Thursday, 27 November 2014

ဝမ်းနည်းသင့်မှ ၀မ်းနည်းကြောင်း ပြောရပါမည်


နိုဝင်ဘာလ ၁၉ ရက်နေ့မှာ တပ်မတော်က ပစ်လိုက်တဲ့ ၁၀၅ မမ လက်နက်ကြီးကျည်ကြောင့်KIA
လိုင်ဇာဌာနချုပ်မှာ ဖွင့်ထားတဲ့ ဗိုလ်သင်တန်းကျောင်းက သင်တန်းသား ၂၃ ဦး သေဆုံးခဲ့ပါတယ်။ သမ်္မတကြီးရဲ့ အပစ်ရပ်ဆိုတဲ့ ညွှန်ကြားချက်ရယ်၊ ကေအိုင်အေရဲ့ ဘယ်စခန်းဌာနချုပ်ကိုမှ မတိုက်ခိုက်ရ ဆိုတဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်တွေကြောင့် စိတ်ကြီးဝင်ထင်တိုင်းကြဲနေတဲ့ ကေအိုင်အေလို အဖွဲ့ကို ဆော်လိုက်တာကြောင့် အားရကျေနပ်သံတွေ လူမှုကွန်ယက်တွေမှာ မမြင်ချင်အဆုံး ဖတ်နေရပါတယ်။ အံ့သြသင့်စရာကောင်းတာက ကျွန်မဖေဖေတည်ထောင်ခဲ့တဲ့ တပ်မတော်ဆိုတဲ့ စကားကို မချတမ်း ပြောတတ်သူကြီး ဦးဆောင်တဲ့ပါတီက ၀မ်းနည်းကြောင်း ကြေငြာချက်ထုတ်တယ်။ တိုင်းရင်းသားတွေ ပါလို့ ဆိုတဲ့အဖွဲ့တွေက လွမ်းသူ့ပန်းခွေတွေချ၊ ဖယောင်းတိုင်တွေထွန်းကြနဲ့ ဆုတောင်းပွဲတွေလုပ်တယ်။ စာစောင်ဂျာနယ်တွေက ကေအိုင်အေအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး စစ်တပ်ကို ထိုးနှက်တိုက်ခိုက်ကြတယ်။

နိုင်ငံတစ်နိုင်ငံရဲ့အစိုးရကလည်း အသိအမှတ်မပြုဘူး။ နိုင်ငံ့တပ်မတော်ကို လက်နက်ကိုင်တိုက်ခိုက်
နေသည့်အဖွဲ့ရဲ့ဗိုလ်သင်တန်းကျောင်းလည်း ဖြစ်တယ်။ဒါမျိုးအနေအထားတွေရှိနေတဲ့အဖွဲ့ရဲ့ စစ်သင်တန်း
ကျောင်းကို တရားဝင်လိုဖွင့်ထားတာဟာ မြန်မာနိုင်ငံရဲ့ယနေ့အစိုးရလိုမျိုး ငြိမ်းချမ်းရေးအတွက် မျက်စိ စုံမှိတ်ပြီး ဆောင်ရွက်နေတဲ့ အစိုးရရှိနေတာကြောင့်လို့ပဲ ကျွန်တော်ထင်ပါတယ်။ ကမ်္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ တပ်မတော်နှင့် စင်ပြိုင်အဖွဲ့ကို ဒီလို အခြေအနေမျိုး ခွင့်ပြုထားတာလည်း မရှိပါ။ ဘယ်နိုင်ငံမှာမဆို ဘယ်လို အစိုးရတက်တက်၊ ကိုယ့်နိုင်ငံကိုကာကွယ်ဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းသာယာဖို့ အတွက် တပ်မတော်တစ်ခုကိုပဲ ဖွဲ့စည်းရပါမယ်။ ဒီတပ်မတော်ရဲ့ ကျောထောက်နောက်ခံနဲ့ပဲ တိုင်းပြည် တည်ငြိမ်အေးချမ်းအောင်လုပ်ပြီး နိုင်ငံတိုးတက်ဖို့ကို အစိုးရက ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။


အခု သေသွားတဲ့ ကေအိုင်အေသင်တန်းသားတွေမှာ ကြေငြာချက်အရ တအောင်း၊ချင်း လူမျိုးတွေနဲ့
ကျောင်းသားအဖွဲ့တွေ ပါတယ်။ မဖော်ပြကြတဲ့ သတင်းတွေထဲမှာတော့ ဘင်္ဂလီလို ကောင်တွေလဲ ပါတယ်။ ရည်ရွယ်ချက်ကိုက ဖယ်ဒရယ်တပ်မတော်အရာရှိ သင်တန်းဆိုမှတော့ တစ်နေ့မဟုတ် တစ်နေ့ မှာ တပ်မတော်ကို လက်နက်ကိုင်တိုက်ဖို့ ရည်ရွယ်လေ့ကျင့်နေတဲ့ သင်တန်းကျောင်း ဖြစ်နေပါပြီ။ လိုင်ဇာကို ခြေကုပ်ပြန်ယူမယ်။ စစ်တပ်စခန်းတွေကို တိုက်ခိုက်မယ်။ မြစ်ကြီးနားတစ်ဝိုက်က ရထား လမ်း၊ ကားလမ်းတွေကို ဗုံးခွဲမယ်။ ဖားကန့်ဒေသကို အုပ်ချုပ်မယ်။ နောက် တစ်ဆင့်ပြီးတစ်ဆင့် မြန်မာ နိုင်ငံအလယ်ပိုင်းထိ ဆင်းလာမယ်။ ကျန်တဲ့ဒေသမျိုးစုံကနေလည်း လက်နက်ကိုင် ထကြွမယ်။ ပြည်နယ်တွေ ခွဲထွက်ကြမယ်။ အဲဒီလို အခြေအနေတွေကို ကျွန်တော်တို့ လက်ခံနိုင်မှာလား။

