Tuesday, 28 October 2014

ခါတော်မီ ကိုပါကြီးအတွက်.....


ဒီနေ့ စတေးတပ်စ်ကတော့ …
ခါတော်မီ ကိုပါကြီး ဖြစ်သွားပြီး …
ဆန္ဒပြပွဲတွေ အားချင်းလုပ်ဖို့  …
စီစဉ်နေသူများ အတွက် ….
သတင်းဆိုးပါပဲ …

ဟုတ်ပါတယ် …
အောက်တိုဘာ ၂၅ရက်နေ့ မှာပဲ …
ကိုပါကြီး သေဆုံးတဲ့ ဖြစ်စဉ်ကို …
ကျိုက်မရော မြို့ မရဲစခန်းက …
လူပျောက်မှုကနေပြီးတော့ …
သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၄ နဲ့  …
အမှုပြောင်းလဲ ဖွင့်လှစ်ပေးလိုက်ပါပြီ…

တစ်နည်းပြောရရင်တော့ …
အစိုးရက ဒီကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ …
စလုပ်တော့မယ် ဆိုတဲ့  အဓိပ္ပာယ်ပါပဲ …

ဒီနေရာမှာ …
သေမှုသေခင်း ဖွင့်တယ် ဆိုတာ ….
ဘယ်လို ဆိုတဲ့ အကြောင်း …
အားလုံးနားလည်အောင် …
ကျွန်တော် အတတ်နိုင်ဆုံး ရှင်းလင်းကြည့်ပါမယ် …

လူတစ်ယောက်ဟာ …
ဓမ္မတာ အတိုင်း မဟုတ်ပဲ သေဆုံးခဲ့ရင် …
သေဆုံးရခြင်း အကြောင်းကို ….
သေမှုသေခင်း ဖွင့် စစ်ဆေးရပါတယ် …

သေမှုသေခင်း ဖွင့်လှစ်ပြီးတာနဲ့  …
ရဲ အရာရှိဟာ ဖြစ်စဉ်ကို …
အသေးစိတ် စတင်စုံစမ်းပါလိမ့်မယ် …
ဖြစ်စဉ်မှာပါဝင်တဲ့ သူတွေ အားလုံး …
မျက်မြင်သက်သေတွေ အားလုံးကို …
သွားရောက် စစ်ဆေးပြီး …
ထွက်ချက်များ ရယူပါလိမ့်မယ် ….

မြေမြုပ်ထားတဲ့  အလောင်းတစ်ခုကို ….
သွားရောက်ဖော်ယူတော့မယ်ဆိုရင် …
ကျင့်ထုံးပုဒ်မ ၁၇၆(၂) အရ …
တရားသူကြီး တစ်ဦးဆီက ခွင့်ပြုမိန့် တောင်းခံရပါမယ် …
အလောင်းဟာ ...
သုံးပတ်ထက် ကျော်လွန်နေပြီဆိုရင်တော့ …
မြို့ နယ်ဆရာဝန် ရဲ့ ခွင့်ပြုချက်ပါ လိုပါတယ် ….
အလောင်းဖော်တဲ့ အခါ …
သူ့ သက်ဆိုင်ရာဌာနတွေနဲ့  …
မျက်မြင်သက်သေတွေ ပါ ပါရပါတယ် …

အလောင်းစစ်ဆေးတဲ့ နည်းတွေကတော့ …
CID , မှုခင်းဆရာဝန်ကြီးနဲ့  ….
သူ့ သက်ဆိုင်ရာ ပညာရှင်တွေ လုပ်ပါလိမ့်မယ် …
ပြောရရင်တော့ ….
အခုလို တစ်လမပြည့်သေးတဲ့  အလောင်းကို မပြောနဲ့  …
တစ်နှစ် နီးပါးကြာတဲ့ အလောင်းကိုတောင်မှ ….
စနစ်တကျ စစ်ဆေးလို့ ရပါတယ် …

