Sunday, 26 October 2014

KKO ဗိုလ်ကြီးအောင်နိုင် ကိစ္စ ၊ အတင်းမယုံခိုင်းပါ



ဆန်းအောင် အဖွဲ့ မှ ...
ဗကအဆင့်ရှိ အောင်နိုင်(ခ)ပါကြီး သည် …
စက်တင်ဘာ ၂၆ ရက်နေ့ တွင် …
ဆန်းအောင် ၊ ယာဉ်မောင်းတစ်ဦးတို့ နှင့်အတူ …
ယာဉ်အမှတ်- 4G 4305 Ford Ranger ကားအဖြူဖြင့် …
ရန်ကုန် -မော်လမြိုင် - မုဒုံ-ချောင်းနှစ်ခွ လမ်းကြောင်းအတိုင်း ..
ဝင်ရောက်လာခဲ့ပြီး …
ကျိုက်မရောအခြေစိုက် ခမရ ၂၀၈မှ ....
လက်နက်များ သိမ်းဆည်းသွားခဲ့သော ....
စောဝင်းဇော်ဦးစီး ၂၀ဦးနှင့် …
ရွှေဝါချောင်တွင် ထိုနေ့ ညနေပိုင်းတွင် …
ပူးပေါင်း အခြေပြုခဲ့ပါသည် ….

စက်တင်ဘာ ၂၇ ရက်နေ့ နံနက်အစောစော …
ရွှေဝါချောင်ရွာမှ တပ်ဆုတ်ခွာရန် ပြင်ဆင်နေစဉ်…
နယ်မြေခံ တပ်မတော်စစ်ကြောင်းနှင့် …
တိုက်ပွဲ ဖြစ်ပွားခဲ့ ပြီး …
ဆန်းအောင်ဦးစီး အဖွဲ့ သည် တောင်ဘက်သို့ ဆုတ်ခွာ ၍ …
ရွှေဝါချောင် အနီးတောင်ကုန်းများတွင် …
တပ်ဖျောက်အခြေပြုခဲ့ပါသည် ….

စက်တင်ဘာ၂၈တွင် …
နယ်မြေရှင်းလင်းနေသော …
တပ်မ ၂၂ လက်အောက်ခံတပ်များနှင့် …
ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆုတ်ခွာခဲ့ရကာ …
အနီးတ၀ိုက်ရှိ တောအတွင်းတွင် …
စက်တင်ဘာ ၂၈ ၊ ၂၉ ရက်နေ့ များတွင်..
ပုန်းအောင်းနေခဲ့ရပါသည် ….

စက်တင်ဘာ ၃၀ရက်တွင် …
ဆန်းအောင်သည် အောင်နိုင်(ခ)ပါကြီးအား …
အရပ်ဝတ်လဲလှယ်စေပြီး …
လိုအပ်သော ဆက်သွယ်မှုများပြုလုပ်ရန် …
မြ၀တီသို့ စေလွှတ်ခဲ့စဉ် …
အတ္တရံ မြစ်ကြောင်းတစ်လျောက် ပိတ်ဆို့ ထားသော …
တပ်မ ၂၂ လက်အောက်ခံ တပ်များနှင့် …
လုံခြုံရေး တာဝန်ကျ ရဲတပ်ဖွဲ့ က …
ဖမ်းဆီးရမိခဲ့ပါသည် ….

ထိုသို့  ဖမ်းဆီးရမိခဲ့စဉ် …
၎င်းထံမှ စက်တင်ဘာ၂၆ရက်နေ့  ၌ဖြစ်ပွားခဲ့သော …
တပ်မတော် နှင့် ရဲတပ်ဖွဲ့ ဝင်များအား …
ဖမ်းဆီးထိန်းသိမ်းမှု ပုံများပါဝင်သည့် …
မင်မိုရီကဒ်များ သိမ်းဆည်းရမိခဲ့ပါသည် …

စစ်ကြောဖော်ထုတ်ချက်များ အရ …
အောင်နိုင် (ခ) ပါကြီးမှာ ဆန်းအောင်၏ တပည့်ဖြစ်ခြင်း …
ရွှေဝါချောင် တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သော …
တပ်ဖွဲ့ ဝင်တစ်ဦး ဖြစ်နေခြင်းတို့ ကြောင့် …
ပိတ်ဆို့ ရှင်းလင်းရေးဆောင်ရွက်နေသော …
ရှေ့ တန်း စစ်ကြောင်းသို့  …
အောက်တိုဘာလ ၄ ရက်နေ့ တွင် …
လွှဲပြောင်းပေးအပ်ခဲ့ပါသည် …..