ပြီးခဲ့တဲ့ စစ်ပွဲကာလကို ပြန်ကြည့်မယ်ဆိုရင် ၂၀၁၃ ဇန်န၀ါရီလမှာ ကာမိုင်းရဲစခန်းကို ၀င်ပစ်လို့ ရဲတပ်ဖွဲ့ဝင်မိသားစုတွေ ထိခိုက်သေဆုံးခဲ့ရတယ်။ ရဲစခန်း မီးရှို့ခံခဲ့ရတယ်။ အဲဒီနေ့ မနက် ၁၀ နာရီ ကျော်မှာ ခရီးသည်တင်ကားတွေကို မိုင်းခွဲတိုက်ခိုက်လို့ ခရီးသည် ၂၀ ကျော် ဒဏ်ရာရတယ်၊ မြစ်ကြီးနား တပ် ခလရ (၂၁)က လူနာတွေကို ပြန်ပို့တဲ့အချိန် ကားကို မိုင်းခွဲမီးရှို့ပြီး အလောင်းတွေ ထပ်ခဲ့တယ်၊ အဲဒီ ဗီဒီယိုတောင် အင်တာနက်ပေါ်လွင့်တင်ခဲ့သေးတယ်။ ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ဖားကန့် တစ်ဝိုက်မှာ ဆက်ကြေးကောက်၊ လူသစ်စုနေတဲ့ ကေအိုင်အေက တပ်မတော်ကို မိုင်းခွဲတိုက်ခိုက် လို့ တပ်မတော်သား အယောက် ၅၀ လောက် ကျဆုံးခဲ့ရတာတွေဟာလည်း မနေ့တစ်နေ့ကလိုပဲ ရှိပါသေး တယ်။ တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူရာမှာ လုံခြုံရေးလုပ်ပေးနေတဲ့ တပ်မတော် အရာရှိကို ပစ်ခတ်လုပ်ကြံခဲ့တာတွေ၊ တာဝန်ပြီးဆုံးလို့ ပြန်လာတဲ့ တပ်ရင်းမှူးကို ချောင်းပစ်လို့ မိန်းမနဲ့ကလေးတွေ ရှေ့မှာ သေခဲ့ရတာတွေဟာလည်း ငြိမ်းချမ်းရေးဆိုတာသာ မရှိရင် သောင်းကျန်းသူမှန်သမျှ အကုန်သတ် ဆိုတဲ့ အမိန့်ပေးပြီး စစ်တိုက်လို့တောင် ရလောက်ပါတယ်။


ပုဒ်မ ၄၃၆ ပြင်တာနဲ့ လက်နက်ကိုင်သောင်းကျန်းသူက တစ်ခြားစီပါ။ အခြေခံဥပဒေပြင်ခွင့်မရလို့ စစ်တပ်ကို တိုက်ခိုက်မယ်ဆိုလဲ လွှတ်တော်တွင်းမှာ နိုင်ငံရေးနည်းနဲ့ တိုက်ခိုက်ကြပါ။ ဘာမဟုတ်တဲ့ ကိုယ့်အာဏာအတွက် သောင်းကျန်းသူကို ဖအေခေါ်ပြီး စင်တင်ပေးတဲ့ အဖြစ်မျိုး မလုပ်ကြပါနဲ့။ လွမ်းသူ့ပန်းခွေတွေချ၊ ဖယောင်းတိုင်တွေ ထွန်းပြီး ၀မ်းနည်းချင်တယ်ဆိုရင် လွတ်လပ်ရေးကို အရ ယူပေးခဲ့ အာဇာနည်တွေအတွက် ၀မ်းနည်းပါ။ တရုတ်ဖြူတွေ၊ ဗကပတွေရဲ့လက် ကနေ အသက်စွန့် ကယ်တင်ပေးခဲ့တဲ့ သူရဲကောင်းတွေအတွက် ၀မ်းနည်းပါ။ ကိုယ်သွားမယ့်လမ်း၊ ကိုယ်နေမယ့်နေရာတွေက တံတားတွေ၊လမ်းတွေကို တိုက်ခိုက်ဖျက်ဆီးဖို့ လေ့ကျင့်နေတဲ့သူတွေအတွက် ကိုတော့ ၀မ်းနည်းသင့်မှ ၀မ်းနည်းကြောင်းပြောကြပါခင်ဗျာ....။

From: Happy God

www.mmdailystar.com

2 comments:

  1. right
    သိပ်ဝမ်းနည်းနေရင် သေတဲ့ကောင်တွေနောက်လိုက်သွားကြပါကွာ

    ReplyDelete
  2. right
    သိပ်ဝမ်းနည်းနေရင် သေတဲ့ကောင်တွေနောက်လိုက်သွားကြပါကွာ

    ReplyDelete

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...