Sunday, 26 October 2014

KKO မှ ဗိုလ်ကြီး အောင်နိုင် နှင့် ပတ်သတ်သည့် အမေး ၊ အဖြေ များ



တစ်ဖက်အုပ်စု ...အများဆုံးမေးကြတဲ့ မေးခွန်းတွေထဲက ....ဖြေသင့်တယ်ထင်တဲ့  မေးခွန်းလေးတွေကို ...
စုစည်း ဖြေလိုက်ပါတယ် .....

၁။ မထင်မရှားတဲ့ ဓါတ်ပုံတပုံကို ပြပီး ကိုပါကြီး က သူပုန်ပါဆိုပီး ....ခါတော်မီ ဖာနေထေးနေကြတဲ့ ငတ များ....
==========================================
ဒီပုံကို အရင် စက်တင်ဘာ ၂၀ကတည်းက ....ကိုကျော်စွာမြင့် တင်ထားပါတယ် … ထားပါ ... မထင်ရှားဘူးဆိုလဲ ရပါတယ် …ဒီနေရာမှာ အဓိက ကျတဲ့ အချက်သည် ဓာတ်ပုံ မဟုတ်ပါ … ကိုပါကြီး သူပုန်ဟုတ် မဟုတ်ဆိုတဲ့ ကိစ္စပါ …Voice က တင်ထားတဲ့  ပုံအရတော့ ကိုပါဂျီးသည် တောတွင်း လက်နက်ကိုင်တွေ နဲ့  အဆက်အသွယ်ရှိနေတာ သေချာပါတယ် …

အဲဒီတော့ သူက သတင်းထောက်ပဲ ...အဲလို လုပ်လို့ ရတယ်လို့ စောဒက တက်စရာရှိပါတယ် …မရပါဘူး … မတရားသင်းအက်ဥပဒေ ရှိပါတယ် … သတင်းထောက်တစ်ဦးဟာ သတင်းမေးလို့ ရချင်ရပါမယ် …
အဲဒီလို တောထဲမှာ သူပုန်တွေနဲ့  ....စားအတူ သွားအတူလုပ်လို့ မရပါ …

လက်ရှိ ဘယ်သတင်းထောက်တွေ ....အဲဒီလိုလုပ်နေတာ တွေ့ ဖူးပါသလဲ …?သတင်းထောက် စစ်စစ် ဟုတ်နိုင်မဟုတ်နိုင် ခန့် မှန်းဖို့ ပါ …ဒါ သူရဲ့ နိုင်ငံရေးနောက်ခံကို ထည့်မစဉ်းရသေးပါ …

၂။ကိုပါကြီး ကို သေနတ်လုထွက်ပြေးလို့ ...ပစ်ရပါတယ် ပြောတယ်...ဘယ်နေ့ ဘယ်ရက် ဘယ်အချိန် မှာ ဖြစ်သလဲ ....မိသားစုကို အကြောင်းကြားခဲ့သလား....
=====================================
ကိုပါကြီး သေတဲ့ ဖြစ်စဉ်ဟာ ...အောက်တိုဘာ၎ရက်နေ့ ည ၇နာရီခွဲ ပါ ….တပ်က ကိုပါကြီးကို KKO အောင်နိုင်လို့ သာ သိပါတယ် …သူတို့ နဲ့ တိုက်ပွဲဖြစ်နေတဲ့  အဖွဲ့ ကပါ …

ရှေ့ တန်းမှာ သေတဲ့  သူပုန်တိုင်းသာ ....အိမ်လိုက် အကြောင်းကြားရရင် ....၀န်ကြီးဌာန တစ်ခု ထပ်ဖွင့်ရမှာပါ …Oct 19 မှာ သူ့ အမျိုးသမီး က လာမေးတော့မှသာ ....ကိုအောင်နိုင်သည် ကိုပါကြီးမှန်း တပ်က သိတာပါ …ဒီအချက်ကို တရားဝင် ထုတ်ပြန်ထားပါတယ် …

၃။ သေဆုံးသူ အလောင်းကို မိသားစုကို ပြ ... PM လုပ်ပီး ဆရာဝန်နဲ့ စစ်ဆေး ....ဘာကြောင့်သေရပါတယ် ဆိုတာ....သတင်းစာရှင်းလင်းပွဲ လုပ်ပီး ...ပွင့်လင်းမြင်သာစွာ တိုင်းပြည်ကို ချပြခဲ့သလား....
==================================
သေတဲ့ နေရာကို အတိအကျပြောပြီးပါပြီ … သူ့ မိသားစုကလဲ ပြန်ယူမယ် ပြောပြီးပါပြီ …PM လုပ်ခြင်း မလုပ်ခြင်းဟာ သူ့ မိသားစုကိစ္စပါပဲ …

၎။ ဘာကြောင့် အလောင်းကို ...တောတွင်း တနေရာမှာ တိတ်တဆိတ် မြုပ်ပီး ...အလောင်းဆွေးချိန်ရောက်မှ ....စစ်မရတဲ့အချိန်ရောက်မှ ထုတ်ပြောရသလဲ ...
( အလောင်းက တောခွေး ဖော်စားလို့ အရိုးကျန်ရင် ကံကောင်းပေါ့ )
=======================================
ဒါကတော့ အလောင်းတစ်ခုကို ....စစ်ဆေးတဲ့ စနစ်ကို ....အသေးစိတ်မရှင်းတော့ပါ …

ရက် ၂၀ပဲ ကြာကြာ ....တစ်လပဲ ကြာကြာ ....သေနတ်ဒဏ်ရာနဲ့  သေတာ ....ဟုတ်မဟုတ် စစ်လို့ ရပါတယ် …

