Saturday, 22 November 2014

'' ကျေးဇူးတင်ပါတယ် ... သမ္မတကြီး ''



လူ့အခွင့်အရေး၊ လူသားချင်းစာနာထောက်ထားမှု၊ လူနည်းစုဆန္ဒအလေးထားရေး စတဲ့စကားလုံး လှလှလေးတွေဟာ ကြားရတဲ့အခါ နားဝင်ပီယံတော့ ရှိတာအမှန်ပါပဲ။ ဒါပေမယ့်လို့ လူ့အခွင့်အရေးကို လူကြားကောင်းအောင် အော်နေပြီး ဒီလူ့အခွင့်အရေးဆိုတဲ့စကားလုံးအဓိပ္ပာယ်နောက်က နောက်ခံ သမိုင်းကြောင်းကိုတော့ အနည်းဆုံးသိထားသင့်တာပေါ့။ အတိတ်သမိုင်းကြောင်းမသိဘဲ... ပစ္စုပ္ပန်မှာ ဘာမှလုပ်လို့မရသလို၊ အနာဂတ်အတွက်လည်း ကြိုတင်မျှော်တွေးသုံးသပ်ချက် ထုတ်လို့မရပါဘူး၊ ရခဲ့မယ်ဆိုရင်လည်း အဲဒီသုံးသပ်ချက်ဟာ တစ်လွဲချည်းပဲဖြစ်နေပါလိမ့်မယ်။

ကျွန်တော်တို့နိုင်ငံမှာ အတိတ်သမိုင်းကို ဂဃနဏမသိဘဲ ခါတော်မီနိုင်ငံရေးသမားတွေ၊ စာနယ်ဇင်းသမားတွေ၊INGOအဖွဲ့အစည်းတွေ အစိုးရသစ်လက်ထက်မှ တော်တော်များလာတာ သတိထားမိလာပါတယ်။ ဒါ့အပြင် အတိတ်သမိုင်းမှာ ဇာတ်ရုပ်တစ်ရုပ်အဖြစ် ပါဝင်ခဲ့တဲ့သူတွေထဲက တစ်ခိျု့ဟာ သမိုင်းဖြစ်ရပ်ကို အမှန်မမြင် မသုံးသပ်တတ်တဲ့လူတွေပါတွေ့လာရတော့ ပိုရင်လေးမိ တယ်ဗျာ။ ကျွန်တော်က နိုင်ငံရေးသမားတစ်ဦးမဟုတ်သလို၊ နိုင်ငံရေးသိပံ္ပပညာရှင်လည်း မဟုတ်ပါဘူး။ ဒါပေမယ့်ဗျာ... အခိျု့ကိစ္စတွေမှာတော့ လေနဲ့ဝမ်း ကွဲသဗျာ။

အခုတလော ပွက်လောညံနေတဲ့အသံတွေထဲက ဘင်္ဂါလီအရေးကလည်း တစ်ခုအပါအ၀င် ဖြစ်နေပါတယ်။ ကိုယ့်နိုင်ငံကိုယ့်လူမျိုး၊ ကိုယ့်သမိုင်းနဲ့နည်းနည်းမှမအပ်စပ်၊ မပတ်သက်တဲ့လူတွေက ဘာသာရေး၊ လူ့အခွင့်အရေးကို ရှေ့တန်းတင်၊ လုပ်ဇာတ်တွေခင်းပြီး အကြံကြီးကြံနေကြလို့ အမျိုး ဘာသာ သာသနာအတွက် တိုင်းရင်းသားအားလုံး၊ နိုင်ငံသားအားလုံး သွေးစည်းညီညွတ်နေရမယ့် အချိန်မှာ နိုင်ငံပုံရိပ်လို့ပြောနေကြတဲ့လူတစ်ဦးက လူ့အခွင့်အရေးကိုအလေးထားပါ၊ လူကိုလူလို့မြင်ပါ၊ လူနည်းစု
အရေးကိုအသိအမှတ်ပြုပါတဲ့ဗျာ ကောင်းရော ... ။ တစ်ခိျု့ကိစ္စတွေမှာ လူ့ကျင့်ဝတ်တွေ၊ လူ့အခွင့်အရေး
တွေနဲ့ အမျိုးသားအကျိုးစီးပွား၊ အမျိုးသားနိုင်ငံရေး စတဲ့အချက်တွေနဲ့သွားပြီး ၀ိရောဓိ ဖြစ်တတ်တဲ့
သဘောရှိပါတယ် ... ကမ္ဘာ့နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပြီး ဒီမိုကရေစီဘိုးအေလို့ သတ်မှတ်ခြင်း ခံထားရတဲ့ အမေရိကန်လိုနိုင်ငံမှာတော့ နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားနဲ့ လူ့အခွင့်အရေးယှဉ်လာရင် တော့ လူ့အခွင့်အရေးပဲလေဆိုပြီး ခွင့်မပြုခဲ့ပါဘူး။ သမိုင်းအထောက်အထားတွေ အများကြီးရှိပါတယ်။
တောင်ပိုင်းသားတွေခွဲထွက်ဖို့ ကြိုးစားလို့ဖြစ်ပွားခဲ့ရတဲ့ အမေရိကန်ပြည်တွင်းစစ်ကြီးက အဓိကသမိုင်း သက်သေအဖြစ် တွေ့ရမှာပါ။

