Monday, 24 November 2014

စစ်တပ် ထဲ ကို အခွင့်အရေး ရလို့ ၀င်တာတဲ့လား.


စစ် တပ်ထဲကို ဝင်တဲ့ကောင်တွေ စစ်ဗိုလ် လုပ်ချင်တဲ့ကောင်တွေက အခွင့်အရေး လို ချင်လို့စစ်တပ်ထဲ ဝင်ကြတာ တိုင်းပြည် ချစ်လို့ဝင်တဲ့ ကောင် မရှိဘူး ကိုယ့်ဘာသာ တုံး လို့ အ လို့ စစ်ဗိုလ်ချုပ် တွေ အသုံးချ တာ ခံနေရတာ သေရင်သနားစရာ မရှိဘူး လို့ ချိုး ချိုး ဖဲ့ဖဲ့ပြောကြတယ် ။
ဒါနဲ့ပတ်သတ်လို့ အပြန် အလှန် တွေးတော သုံးသပ်ကြည့်ရအောင် ။

DSA /OTC တက်တဲ့အရွယ် ဟာ၁၇/၁၈/ ၁၉ ဆိုတဲ့အရွယ်ဟာ အခွင့်အရေး ဆိုတာ တွက်တတ် တဲ့အရွယ်လား မိုက်ရူးရဲ အရွယ်လေး တွေလားဆိုတာ စဉ်းစား ကြည့်ပါ။ တက်ကြွပြီး စူးစမ်းချင်တဲ့အရွယ်လေး တွေပါ ။ယူနီဖေါင်းလေးအားကျ ဗိုလ်လောင်း စော်ကြည် တယ်ကွ ဆိုတာလောက်နဲ့ အစ်ကိုကြီး တွေ လုပ်တာလိုက် လုပ်မိတဲ့ အရွယ်လေး တွေပါ။ကျွန်တော် တို့စီနီယာတွေ နှင့် ကျွန်တော် တို့ဂျူနီယာ ၄ ပတ်စဉ် လောက် DSA တက် ချိန်ဟာ၁၉၉၃ ရှေ့ပိုင်း နှင့် ၁၉၉၇ ဝန်းကျင်ပါ ။ဒီ အချိန်မှာ ငြိမ်းချမ်းရေး ကောင်းကောင်း မရသေး ဘဲ တိုက်ပွဲကြီးငယ်တွေ အပြင်း အထန်ဖြစ်နေချိန်တွေပါ။
အဲဒီနောက်ပိုင်းငြိမ်းချမ်းရေးရှိနေသောခေတ် တော့ သိပ်မပြောလိုပါ။ ကျွန်တော် DSA ဖြေ ချိန်၁၉၉၂ခုနှစ် မှာအစ်ကို ဝမ်းကွဲ အခြား အဆင့် နှစ်ယောက်တိုက်ပွဲကျပြီး နောက်ဝမ်းကွဲအစ်ကို အရာရှိက တိုက်ပွဲမှာဒါဏ်ရာ ရလို့ဒုက္ခိတဖြစ် နေ ချိန်ပါ။ ကျွန်တော့် ဆွေမျိုးတွေ အဖိုးအဖွားတွေ အဖေ စစ်သားဟောင်းကြီးက တား တဲ့ ကြားက အမေက ငါ့သားသေလည်း ကားတိုက်သေတာ
မဟုတ်ဘူး ဘိန်းစွဲသေတာမဟုတ်ဘူး အမေ ဂုဏ်ယူ တယ် ဆိုပြီး ထောက်ခံမှုနဲ့စစ် ထဲဝင် လာတဲ့ကောင်ပါ။

