Tuesday, 28 October 2014

သတင်းထောက် ခေတ်



သတင်းထောက်က နိုင်ငံရေးသမားနဲ့ပေါင်းပါတယ် နိုင်ငံရေးမလုပ်ပါဘူးအစိုးရတာဝန်ရှိသူတွေနဲ့လည်း ပေါင်းပါတယ် အစိုးရ လော်ဘီမလုပ်ပါဘူးတပ်မတော် တာဝန်ရှိသူတွေနဲ့ ရင်းနှီးလည်း တပ်မတော်ဘက်မျက်နှာမလိုက်ပါဘူးလက်နက်ကိုင်အဖွဲ့တွေနဲ့ ခင်မင်ရင်းနှီးလည်းလက်နက်ကိုင်တွေဘက်လိုက်မရေးပါဘူး


နောက်ပိုင်းမှာ သတင်းထောက်အချို့တွေက နိုင်ငံရေးနဲ့ သတင်းထောက် အလုပ်ကို ရောထွေးလာတာ ကိုတွေ့ရပါတယ်။ အဲဒါရဲ့ အခြေခံကလည်း တချို့ ကိစ္စတွေမှာ အယ်ဒီတာတွေလိုအပ်တာလည်းပါတယ်လို့ထင်တယ်။ နိုင်ငံရေးမှသတင်းထင်ကြတယ်။ နိုင်ငံရေးသတင်းရေးတဲ့ သတင်းထောက်ဆိုရင် မျက်နှာရတယ်။ စီးပွါးရေး သတင်း လူမှုရေးသတင်း ယဉ်ကျေးမှုသတင်းတွေဟာစာမျက်နှာပေါ်ရောက်ဖို့ နောက်ပိုင်းမှာအတော်ခက်လာတယ်။ ကိုယ်တွေ့ပါ။ ဆိုတော့ကာ ဘာဖြစ်ဖြစ် သတင်းထောက်ဟာ သူရေးတဲ့ သတင်းကို စာမျက်နှာပေါ်မြင်ချင်ကြတယ်။

အဲဒိတော့ နိုင်ငံရေး သတင်းတွေကို လိုက်ရေးကြတယ်။ နိုင်ငံေ၇း သမားတွေနဲ့ ပေါင်းသင်းလာကြတယ်။ မြန်မာပြည်မှာက နိုင်ငံရေးလုပ်သူဆိုရင် ဒီနေ့ခေတ်မှာ ဘာရယ်ညာရယ် မဟုတ်ဘူး။ လူအထင်ကြီးကြတယ်။ ပါတီ တံဆိပ် ရင်ဘတ်ထိုးထားရင် ကောက်စိုက်သမ တောင် အကြွေးမတောင်းရဲ တဲံ့ ခေတ်ဖြစ်နေပြီ။
လူမှုရေးယောင်ယောင် နိုင်ငံရေးယောင်ယောင်နဲ့ ရောထွေးနေတဲ့ ခေတ်မှာ သတင်းသမားက အဲဒိယောင်ယောင်တွေကြားထဲမှာ သွားယောင်လို့မရပါဘူး။ ကိုယ့်ရပ်တည်ချက် မှန်ကန်ဖို့လိုပါတယ်။

သတင်းထောက်ဟာ နိုင်ငံရေးနဲ့ရောထွေးရင် သတင်းစာ သြဇာ ကျဆင်းတတ်ပါတယ်။

( ကိုယ့်တစ်ဦးတည်း အမြင်ဖြစ်ပါတယ် မည်သူမဆို ကွဲလွဲနိုင်ပါတယ်)




From: ခိုင်ခိုင်

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...