Wednesday, 8 October 2014

အကြမ်းဖက် IS အဖွဲ့ မြို့တစ်မြို့ထပ်သိမ်းပြန်

အီရတ်နိုင်ငံအနောက်ပိုင်း အန်ဘာပြည်နယ်ရှိ မြို့တစ်ြမို့ကို
အစ္စလာမ္မစ် နိုင်ငံ အကြမ်းဖက်အုပ်စု (အိုင်အက်စ်)
လက်နက်ကိုင်များက အောက်တိုဘာ၎ ရက်တွင် စီးနင်းသိမ်းပိုက်ခဲ့ကြောင်း
စစ်မြေပြင်မှထွက်ပြေးလာသူ အီရတ်ပြည်သူများက ပြောကြားသည်။
အလားတူ အန်ဘာပြည်နယ်ရာမာဒီမြို့တော် အနောက်ဘက်
တစ်လွှားရှိ မြို့ငယ်များကို ခိုင်ခိုင်မာမာထိန်းချုပ်နိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိ
သော အိုင်အက်စ် အကြမ်းဖက်အုပ်စုသည် ကူဘိုင်ဆာအမည်ရှိမြို့ကို ထိန်းချုပ်
လိုက်ပြီဖြစ်ကြောင်း အီရတ် စစ်ဘက်တာဝန်ရှိသူတစ်ဦးက အတည်ပြုခဲ့သည်။
အစ္စလာမ္မစ်နိုင်ငံ အကြမ်းဖက်အုပ်စုလက်ဝယ်သို့ ကူဘိုင်ဆာမြို့ကျခဲ့ရ
ပြီးနောက် အန်ဘာပြည်နယ် အနောက်ပိုင်းရှိ ဟာဒီသာဆည်ကို ကာကွယ်ထား
နိုင်ရေးအတွက် အီရတ် တပ်ဖွဲ့များအသုံးပြုနေရသည့် အင်အယ်လ်အေဆက်ဒ်
အမည်ရှိ လေတပ်အခြေစိုက်စခန်းမှာအန္တရာယ်ဇုန်အတွင်း ကျရောက်သွားပြီ
ဖြစ်သည်။အင်အေဆက်ဒ်လေတပ် အခြေစိုက်စခန်းသည် အစ္စလာမ္မစ် နိုင်ငံ အကြမ်း
ဖက်အုပ်စုလက်ဝယ် ကျရောက်နေသောဟစ်သ် အမည်ရှိမြို့နှင့် ကူဘိုင်ဆာမြို့ တို့
၏အလွန်တွင် တည်ရှိသည်။
ကူဘိုင်ဆာမြို့ကို အိုင်အက်စ်အကြမ်းဖက်အုပ်စုဝင်များ ၀င်ရောက်
စီးနင်းစဉ်အတွင်း အနည်းဆုံး အရပ်သားနှစ်ဦး သေဆုံးခဲ့ရပြီး ခြောက်ဦးဒဏ်ရာရရှိ
ခဲ့ကြောင်း သတင်းများ၌ ဖော်ပြထား
သည်။
လက်ရှိအချိန်တွင် အိုင်အက်စ်အကြမ်းဖက်အုပ်စုသည် မြောက်ပိုင်းမြို့
တော် မိုဆူးလ်အပါအ၀င် အီရတ်နိုင်ငံအနောက်ပိုင်းနှင့် မြောက်ပိုင်းဒေသ
နယ်မြေများကို ထိန်းချုပ်ထားသည်။
ရိုက်တာ

From: စံတော်ချိန်

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...