီးတစ်ဦးမှ သတိပေးခဲ့သည်။ “အန်ကယ်တို့ အသိအမြင်နဲ့ တိုင်းတာမနေပါနဲ့၊ West မှာ ဒါတွေက Normal Relationship ပါ၊ ကျွန်မဘာလုပ်နေတယ်ဆိုတာ ကျွန်မသိပါတယ်” ဆိုသည့် တုန့်ပြန်မှု ကြောင့် မည်သူမျှ ထပ်မပြောရဲခဲ့တော့ပေ။ ထိုစဉ်က ထိုအမျိုးသမီးကို သြဇာလွှမ်းမိုးနိုင်သူ တစ်ဦးတစ်ယောက် မျှ မရှိခဲ့ပေ။

    ဤအကြောင်းအရာများသည် သာမန်အိမ်ထောင်ရေးကိစ္စသာ ဖြစ်သော်လည်း ကာယကံရှင်များမှာ သာမန်လူများ မဟုတ်ဘဲ အထင်ကရပုဂ္ဂိုလ်များ ဖြစ်ခြင်းကြောင့် နီးစပ်ရာ အသိုင်းအဝိုင်းမှ ဖုံးဖိထားရင်း အမေ့ခံပုံရိပ်တစ်ခု ဖြစ်ခဲ့ရသည်။ ဖြစ်ရပ်မှန်ဟုတ်/မဟုတ်ကိုမူ ၁၉၈၈ နိုဝင်ဘာလမှ ၁၉၈၉ ဇူလိုင်၂၀ အထိတွင် လည်းကောင်း၊ ၁၉၉၆ကမှ ၂၀၀၁ အထိတွင်လည်းကောင်း တက္ကသိုလ်ရိပ်သာလမ်း၊ အင်းယားကန်ဘေးမှ ခြံကြီးအတွင်း နေထိုင်ခဲ့သူအားလုံးမှ သက်သေခံနိုင်သည်။

    နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ…။ ယခုမှ ပြန်လည်ပြောဆိုရခြင်းမှာ ကာယကံရှင်များကို အပုပ်ချလို၍ မဟုတ်ဘဲ ဖြစ်ရပ်မှန်ကို သိစေလို၍သာဖြစ်ပါသည်။ နေရာတိုင်းတွင် ပြီးပြည့်စုံသည့် ပုဂ္ဂိုလ်မရှိသလို၊ အမှားနှင့် ကင်းသောလူဟူ၍လည်း မရှိနိုင်ပါ။ အကောင်းတွေ အများကြီးရှိသလို၊ အဆိုးများလည်းရှိပေသည်။ အထူးသဖြင့် အချစ်ကိစ္စနှင့်ပတ်သက်လျှင် လူတိုင်း မျက်ကန်းတစ္ဆေမကြောက် ဖြစ်သွားတတ်ကြသည်။ အကယ်၍ ကာယကံရှင်အမျိုးသမီးသည် အရင်ယောက်ျား၊ သားသမီးများနှင့်အတူ သာမန်မိသားစုဘဝဖြင့် နေထိုင်နေစဉ် ဖောက်ပြန်သူလူငယ်ရောက်လာပြီး ပြဿနာရှာလျှင် ရပ်ကွက်တွင်သာ သတင်းပျံ့မည် ဖြစ်သော်လည်း အဆင့်တစ်ခုခု၊ နေရာတစ်ခုခု ရထားချိန်တွင်မူ ဖောက်ပြန်ခဲ့သူလူငယ်မှ ပြန်လည်ဖွင့်ချ ပြောဆိုခြင်း၊ အကြပ်ကိုင်အခွင့်အရေးတောင်းခြင်းများ ပြုလုပ်လာပါက ကလင်တန်နှင့် မော်နီကာလူဝင်စကီး တို့ထက် နာမည်ကျော်ကြားသွားနိုင်သလို ဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်သဖြင့် ပြည်သူလူထုလည်း အရှက်ရ စေမည့် အခြေအနေကို ရင်ဆိုင်ရနိုင်ပါသည်။

    ဆန်းသော်လည်း မဆန်းသော… ရိုးသော်လည်း မရိုးသော…. မောင်မောင်မမချစ်ပုံပြင်ကို မျိုးဆက်သစ် မြန်မာလူငယ်များအား သင်ခန်းစာယူတတ်ကြပါစေဟု စေတနာမှန်ဖြင့် အသိပေးတိုက်တွန်းလိုက်ရပါသည်…။

    (ဇော်ဝင်း)

    ReplyDelete
  2. ​ဒေါ်စုလို့မ​ခေါ်သင့်​ဘူး
    အ​မွေစုလို့​ခေါ်သင့်​တယ်

    ReplyDelete

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...