Monday, 27 October 2014

ဦးပိုင်ကြီးဖျက်သိမ်းပါ လို့ သာ အော် ကြသူများ..... လွှတ်တော်အတွင်းက တမတ်သား ဘာ့ကြောင့်ထားလဲ ဆိုသူများ......

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု က
Military Operation အတွက်
ကျပ်သန်း ၃၀၀ ကိုများလွန်းတယ်
ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ကာလမှာ
စစ်ရေးအသုံးစားရိတ်
လျှော့သုံးသင့်တယ် လို့ ဆိုတယ် ။
ဦးပိုင်ကြီးဖျက်သိမ်းပါ လို့ သာ အော် ကြ တယ် ။
ဘာကြောင့် ရှိလာတယ်ဆိုတဲ့
ဇစ်မြစ် ကိုနားမလည်သလို
ဘယ်လိုလုပ်ဆောင်ရင်တော့
ဖျက်သိမ်းနိုင်တယ်ဆိုတဲ့
စဉ်းစား/တွေးခေါ်မှုမျိုးလည်း မလုပ်ကြဘူး။
ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ အတွက်
စစ်ရေးအသုံးစားရိတ်ကို
လျှော့သုံးသင့်တယ်ဆိုလို့
တခြားနိုင်ငံတွေက ဂရပ်တွေ ယူကြည့်ကြည့်ပါ ။
အတော်များများ ဒီမိုကရေစီကျင့်သုံးနေတဲ့နိုင်ငံတွေ
ဒီမိုကရေစီ ဖော်ဆောင်နေတဲ့နိုင်ငံတွေပါ ။
အောက်ကို ထိုးကျသွားတယ်ဆိုတဲ့
ဂရပ်ရှိမရှိ ကြည့်စေချင်တယ် ။
ဒေါ်နန်းဝါနု ပြောသလိုဆိုရင်
အားလုံး က အာဏာရှင်စနစ်ကို
ဖော်ဆောင် နေသလိုဖြစ်နေတယ် ။
ဦးပိုင်ရှိနေတာ စောက်လုပ်ရှုပ်ပါတယ် ။
တပ်တစ်တပ် ရဲ့ တပ်ကိစ္စအပြင်
အဲဒီသွင်းငွေ / ထုတ်ငွေ တွေ နဲ့
ဘယ်လောက်လုံးပမ်းရလဲဆိုတာ
တပ်က ရေး/ထောက်တွေ အသိဆုံး ။
လကုန်လာရင် စစ်သည်တွေ ရဲ့
မလောက်မငှ လစာ ထဲက နေ
အချိုးကျထည့်ဝင်ဖို့
မျက်နှာတွေကို ဘယ်လို စိတ်နဲ့ကြည့်နေရတယ်ဆိုတာ
ဦးစီးအရာရှိတွေ အသိဆုံး ။
ခုချိန်ထိ နိုင်ငံ ဘက်ဂျက် က နေ
စစ်မှုထမ်းတွေအတွက်
လစာငွေ တွေ မပေးနိုင်သေးဘူး
ပေးတဲ့ ဘက်ဂျက် က
မဟာဗျူဟာမြောက်စစ်လက်နက်ပစ္စည်းတွေ
ဝယ်တာ နဲ့ ကုန်တယ် ။
ရေပေါ်ဆီ လူတန်းစားတွေ
အကျင့်ပျက်နေသူတွေ ရှိတယ်ဆိုတာ မှန်ပါတယ်
သို့သော် ဦးပိုင်ဖျက်သိမ်းလိုက်ရင်
အဲဒီလစာ ရိက္ခာငွေ တွေ ဘယ်လိုရပ်တည်မလဲ
တခြားနိုင်ငံတွေနဲ့ ပုခုံးချင်းယှဉ်နိုင်တဲ့
တပ်မတော်ဖြစ်အောင် ဘယ်လိုတည်ဆောက်မလဲ ဆိုတာ
ဘယ်သူမှ အာမခံချက်မပေးနိုင်ကြသေးဘူး ။
နည်းလမ်းလည်း မရှိသေးဘူး ။
တပ်မတော် ဟာ
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တဲ့
လုပ်ရပ်မျိုး မလုပ်အောင်
စစ်သည်တွေပေါ် စာနာနားလည်စိတ်ရှိရဲ့လား
ဆိုတော့ လည်း မရှိဘူး ။
အဓိက က နိုင်ငံရေးအမြတ်ထွက်ဖို့
နိုင်ငံ ရေး နေရာရဖို့
အာဏာ လက်ဝယ်ရရှိဖို့လောက်သာ
အာသီသရှိကြတယ် ။
တစ်နှစ်စာ military operation အတွက်
အဆိုပြုတဲ့ ငွေ ဟာ မြန်မာငွေ ကျပ်သန်း ၃၀၀ ပါ
အမေရိကန် ဒေါ်လာ နဲ့ တွက်ရင် ၃ သိန်းပါ
မဇ်ဇိုင်းတစ်လုံးဖိုးတောင် မရှိတဲ့ ငွေ ဖြစ်ပါတယ် ။
