Sunday, 12 October 2014

အထူးသတိပေးချက် မြန်မာပြည်မှာ ဖုန်းဆင်းကဒ်တွေ အလွယ်ရလို့  viberမှာ နှောင့်ယှက်မယ့်သူများ ရန်မှ ဝေးစေဖို့  လုပ်နည်း

တချို့ က စာရှည်ရင် မဖတ်ချင်တော့ဘူး။ ဒီတွက် ပထမဆုံး လုပ်နည်း ရေးပြမယ် အောက်က စာတွေကတော့ အသိပညာပေးစာ ၊ မဖတ်ချင်လည်း မဖတ်ပဲနေလို့ ရတယ်။ ကိုင်း ပထမဆုံး viber မှာ မသိပဲ ကိုယ့်ကို လာအပ်လို့ မရအောင်လုပ်နည်း လွယ်လွယ်လေးပါ ။ ပြောပြမယ်. ပထမဆုံး viber ကို ကိုယ့်ဖုန်းထဲမှာ စသုံးမယ်ဆိုရင် နံပါတ်ထည့်ပေးရတယ်။ အဲ့နံပါတ်မှာ အကုန်ရေးပြီး နောက်ဆုံးမှာ ဂဏာန်းတစ်လုံး အပို ထည့်ပေးလိုက်ပါ။ဒါဆို အစဉ်ပြေသွားပါမယ်။ နိုင်ငံဧရိယာကုဒ်တော့ မှန်ပါစေ ...နံပါတ်မက်စေ့ ပြန်ပို့ တာ မလွဲဘူး ကိုယ့်ဖုန်းဆီပဲ ရောက်လာမှာပါ..ဥပမာ မြန်မာပြည်ကဆို ဧရိယာကုဒ် 0095 မှန်အောင်ထည့် ကိုယ့်ဖုန်းက 0912340056 ဆိုပါတော့ ဒါဆိုရင် 0095912340056 ပြီးရင် နောက်က တစ်လုံးပိုရေးပေးလိုက် ဥပမာ 00959123400561.၊ရတယ် ( ၁ )တစ်လုံး ပိုထည့်ပေးလိုက်တယ် ကြိုက်တဲ့ နံပါတ်ထည့်လို့ ရတယ် 0095123400562 ရတယ်( 2 )တစ်လုံးပို .ခုလို လုပ်ထားရင် ဖုန်းနံပါတ် သိရင်တောင် လာအပ်လို့  မ၇ပါဘူး။ကိုယ်က ပြောပြမှ လာအပ်လို့ ရမှာပါ။ နောက်တစ်ခု group တွေထဲမှာ မပါရင် အကောင်းဆုံးပါပဲ ။အဲ့ group တွေကနေပဲ မုဆိုးတွေ သားကောင် ရှာကြတာပါ။

