Sunday, 19 October 2014

စစ်တက္ကသိုလ်မှ အငြိမ်းစားသက်ကြီးဆရာများအား ကူညီရန် ဖောင်ဒေးရှင်းတစ်ခုတည်ထောင်ရန် စီစဉ်



စစ်တက္ကသိုလ် စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ ယနေ့အထိ ပညာသင်ကြားပေးခဲ့သော အသက် (၆၀)နှစ်အထက် အငြိမ်းစား ဆရာ၊ ဆရာမကြီးများအတွက် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စများ ကူညီထောက်ပံ့နိုင်ရန် ချယ်ရီရိပ်အမည်ဖြင့် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ ဖောင်ဒေးရှင်းကို ၂၀၁၅ အတွင်း စတင်ဖွဲ့စည်းသွားမည်ဖြစ်ပြီး အသက် (၆၀) အထက် အငြိမ်းစား ဆရာ၊ ဆရာမကြီးများ၏ နေအိမ်များသို့ သွားရောက်၍ အားပေးခြင်း၊ ငွေကြေးအကူအညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အကျိုးဆောင်အဖွဲ့မှ သိရသည်။

‘‘ဗိုလ်လောင်းအမှတ်စဉ်အ လိုက် အာစရိယပူဇော်ပွဲတွေ လုပ် တဲ့အခါကျတော့ တချို့ဆရာကြီး၊ ဆရာမကြီးတွေမှာ အသက်ကြီး လာပြီးတော့ မကျန်းမာတဲ့အခါမှာငွေရေးကြေးရေး အခက်အခဲရှိ တာတွေ တွေ့ရတယ်။ ဒါကို ၀ိုင်း ပြီးတော့ ကူညီပေးပါဦးလို့ မှာခဲ့ တဲ့အတွက်ကြောင့် တည်ထောင်ဖို့စီစဉ်ဖြစ်တာပါ။ နိုင်ငံတစ်ဝန်းလုံး မှာ လုပ်မှာဆိုတော့ ပြည်ထဲရေး ၀န်ကြီးဌာနကို တင်ပြရဦးမှာဆို တော့ ၂၀၁၅ လောက်မှာ စလုပ် ဖြစ်မယ်’’ဟု ချယ်ရီရိပ်ဖောင်ဒေး ရှင်းဖြစ်မြောက်ရေးအကျိုးဆောင်အဖွဲ့မှ ဦးခင်မောင်ထွန်းက ပြော သည်။

အဆိုပါ ဖောင်ဒေးရှင်း ရုံးကို ပြင်ဦးလွင်မြို့တွင် ဖွင့်လှစ်၍ ရန်ကုန်၊ မန္တလေးစသည့်မြို့များရှိ အဖွဲ့ဝင်များမှတစ်ဆင့် ဒေသအ သီးသီးတွင် နေထိုင်လျက်ရှိသည့် ဆရာ၊ ဆရာမကြီးများအား ငွေကြေးအထောက်အပံ့အကူအညီများ ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အငြိမ်းစား ဆရာ၊ ဆရာမကြီးများ (အရာရှိ/အခြားအဆင့်)ကို ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကိစ္စများ ကူညီထောက်ပံ့နိုင်ရန် ဗိုလ်လောင်းအမှတ်စဉ် အလိုက် ပြုလုပ်သော အာစရိယပူဇော်ပွဲများ၌ စိစစ်အတည်ပြုထားသည့် ဆရာများ၏ လက်ရှိနေရပ်လိပ်စာများနှင့် ဗိုလ်လောင်းအ မှတ်စဉ်အလိုက် တာဝန်ခံဆက် သွယ်နိုင်မည့် ပုဂ္ဂိုလ် သုံးဦးမှ ငါးဦးအထိ အမည်စာရင်းများကို အကျိုး ဆောင်အဖွဲ့သို့ ဆက်သွယ်ပေးပို့ ရန် နှိုးဆော်ထားသည်။

‘‘အခုကတည်းက ကျန်းမာ ရေးလိုအပ်တဲ့ဆရာကြီး၊ ဆရာမ ကြီးအချို့ကို ကျန်းမာရေးစောင့် ရှောက်မှုတွေ၊ ကျန်းမာရေးစစ် ဆေးမှုတွေကို စတင်ပြုလုပ်ပေး နေပါတယ်။ တရားဝင် အဖွဲ့အ စည်းကတော့ ၂၀၁၅ မှာ ဖွဲ့စည်း သွားပါမယ်’’ဟု အကျိုးဆောင် အဖွဲ့မှ ဦးဉာဏ်လင်းက ပြောသည်။

အဆိုပါဖောင်ဒေးရှင်းသို့ ရန်ပုံငွေပါဝင်လှူဒါန်းလိုပါက ဘဏ်စာရင်းအမှတ် ၀၃၉၁၂၂၀၀၁၇၇၇၁(ဦးဉာဏ်လင်း/ဦးစိုင်းဝင်းဟန်)သို့ လှူဒါန်းသူ၏ အမည်၊ ဗိုလ် လောင်းအမှတ်၊ သင်တန်းအမှတ် စဉ်၊ နေရပ်လိပ်စာနှင့်အတူ လှူ ဒါန်းနိုင်ကြောင်း အကျိုးဆောင် အဖွဲ့မှ သိရသည်။ စစ်တက္ကသိုလ်ကို ၁၉၅၄ ခုနှစ်၊ သြဂုတ် ၁ ရက်တွင် ရှမ်းပြည်နယ်၊ ဗထူးတပ်မြို့ ၌ စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ၁၉၅၇ ခုနှစ်၊ ဇွန်လ ၂၀ ရက်မှစ၍ ယနေ့အထိ မန္တလေးတိုင်း၊ ပြင်ဦး လွင်မြို့သို့ ပြောင်းရွှေ့ဖွင့်လှစ် ကာ ဗိုလ်လောင်းသင်တန်းများလေ့ကျင့်သင်ကြားပေးလျက် ရှိ သည်။

From: 7Day

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...