အမေရိကန်သမ္မတဟောင်း လင်ကွန်းက ပြောခဲ့ဖူးတဲ့စကားလေးပါ။ '' ဒီဥပဒေကို လေးစား လိုက်နာနေရလို့ တိုင်းပြည်ကြီးအစိတ်စိတ်အမွှာမွှာကွဲသွားမှာထက်စာရင် ဒီတစ်နေရာလေးမှာတော့ ဥပဒေကိုကျော်လွှားရတာမျိုး ကျုပ်ရွေးချယ်ရမှာပါပဲ '' တဲ့ဗျာ။ တိုင်းပြည်အကျိုးနဲ့ယှဉ်လာရင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွေ၊ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ဥပဒေတွေကို ကျော်လွှားပြီးလုပ်မယ်လို့ဆိုလိုတာလို့ပဲ ကျွန်တော်နားလည်ပါတယ်။

အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့(Asia-Pacific Economic Cooperation APEC)ထိပ်သီး
ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒုက္ခသည်စခန်းတွေမှာရှိတဲ့ မွတ်စလင်ဒုက္ခသည် တွေကို
မြန်မာနိုင်ငံက အမြန်ပြန်လက်ခံဖို့ဆိုပြီး ဘင်္ဂလားဒေ့ရှ်သမ္မတ Abdul Hamid က တောင်းဆို တာကို သမ္မတကြီး ဦးသိန်းစိန်က ပယ်ချခဲ့တယ်ဆိုတဲ့သတင်းကို င်္ခေနဘသသု လူမှုစာမျက်နှာတွေပေါ်မှာ
တွေ့လိုက်ရတော့ ၀မ်းသာလိုက်တာဗျာ။ နိုင်ငံအနောက်ဘက်တံခါးတွေ ဂျက်ကောင်းကောင်းချထား လျက်ရှိတုန်းပဲလို့ထင်မိပါတယ်။ ဒါကိုပဲ လူ့အခွင့်အရေးသမားတွေက ထောက်ပံ့ကြေးငွေတွေစားထားပြီး ပလုပ်ပလောင်းလေသံတွေနဲ့ ထအော်ကြသေးတယ်ဗျာ။ သမ္မတကြီးက ကိုယ့်နိုင်ငံသားမဟုတ်သူတွေကို လက်မခံဘူးလို့ ပယ်ချခဲ့ပေမယ်လို့ နိုင်ငံအတွင်းမှာရှိတဲ့မွတ်စလင်လူနည်းစုတွေကို နိုင်ငံသားစိစစ်
ပေးသွားဖို့ရှိပါတယ်တဲ့။ အမေရိကန်သမ္မတလို တိုင်းပြည်အကျိုးအတွက်ဆိုရင် သတ်မှတ်ဥပဒေကိုလည်း ချိုးဖောက်တန်ရင် ချိုးဖောက်မည်လို့မလုပ်ပါဘူး။ သတ်မှတ်ဥပဒေနဲ့ညီရင် လက်ခံပါတယ်တဲ့ဗျာ။ ၃ နှစ်သားဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအနေနဲ့သုံးသပ်ကြည့်မယ်ဆိုရင် သက်တမ်းနဲ့လုပ်ရပ်ကို အသိအမှတ် ပြုကြရမှာပါ။ ဒါကြောင့်ဗျာ အနောက်တံခါးဂျက်တွေကို ခိုင်သထက်ခိုင်အောင်လုပ်ပေးခဲ့တဲ့ သမ္မတကြီးကို နိုင်ငံသားတစ်ယောက်အနေနဲ့ တစ်ခွန်းလောက်တော့ဂုဏ်ပြုလိုက်ပါရစေ။ '' ကျေဇူးတင်ပါတယ် ... သမ္မတကြီး '' လို့ ...။




From: ကိုဇေယျာ

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...