ဒီအကြံပြု ချက်လေးဟာ လိုင်းပေါ်မှာ အေးဆေးစွာ သုံးချင်တဲ့ အမျိုးကောင်း သားသမီး အထူးသဖြင့် မိန်းမကောင်းလေးတွက် ရည်ရွယ်ပါတယ်။ ။ ခုဆို မြန်မာပြည်မှာ ဆင်းကဒ်တွေ လွတ်လပ်စွာ သုံးလို့ ရပြီ။ ကြိုက်တာ ရွေးသုံး။ MPT ၊ အော်ရီဒူ ၊ တယ်ရီနော ။ မြန်မာပြည် ဆင်းကဒ်ရောင်းတာ တကယ့်ကို လွတ်လပ်နေတယ်။ ဖုန်းတွေ လူတိုင်း သုံးနိုင်တဲ့တွက် ကောင်းကျိုးရော ၊ဆိုးကျိုးတွေပါ ပါလာပြီ။ ကောင်းကျိုးကတော့ ထားပါတော့ ဆိုးတွေက..
အ၇င်က လိုင်းကို ကွန်ပျူတာနဲ့ သုံးရတဲ့ အချိန်က ဖေ့ဘုတ်မှာရော တခြားဆိုဒ်တွေမှာပါ ရိုင်းစိုင်း ယုတ်မာတဲ့သူရှားတယ်။ရှိတော့ ရှိတယ် ခုလောက်ထိ မဆိုးဝါးဘူး။ ခုဟာ ဘာနဲ့ တူလည်းဆို ရိုင်းရိုင်းပြောရရင် ခွေးတွေကို လှောင်အိမ်ထဲက လွှတ်ပေးလိုက်လို့  လိုင်းပေါ်ပြေးတက် လာကြတာနဲ့ တူနေတယ်။ ဟိုအရင်က ဟာသပုံလေး တခုဖတ်ဖူးတယ် . ခုနဲ့ ကွက်တိပဲ ခွေးကြီးက ကွန်ပျူတာကိုင်လို့  ခွေးငယ်လေးကို သင်ပေးနေတယ်။ စာလေးက... မင်းခွေးဆိုတာ ဘယ်သူမှမသိဘူး ပြောချင်တာရဲရဲပြောတဲ့။ ခုလည်း ဒီအတိုင်းပဲ မင်းဘယ်သူ ဘယ်ဝါ ဆိုတာ သိဖို့ ခက်တယ်. သူများ မှတ်ပုံတင် မိတ္တူ နဲ့ လည်း ဆင်းကဒ် ဝယ်လို့ ရနေတော့ ဘာပြောပြော ဘယ်လိုချက်ချက် မင်းဘယ်သူဆိုတာ မသိဘူးဖြစ်နေကြတဲ့ခေတ်
ကျနော့ ကိုယ်တွေ့ မြင်ဖူးတယ် ။ ပထမ တစ်ယောက်က ဖုန်းထဲ ဘောနက်ငွေ ဝင်လာလို့  ညသန်းခေါင်ကျော်ကြီး ဂျာနယ် ကံစမ်းမဲ ပေါက်တဲ့ကြော်ငြာ ထဲက မိန်းကလေးအမည်နဲ့ ဖုန်းတွေကို တစ်လုံးချင်းလိုက်ခေါ်တယ်။ပြည်ပကနေ ဟိုဘက်က ဘာပြောကြလဲတော့ မသိဘူး။ ရယ်လိုက် ပေါက်ကရပြောလိုက် နောက်တစ်လုံး ခေါ်လိုက်နဲ့  ပက်ဆံကုန်တဲ့အထိပဲ။

နောက်တစ်ယောက်ကတော့ ဖေ့ဘုတ်ပေါ် တွေ့ သမျှ ပိုစ့်တွေမှာ လိုက်ဆဲနေတာ မှတ်ရောတဲ့ ဒီနေ့ ညစ်နေတာတွေ အကုန်လိုက်ဆဲပစ်တယ် သိသိ မသိသိတဲ့ ကောင်းရော.. အဲ့လို လူတွေထက် ဆိုးတဲ့သူတွေ အများကြီးရှိသေးလို့  ခုပိုစ့်လေးကိုတင်လိုက်တာ မကြာခင်ပိုဆိုးလာမယ်. နောက်မကောင်းတဲ့ ဆိုဒ်တွေမှာ မိန်းကလေးတွေ ဖုန်းနံပါတ်တွေတင်ပြီး မကောင်းတာ လုပ်စားတဲ့သူပါ ဘယ်ဈေး ဘယ်နေရာ ဆိုပြီး လုပ်ကြံချင်တဲ့သူနဲ့ တွေ့ ရင် သွားပြီး မဟုတ်တာနောက်ထား ဖုန်းတွေတော့ ဆက်လာကြမှာ ကျိန်သေတယ်။ အဲ့တွက် ကိုယ့်ဖုန်းနံပါတ် အပြင်ကို မပေါက်ကြားရရအောင် group တွေ အထူးရောင်ကြစေလိုတယ် အမ နှမ များသို့ 

From: Myo Thein

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...