အဲဒီ ကျပ်ငွေ သန်း ၃၀၀ ဆိုတာ
တစ်ရက် အသုံးစားရိတ်
၈ သိန်း ၂ သောင်းကျော်ပဲရှိပါတယ်။
အဲဒါ တပ်မတော် တစ်ရပ်လုံး
စစ်သည် ၄ သိန်းစာအတွက်ပါ
လွှတ်တော် ကိုယ်စားလှယ် ၆၄၆ ယောက်အတွက်
တစ်ရက်လွှတ်တော်စားရိတ်ဟာ
သိန်း ၃၀ ကျော်ရှိပါတယ် ။
ယူအက်စ် စစ်သည်တစ်ယောက်မှာ
ဝတ်ဆင်ထားတဲ့ ယူနီဖောင်း တစ်စုံဟာ
ကျည်ကာဟဲလ်မတ် ၊ ကျည်ကာအင်းကျီ မပါ
equipment မပါ ဒေါ်လာ ၁၀၀၀ ကျော်ရှိတယ်
မြန်မာငွေ နဲ့ တွက်ရင် ၁၀ သိန်းနီးပါး ဖြစ်ပါတယ် ။
မြန်မာ့တပ်မတော် က စစ်သည်တွေ အတွက်
ရှေ့တန်းမှာ ၆ လစကေးလ်နဲ့ ထုတ်ပေးတဲ့ ယူနီဖောင်း
တောစီးဖိနပ် ခံလှပါတယ်ဆိုရင် ၃ လပေါ့
ဖာလိုက်ပြဲလိုက် ချုပ်မရတော့ တဲ့ အဆုံး
ကျွတ်ကိုက်ခံ ဘောလုံးကန်ဘောင်းဘီဝတ်
သုံးမရတော့တဲ့ ကျောပိုးအိတ်ပစ်...
ကြိမ်ခြင်းတောင်းလွယ် ၊ ပါလာတဲ့ စလစ်ပါ ချစီး
တောထဲမှာ မျှစ်ချိုးစားလိုက်
ငှက်ပျောအူထုတ်စားလိုက်
ကောက်ကောက်ညွန့် ခူးစားလိုက်
ခွေးသေးပန်းရွက် ခူးစားလိုက်
စားခဲ့ ရတဲ့ ဘဝတွေ ကို ပြန်သတိရတိုင်း
ခင်ဗျားတို့ ပါးစပ်က
စေတနာဆိုတဲ့ စကားတွေကို ရွံတယ် ။
အာဏာရှင်စနစ် မုန်းပါတယ်
ခြစားမှုတွေ ၊ မမျှတမှုတွေကို
ကိုယ်တိုင် တတ်နိုင်တဲ့ နေရာက
ရှောင်ရှားခဲ့တယ် ။ တားဆီးခဲ့တယ် ။
ဒါပေမဲ့ အဲဒီ အတွေးတွေ
အဲဒီအကွက်တွေ ကို ကြိုမြင် လို့
မလုပ်သင့် မလုပ်ထိုက်တဲ့ ကြားက
ဦးပိုင်ဆိုတာကြီးကို ဖွဲ့သွားတဲ့
စစ်ခေါင်းဆောင်တွေ လုပ်ရပ်ကို
လက်ခံနေရတုန်းပဲ ။
သူတို့ဖာသာ သူတို့
ကောင်းချင်မှ ကောင်းလိမ့်မယ် ။
ဒါပေမဲ့ သူတို့ အတွေးမှန်တယ် ။
( Credit - ရုပ်ဆိုး )
========================
ဒါကတော့ ညီလေးရုပ်ဆိုးစာကို
ကျွန်တော် ထပ်ဖြည့်ချင်တာပါ ...
တစ်မတ်သားကို ထည့်သွားခဲ့တဲ့ ...
သူတို့ အတွေးလဲ မှန်တယ် ...
၄၃၆ ကို ပြင်ရင် ...
တစ်မတ်သားကို လွှတ်တော်ထဲက ...
ထုတ်ပြစ်လိမ့်မယ် ...
တစ်မတ်သား ထွက်သွားပြီးရင် ...
ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ...
ဒီကိစ္စနဲ့  မှန်းကြည့်လို့ ရတယ် ...
လက်နက်ကိုင် ၂သိန်းရှိတဲ့ တိုင်းပြည်မှာ ...
စစ်တပ်ကို အင်အားကောင်းအောင် ...
စစ်ခေါင်းဆောင်တွေက လုပ်ခဲ့တယ် ...
ဒီစစ်တပ်ကို မယှဉ်နိုင်တော့တဲ့  လက်နက်ကိုင်တွေဟာ ....
နိုင်ငံရေးပါတီတွေ နဲ့  ပူးပေါင်းပြီး ...
လွှတ်တော်ထဲက တစ်ဆင့် ...
တပ်မတော်ကို အင်အားချိနဲ့ အောင် ...
လုပ်မလာပါဘူး လို့  ...
ဘယ်သူ တာဝန်ယူလဲ ...?
ထပ်ပြောမယ် ....
တစ်မတ်သားကို ထည့်သွားခဲ့တဲ့ ...
သူတို့ အတွေး မှန်တယ် ... ။ ။

From:Ye Moe

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...