ရှေ့ တန်းစစ်ကြောင်းများသည် …
ရွှေဝါချောင် အနီးတစ်ဝိုက်ရှိ …
ဆန်းအောင်နှင့်အဖွဲ့  …
၂၆၊၂၇၊၂၈၊၂၉ ရက်နေ့ များတွင် …
ပုန်းအောင်း အခြေပြုခဲ့သောနေရာများနှင့် …
လက်နက်များ ၀ှက်ထားသော နေရာများအား …
အောင်နိုင် (ခ) ပါကြီး၏ ...
လိုက်လံပြသပေးမှု နှင့်အတူ ရှင်းလင်းခဲ့ရာ …
ဝှက်ထားသော
မိုင်းနှင့် ဆက်စပ်ပစ္စည်းများ …
ခမရ ၂၀၈ မှ သိမ်းယူသွားသော ပစ္စတို တစ်လက်နှင့် …
ချေမှုန်းရေး ရိုင်ဖယ် သုံးလက်အား …
ပြန်လည် တွေ့ ရှိခဲ့ပါသည် ….

နယ်မြေ ရှင်းလင်းရေး စစ်ကြောင်းသည်
ရွှေဝါချောင်းကျေးရွာ ၏ တောင်ဘက်
မီတာ ၁၀၀၀ ခန့်အကွာ ၌ ...
ထိုနေ့  ည အိပ် အခြေပြုနေစဉ် ...

ည ၇ နာရီ ၄၅ မိနစ်ခန့် ၌ …
အောင်နိုင် (ခ) ပါကြီးမှ အပေါ့သွားရန် ခွင့်တောင်းကာ …
ကင်းစောင့် စစ်သည်အား ရုတ်တရက် လုံးထွေးပြီး...
သေနတ်လုယူ ထွက်ပြေးရန် ကြိုးပမ်းခဲ့ပါသည် ….

ထိုသို့ ကြိုးပမ်းစဉ်…
ကင်းစောင့်စစ်သည်မှ ပစ်ခတ်သည့်အတွက်...
သေနတ်ဒဏ်ရာနဲ့  သေဆုံးခဲ့ပြီး …
အလောင်းအား ရွှေဝါချောင်ကျေးရွာ၏ တောင်ဘက် ….
မီတာ ၈၀၀ ခန့်အကွာတွင် ...
ကောင်းမွန်စွာ မြေမြုပ်သဂြိုလ်ခဲ့ပါသည် …
==============================

ဒါ က ထပ်စုံစမ်းလို့ ရတဲ့ သတင်းပါ ….
ဘယ်က စုံစမ်းလို့ ရလဲဆိုတော့ …
တပ် အသိုင်းအ၀ိုင်း နဲ့  နယ်မြေခံ တပ်တွေကပါ …

မန်မိုရီကဒ် ကိစ္စပါလာပါပြီ ....
သတင်းစာရှင်းလင်းပွဲ မှာ ...
တပ်က တာဝန်ရှိသူတွေကို ထုတ်ပြခိုင်းပါ ....
ဒါဆို အဖြေက ရှင်းပါပြီ ...

တစ်ဆက်တည်း ပြောချင်တာက …
ကျွန်တော် ရေးတာတွေကို ....
မယုံဘူးလို့  ပြောရင်လဲ ရပါတယ် …
အတင်း မယုံခိုင်းပါ …

ကျွန်တော်ကလဲ ….
ကျွန်တော် စုံစမ်းလို့ ရသလောက် တင်ပြပါတယ် ….
ဘာလို့ လဲ ဆိုတော့ …
ကိုပါကြီးကို အကြောင်းပြုပြီး …
တစ်ဖက်က နိုင်ငံရေး အမြတ်ထုတ်နေလို့ ပါ ….
ဒီအတွက် ဖြေရှင်းတင်ပြနေရခြင်း ဖြစ်ပါတယ် …

ပြောချင်တာက ….
ကျွန်တော် ရေးတာ …
ဘယ်သူ့ ကိုမှ အတင်းလာမဖတ်ခိုင်းပါ ….
ဘယ်သူ့ မှလဲ အတင်းမယုံခိုင်းပါ …
ဘယ်သူ့ ကိုမှလဲ Tag မလုပ်ပါ …
မမြင်ချင်ရင် ဘလော့ထားပါ …
ဒီထက်ရှင်းအောင်လဲ မပြောတတ်တော့ပါ … ။ ။

( ရဲမိုး )

( Photo- ဒီပုံက အောက်တိုဘာ ၁၀ရက်နေ့ မှာ တက်လာတာပါ ...ကြွားလုံးထုတ်လွန်းလို့  ၀ိုင်းဟားခဲ့ ကြတာ ...မှတ်မိမယ် ထင်ပါတယ် ...ဖြစ်စဉ်နဲ့  ဆက်စပ်စဉ်းစားနိုင်ဖို့ ပါ )
 
 
From:Ye Moe


www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...