အဖေဘက်က ညီအစ်ကို သုံးယောက် အရာရှိဖြစ်တယ်။ ဘကြီးကဒေသပါတီကော်မတီ အတွင်းရေးမှုး လွှတ်တော်ကိုယ်စား လှယ် ဖြစ်သွား တယ။် တာဝန်ထမ်းဆောင်ရင်းဆုံးတာ နေစရာအိမ်မရှိဘူး။ စီးစရာကား မရှိဘူး။ အဲဒီအချိန်မှာ ဘယ်ဗိုလ်ချုပ်မှ ကကျိကျိတက် ချမ်းသာတဲ့သူဌေးကြီးတွေ မဖြစ်သေးဘူး။ ရှေ့တန်းမှာ တိုက်ပွဲကြီးတွေ တခြိမ်းခြိမ်း ချနေတဲ့အချိန်တွေပါ။ တပ်ထဲဝင် ဝင်ချင်း မျိုးချစ်စိတ်ဆိုတာဘာမှန်း မသိကြပေမယ် လေ့ကျင့်သင်ကြားရင်းတိုင်းပြည်အတွက်ကိုယ်ဘာလုပ်ပေး နိုင်တယ်ဆိုတာသိလာရတာပါပ။ဲ

စစ်တပ်ထဲဝင်တဲ့အသက်အရွယ်နှင့် အဲဒီတုန်းက အခြေအနေကို ထည့် တွေးလိုက်ရင် အခွင့်အရေး လိုချင်လို့ ဟုတ်မဟုတ်ဆုံးဖြတ် နိုင်ပါ တယ် ။ကျွန်တော် ကျောင်း ဆင်းဆင်းပြီးခြင်း တစ်လအကြာမှာ လွယ်မော်တွေ အလင်းဝင်ကာစ အသေအကြေ တိုက်ခဲ့ကြတဲ့မုန်းကျွတ် မုန်းထော် မုန်းထဟိုမိန်း ခွင် မှာ လွယ်မော် ခွဲထွက် ရွက်ဆစ် (အခုတော့ ဒုဗိုလ်ချုပ်ကြီးပေါ့လေ)ကိုလိုက်တိုက် ခဲ့ရတယ်။
ဒုဗိုလ် အသက် ၂၃ နှစ်အရွယ် ပထမဆုံး တိုက်ပွဲ မှာပဲ ဒါဏ်ရာ ရတယ။်

ကံသီလို့ဒုက္ခိတ မဖြစ်တယ်။ ကိုယ့် ရဲဘော် ရဲဘက်တွေကိုယ့်ရှေ့မှာ ကျဆုံးတာ ရင်ဆိုင် ခဲ့ရတယ်။
ခါးသီးတဲ့အတွေ့အကြုံတွေ ကြုံခဲ့ရတယ် ။လူပျိုဆိုပြီး ရှေ့တန်းမှာနှစ်ပေါက်အောင် နေခဲ့ဖူး တယ် ။
မိန်းမအသံဆို လို့ ရေဒီယိုက ယိုးဒယားမ အသံ လေးကြား နေရရင်တောင်ကျေနပ် နေကြရဖူး တယ် ။
ငယ်ရွယ်တဲ့လူငယ်ဘဝကို စတေးပြီးဒုက္ခ တွေအပြည့်နဲ့ စွန့်လွှတ် ခဲ့ဖူးတယ်။ ဒီလို လုပ်ဖို့ဆိုတာ အခွင့်အရေးလို ချင်စိတ် တစ်ခု တည်းနဲ့လုပ် နိုင်တယ်လို့ထင်နေကြရင် ပြောတဲ့ကောင်တွေကို
ရှေ့တန်းအလည်ခေါ်ချင်တယ်။ မနက်လင်းလို့ မျက်နှာသစ်စရာ ခေါင်း ရှိသေး ရင် ငါ အသက်ရှင်နေ သေးပါလား လို့ပြန်တွေးရတဲ့ ဘဝကို ခင်ဗျားတို့ ကိုယ်ချင်းမစာ တာ ဖြစ်သင့်ပါတယ်လေ။ဒါမျိုးက ကိုယ်တိုင်ကြုံဖူး မှသိနိုင်တဲ့ ကိစ္စပါ ။