စစ်တပ်က အလောင်းဖျောက်ချင်ရင် ...မီးရှို့ လိုက်ပြီ …မြစ်ထဲပြစ်လိုက်ပြီ စသဖြင့် ...အများကြီးဖြေလို့ ရပါတယ် …

ဘယ်နား ဘယ်နားမှာ ...မြုပ်ထားပါတယ် ပြောနေတာကို ...အလောင်းဖျောက်ပါတယ် ...တိတ်တဆိတ် မြုပ်ပါတယ် ...ပြောနေတာ နားမလည်နိုင်ပါ …

၅။ စစ်မြေပြင်မဟုတ်တဲ့နေရာမှာ ....ရဲလက်ကနေ သံသယရှိသူတဦးကို ....စစ်တပ်က လွှဲယူပီး ဖမ်းဆီးနိုင်ခွင့်ရှိနေပီလား ....
===============================
ရှိပါတယ် …တိုက်ပွဲတွေ ဖြစ်နေတဲ့  နေရာမှာ ...သူပုန်လို့  ယူဆဖမ်းမိတဲ့ လူတစ်ယောက်ကို ရဲက မစစ်နိုင်ပါဘူး … ရဲက ဘာစစ်မှာပါလဲ …

သိချင်တာက ရန်သူ့ တပ် လှုပ်ရှားမှု ...လက်နက်တပ်ဆင်မှု စစ်သတင်း စသဖြင့် အချက်တွေပါ …
ရဲကို လေ့ကျင့်ပေးထားတာ ဒီကိစ္စတွေအတွက်မဟုတ်ပါ …

ဥပမာ- ရဲကို M79 ၁၀လက်ရှိတယ် လို့  ထွက်တယ် ဆိုပါစို့  … ဒါဆိုဗုံးသီး ဘယ်နှစ်လုံးလဲ လို့ ဆက်မမေးနိုင်ပါ ..ဘာလို့ တုန်းဆိုတော့ ....M79 သည် ဗုံးပစ်လောင်ချာမှန်း သူမသိလို့ ပါ …
တစ်ချို့ မှုခင်းတွေမှာ ....ရဲလက်က စသုံးလုံးတို့ ဘာတို့ က ...လွှဲယူသွားတာသည် ဒီသဘောဖြစ်ပါတယ် ….

၆။ကိုပါကြီးကို ဖမ်းဆီးမိတုန်းက လက်နက်ပါသလား ...သူ့ရဲ့ အသုံးအဆောင် ကင်မရာ Memory stick ,
Tape recorder စတာတွေ အခု ဘယ်မှာလဲ...
====================================
ရွှံ့ ဗွက်ပေ ရေစိုရွဲ နဲ့ တွေ့ တယ်လို့  ...သတင်းထုတ်ပြန်ထားပါတယ် … သေနတ်ပါပုံမရပါ …ကျန်တဲ့ ပစ္စည်းတွေလဲ ပါပုံမရပါ … မပါတာ ပိုအဆင်ပြေပါတယ် ….

တိုက်ပွဲဖြစ်နေတဲ့ ဒေသအတွင်း မှာ ....သတင်းထောက်ကဒ်မရှိ ….ကင်မရာ Memory stick , Tape recorder တွေနဲ့  တွေ့ တဲ့  ....အရပ်ဝတ်လူတစ်ယောက်ကို …တပ်တွေက စစ်သတင်းတွေ ထောက်လှမ်းနေတဲ့  ....သူလျိုလို့  ယူဆပါလိမ့်မယ် …

၇။နောက်ဆုံး မြေမမြုပ်ခင် ....စစ်တပ်ဘက်က ပြန်လည်ဖြေရှင်းဖို့ ....Safe -side ယူတဲ့အနေနဲ့ ....
မှတ်တမ်းအနေနဲ့ ဓါတ်ပုံ ၊ ဗီဒီယို ရိုက်ကူးခဲ့ပါသလား...
===============================
ရိုက်ပုံမရပါ …. တပ်က သူ့ ကို သိတာ KKO က ဗကအောင်နိုင်လို့ သာ သိတာပါ … မြုပ်နှံသဂြိုလ်ချိန်မှာ လဲ .....တိုက်ပွဲတွင်း ဖမ်းမိသူပုန်အနေနဲ့ သာ မြုပ်နှံခဲ့တာပါ …သတင်းထောက် မှန်း ....သက်သေအထင်အရှားပြနိုင်ရင် ....အဖမ်းခံရစရာကို အကြောင်းမရှိပါ …

၈။ ရန်ကုန်မြို့ပေါ်အပါအဝင် ...တစ်နိုင်ငံလုံးကို ထင်ထင်ပေါ်ပေါ် ....သွားလာနေတဲ့သူတစ်ယောက်က
တကယ်တမ်းသူပုန်ဖြစ်နေမယ် ....သက်သေ အထောက်အထားတွေလည်းရှိနေမယ်ဆိုရင် ....
ဟိုးပဝေသဏီကတည်းကဖမ်းပါလား။
==================================
အရင်က ဆက်ဆံနေတာ ဘာလို့ မဖမ်းတုန်းဆိုတော့ အရင်က ငြိမ်းချမ်းရေးလုပ် ...အပစ်အခတ်ရပ်ထားတဲ့  အဖွဲ့  ဖြစ်ပါတယ် ...ဖမ်းစရာ မလိုပါ ....ငြိမ်းချမ်းရေးပျက် တိုက်ပွဲတွေပြန်ဖြစ်တော့ ....တိုက်ပွဲခွင်ထဲ မှာရှိနေတော့ ဖမ်းခံရတာပါ …

ဖြစ်စဉ်ကို သိသလောက်ရှင်းပြတာပါ ...
ကျေးဇူးတင်ပါတယ် …. ။

From: ( ရဲမိုး )

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...