Wednesday, 29 October 2014

တပ်မတော် တောင်းခံငွေ၏ သုံးပုံတစ်ပုံသာ တိုက်ခိုက်ရေးအတွက် သုံးစွဲသည်ဟု ကာကွယ်ရေးဝန်ကြီးရှင်းပြ



နေပြည်တော်၊ အောက်တိုဘာ၂၇

လွှတ်တော်က ခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေ အသုံးစရိတ်များထဲမှ သုံးပုံတစ်ပုံကိုသာ တိုက်ခိုက်ရေးအတွက် တပ်မတော်က သုံးစွဲနေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် တပ်မတော်က တောင်းခံထားသော အသုံးစရိတ်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်ရေး အသုံးစရိတ်မှအပ ကျန်ရှိသည့် ကုန်ကျငွေ အသုံးစရိတ်များမှာ တပ်မတော်သားများအတွက် လစာ၊ စရိတ်နှင့် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေရခြင်း ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ဆိုသည်။

၂၀၁၄-၂၀၁၅ ခုနှစ်အတွက် ကာကွယ်ရေး ဝန်ကြီးဌာနက ငွေကျပ် ၂၃၆၅၈၁၃ ဒသမ ၂၁၈ သန်း တောင်းခံခဲ့ပြီး ယင်းတောင်းခံငွေမှ ၃၄ ဒသမ ၈၉ ရာခိုင်နှုန်းသာ တိုက်ခိုက်ရေးအတွက် အသုံးပြုကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

တပ်မတော်က ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင်မူ ငွေကျပ် ၂၄၈၀၃၄ ဒသမ ၇၂၃ သန်း ထပ်မံတောင်းခံထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။
 
From:OE

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...