အဲဒီ အချိန်မှာ ငါ ဗိုလ်ချုပ် ဖြစ်ရင် ချမ်းသာပြီ ဆိုတဲ့ စိတ်ကူးယဉ်နဲ့ ဘဝကိုဖြတ်သန်း နေမယ် ထင်နေကြသလား။ယိုးဒယားစစ်တပ်က ရဟတ်ယာဉ် နဲ့ရေသန့်ဗူး ချပေး နေချိန် မျှစ်ပြုတ် တောင်ရန်သူရှိရင် နပ်မမှန် တဲ့ဘဝကို မြန်မာပြည် ငါတို့ပြည်ကွ ဒီကောင်တွေ ကို အညံ့မခံဘူး ဆိုတဲ့ စိတ်နဲ့ဖြတ်သန်းရလား စဉ်းစား ကြပါ။မြို့ပေါ်မှာ စစ်ဗိုလ် စောင့်ကြွားကြွားလုပ် လို့ခင်ဗျား တို့မကျေနပ်တာသဘာဝကျ ပါတယ် ။ ဒီလိုမလုပ်ခင်ဘယ်လိုပေးဆပ် ခဲ့ဖူးလဲ ဆိုတာလေးလည်း ပြန်တွေး ကြည့်ပါ။စောင့်ကြွားကြွား လုပ်တဲ့စစ် ဗိုလ်နဲ့ ကျိကျိတက်ချမ်းသာ တဲ့ဗိုလ်ချုပ်များက စစ်သားငါးသိန်း မှာ ငါးရာ မပြည့်ပါဘူး ။ငါခုံးမတွေ ရှိပေမယ့် တစ်လှေ လုံးပုတ်လောက် အောင် များ တယ်ပြောနေတာ ကျေးဇူး မတင် ချင် လို့လှီးလွှဲနေကြတာပါ။

အသက် ၁၇ နှစ်က နေ စရင်း ရမယ်
 အသက် ၅၀ မှာ ဗိုလ်ချုပ်ဖြစ်ဖို့ တစ်ပတ်စဉ်ထဲလူ ၂၀၀ ကျော် မှာ ဖြစ်နိုင်ချေ ၃ ယောက်လောက် ဒီကြားထဲ သေမယ်ပြတ်မယ်ပြုတ်မယ် ထောင်ကျမယ် ဒုက္ခိတ ဖြစ်မယ် ခင်ဗျားတို့ ပြောတဲ့အခွင့် အရေး ရဖို့ ၃၃ နှစ် စောင့်ရင်း ကျိုးစား ရဲမလား နေရာချင်း လဲပေးမယ်။
ကျွန်တော်တို့လို ငတုံးတွေ မိုက်ရူး ရဲ တွေ အခွင့် အရေး မျှော်တယ်ပဲ ထားပါ တကယ် မရ ခဲ့ပါဘူး မက်တဲ့ ကောင်တွေ မရှိဘဲ ခင်ဗျား တို့လို အခွင့်အရေး မ မက်သူတွေ မရသေးလို့ပါ လူလည် တွေ ချည်း သာ ရှိနေရင် မြန်မာပြည် စစ်တပ် မရှိပဲဆီပုလင်း ခါးချိတ်တဲ့ဘဝရောက် သွား မှာပေါ့ ဗျာ။ ရိုင်းသွား ရင်ခွင့် လွှတ် စစ်သား က နည်းနည်း ထောင့်မကျိုးတတ်ဘူးဗျ။

ဝဏ္ဏဖေသော်

Photo-စစ်တက္ကသိုလ် ဗိုလ်လောင်း ဝဏ္ဏဖေသော် စစ်ထွက် ဝတ်စုံဖြင့် ၁၉၉၃ ခုနှစ်



www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...