Friday, 17 October 2014

ဦးနေမျိုးဇင် ကို ယောင်ခြောက်ဆယ်မဖြစ်စေချင်



ဦးနေမျိုးဇင်သည် ပြည်သူ့ဘက်တော်သားဟု အမည်ခံထားခြင်းကို သဘောကျမိသည်။ လုပ်ဆောင်မှုများကိုလည်း အားပေးထောက်ခံပါသည်။ ရဲဝံ့မှုနှင့် ပြောရဲဆိုရဲရှိမှုများကြောင့်လည်း အားရခဲ့ဖူးပါသည်။ သို့သော် ဦးနေမျိုးဇင်၏ ရပ်တည်ချက်မခိုင်မာမှုနှင့် အလှူငွေသုံးစွဲမှုနှင့် ပတ်သက်၍ သံသယဖြစ်စရာများ၊ မေးခွန်းထုတ်စရာများစွာလည်း ရှိနေသည်။

ဦးနေမျိုးဇင်မှာ ပါတီဝင်တစ်ဦးမဟုတ်သည့်အပြင် နိုင်ငံရေးသမားတစ်ဦးမဟုတ်ပါ၊ သမိုင်းကောင်းခဲ့သူလည်းမဟုတ်သလို ၁၉၈၈၊ ၁၉၉၀၊ ၂၀၀၇ နှင့် အခြားမြန်မာနိုင်ငံအတွက် အရေးပါသည့်အချိန်များက ပါဝင်ခဲ့ဖူးသူလည်းမဟုတ်ပါ။ မကြာသေးမီကသာ ထောင်ကျပြီးနောက် နာမည်ကြီးလာသူတစ်ဦးဟု မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းမှ လက်ခံထားကာ အရောဝင်မှုများ ရှိသော်လည်း နိုင်ငံရေးအင်အားစုများက ခပ်ခွာခွာနေခဲ့ကြသည်ကို သတိပြုမိသည်။ ဒီချုပ်သို့ ချဉ်းကပ်ခဲ့ဖူးသလို၊ ၈၈ ငြိမ်းပွင့်ကိုလည်း ဝင်ရောခဲ့ဖူးသည်။ ပန်းရဲ့လမ်းတွင်လည်း ပါဝင်ခဲ့ဖူးသလို၊ နိုင်ကျဉ်းအဖွဲ့တွင် နေရာရမလားကြိုးစားခဲ့ဖူးသည်။ ဖြူနှင်းထွေးအကြောင်းပြ၍ ဗကသနှင့် ပူးပေါင်းရန် ကြိုးစားခဲ့ဖူးသည်။ ပြည်ပရောက် စစ်မှူထမ်းဟောင်းများအဖွဲ့ (PWVB) မှ လက်ခံခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ထုတ်ပယ်ခဲ့တာကြောင့် ယနေ့အချိန်ထိ မည်သူမျှလက်မခံ၍ တစ်ဦးတည်းရပ်တည် နေရသူဖြစ်သည်။

နောက်ပိုင်းတွင် ကိုထင်ကျော်၊ ဦးဝင်းချို၊ ဦးကိုနီတို့နှင့် မကြာခဏ ပူးပေါင်းလာသည်။ ပူးပေါင်းသည်မှာလည်း လူစိတ်ဝင်စားသည့် အမှုအခင်းများ ဖြစ်ပွားနေမှုကို ပေါ်ပင်လိုက်ကာ ပူးပေါင်းခြင်းဖြစ်သည်။ သို့သော် အဆုံးထိလုပ်ဆောင်သည့် အလုပ်ဟူ၍ မရှိပေ။
လိုင်ဇာအထိ လမ်းလျှောက်သည်ဟုဆိုကာ လှုပ်ရှားခဲ့ဖူးသည်။ နောက်ပိုင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် မတွေ့ရတော့။ ဦးကိုနီနှင့် ဗိုလ်စိန်မှန်ကွင်းတွင် ခြေဥပြင်ရေး ဟောပြောခဲ့ဖူးသည်။ နောက်ပိုင်းတွင် ဆက်မလုပ်ပြန်တော့။ ကိုထင်ကျော်နှင့် ပူးပေါင်းခဲ့ဖူးသည်။ သို့သော် နောက်ပိုင်း လွတ်မြောက်ရေး ဆန္ဒပြမှုများတွင် မပါတော့။ လိပ်ကျွန်းလူသတ်မှု စွပ်စွဲခံ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးအတွက် တစ်ကြိမ်ဆန္ဒပြခဲ့သည်။ ယခုဘာမှမလုပ်ပြန်တော့သည့်အပြင် လုပ်ခဲ့သမျှလည်း တစ်ခုမျှ အောင်မြင်ခြင်းမရှိသေးပေ။

ဦးနေမျိုးဇင်အနေဖြင့် ရပ်တည်ချက်တိတိကျကျ တစ်ခုတည်းထားကာ ဦးတည် လျှောက်လှမ်း ဖို့လိုအပ်သည်။ အခြားအဖွဲ့အစည်းများတွင် သီးခြားအထောက်အပံ့ရှိသော်လည်း ဦးနေမျိုးဇင်က ပြည်တွင်း/ပြည်ပက အလှူရှင်ပြည်သူတို့၏ ချွေးနည်းစာဖြင့် ရပ်တည်နေရသူဖြစ်သည်။ ကိုယ်ပိုင် သမိုင်းမရှိသူဖြစ်သလို ကိုယ်ပိုင်အိတ်စိုက်လုပ်သူမဟုတ်သဖြင့် ထမင်းရှင်များကို ပေါ်ပင်နောက်သို့ ခဏတာလိုက်ကာ လှည့်စားခြင်းမလုပ်ဘဲ အလှူငွေကို စာရင်းဇယားဖြင့် ထုတ်ပြန်သုံးစွဲသင့်ကြောင်း သတိပေးလိုပါသည်။

From: (သားစိုး)

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...