အလောင်းက အရိုးတွေ ကျိုးနေသလား …
ဘယ်နှစ်ခု ကျိုးသလဲ …
ဘယ်အရိုးတွေ ကျိုးသလဲ …
သေနတ်ဒဏ်ရာဆို ကျည်စကျည်နတွေရှိလား …
အဆိပ်မိသလား ….
တကယ်လို့ အဆိပ်မိတယ်ဆိုရင် …
အလောင်းပေါ်က မြေမှုန်တွေကို …
မှုခင်းဓာတ်ခွဲခန်းကို ပို့ ဖို့ လိုမလား ….
စသဖြင့် စသဖြင့် ….
စစ်ဆေးတဲ့ နည်းတွေကတော့ ….
အများကြီးပဲ ဖြစ်ပါတယ် …

မူခင်းဆရာဝန်ကြီးရဲ့  ….
ဆေးစာထွက်လာပြီဆိုရင်တော့ …
ရဲတပ်ဖွဲ့ အနေနဲ့  ….
အခြားစုံစမ်းစစ်ဆေးချက်တွေနဲ့  ပူးပေါင်းပြီး …
အမှုကို တည်ဆောက်ပါလိမ့်မယ် ….

သေမှုသေခင်းနဲ့ ပဲ ရုံးကိုတင်သင့်သလား ….
ဒါမှမဟုတ် …
လူသေမှု နဲ့  တရားစွဲသင့်လား ….
လူသတ်မှုနဲ့  တရားစွဲသင့်လားဆိုတာ …
မြို့ နယ် ဥပဒေရုံးကို …
ဥပဒေ အကြံပြုချက် တောင်းခံပါလိမ့်မယ် …
ပြီးရင်တော့ …
အမှုတွဲကို တရားရုံးကို တင်ပို့ ရမှာပါ …

တရားရုံးအနေနဲ့ ကတော့ …
အမှုတွဲထဲမှာပါတဲ့  သက်သေတွေအားလုံးကို …
ရုံးမှာ ခေါ်ယူစစ်ဆေးမှာ ဖြစ်ပါတယ် …
ပြီးရင်တော့ တွေ့ ရှိချက်အပေါ်မူတည်ပြီး …
အမှုကို အမိန့် ချပါလိမ့်မယ် …
ဒါက ပရိုဆီဂျာ ဖြစ်ပါတယ် …

အဲဒီတော့ ပြောရရင် …
ဒီကိစ္စဟာ …
ကိုပါကြီးအရေး စုံစမ်းစစ်ဆေးပေး ဆိုသူတွေအတွက် …
ဘာဆက်အော်ရမှန်း မသိတော့ဘဲ …
ခေါင်းစဉ် ပျောက်သွားစေပါတယ် ….

ဒါမှမဟုတ် … မပျောက်ပါဘူး .....
ကျွန်တော်တို့ က ဆက်ပြီး ဆန္ဒပြအုန်းမယ် …
ကိုပါကြီး အရေး စုံစမ်းစစ်ဆေးပေးလို့  …
ဆက် အော်ချင်သေးလို့ ပါ …
အော်လို့  မ၀သေးလို့ ပါ ဆိုရင်လဲ ….
သဘောရှိ ကလောဟိပါပဲ ….

ဓာတ်ပုံလေးကတော့ ….
၂၀၁၄ လော်ခီးလာညီလာခံတုန်းက …
ကိုပါကြီး နဲ့  စောဆန်းအောင်တို့ …
အတူ ရိုက်ထားတဲ့ ပုံ ဖြစ်ပါတယ် …

၂၀၁၀တုန်းက ကိုပါကြီး ပုံဟောင်းတွေလာတင်ပြီး …
လျှောက်ပြောနေတာပါ ဆိုသူတွေအတွက် …
မေတ္တာလက်ဆောင် ပါ …

အားလုံး သံသယကင်းအောင် …
သေမှုသေခင်း ဖွင့်ခွင့်ပြုလိုက်တဲ့  အစိုးရကိုတော့ …
အင်မတန်ကောင်းတဲ့  လုပ်ဆောင်ချက်တစ်ခုပါလို့  …
မှတ်ချက်ပြုလိုက်ပါတယ် …. ။ ။

From: ( ရဲမိုး )

www.mmdailystar.com

1 comments:

  1. သူပုန်ဟာသူပုန်ပါဘဲ အားအားရားရား
    အလုပ်မရှိအကိုင်မရှိကောင်တွေဟောင်
    နေတာကိုဂရုစိုက်စရာမလိုပါ။

    ReplyDelete

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...