Thursday, 27 November 2014

၂၀၂၄ လွန်မှ ရာထူးက ဆင်းပေးမယ့် ပူတင်

(ALEXANDER ZEMLIANICHENKO/AFP)
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရုရှားနိုင်ငံကို တစ်သက် လုံး မအုပ်ချုပ်သွားချင်ဟု ဆိုပါ သည်။ သို့သော်လည်း ၂၀၁၈ မှာ ကျင်းပမည့် ရုရှားရွေးကောက်ပွဲ မှာ နောက်ထပ် ခြောက်နှစ် သက် တမ်းအတွက်ဝင်ပြိုင်ဦးမည်ဟု ဆိုပါသည်။ ဆိုလိုသည်မှာ ၂၀၂၄ကျော်မှာသာလျှင် သူက သမ္မတရာထူးမှ ဆင်းပေးမည်ဆိုသည့် သဘောဖြစ်ပါသည်။
ရုရှားအစိုးရသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပူတင်ကတိုင်းပြည်၏ အခြေအနေနှင့် သူ ၏ ပုဂ္ဂိုလ်ရေးရာ ခံစားမှုအပေါ် မူတည်ပြီး နောက်သက်တမ်း ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ချက်ချမည်ဟု ဆိုပါသည်။
သတင်းဌာနနှင့် မေးမြန်း ဆွေးနွေးခန်းတွင်  အနောက်နိုင်ငံ များနှင့် ရုရှား၏ ပျက်စီးယိုယွင်း လာသော ဆက်ဆံရေးအပါအ၀င် သိကျွမ်း ရင်းနှီးပြီးသား အ ကြောင်းအရာများကို သမ္မတ ပူတင်က ဖြေကြားခဲ့ပါသည်။ လက်ရှိလောလောဆယ်မှာ ပူတင်က အနောက်နိုင်ငံများအတွက် လူဆိုးကြီးတစ်ဦးသဖွယ်ဖြစ်နေပါ သည်။ ယူကရိန်းကို ရုရှားတပ် များက ၀င်ရောက်ကျူးကျော်မှု ကြောင့် အမေရိကန်အပါအ၀င် အနောက်နိုင်ငံများက ရုရှားကို အပြစ်တင်ကာ စီးပွားရေးပိတ်ဆို့ မှုများပြုလုပ်ခဲ့သည်။
အနောက်နိုင်ငံများက ရုရှား ကို အပြစ်ပေးချင်နေကြသည်မှာ ယူကရိန်းတွင် မငြိမ်မသက်ဖြစ်မှု ကြောင့်မဟုတ်ဘဲ ရုရှားနိုင်ငံ၏ အင်အားကောင်းခြင်း၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းများ ကြောင့်ဖြစ်သည်ဟု ပူတင်က ပြောပါသည်။
‘‘ကျွန်တော်တို့ရဲ့ ထောင်စု နှစ်ရှည်လျားတဲ့ သမိုင်းကြောင်း ကိုကြည့်ပါ။ ကျွန်တော်တို့အား ကောင်းလာရင် တခြားနိုင်ငံတွေ က ရုရှားကို ချက်ချင်းဘေးကန် ထုတ်ချင်တာ အရှိန်နှေးသွား အောင် လုပ်ချင်ကြတယ်’’ဟု သူ ကဆိုသည်။
တနင်္လာနေ့က ရုရှားဘဏ္ဍာ ရေးဝန်ကြီး အန်တွန်ဆီလူနောဗ် က အနောက်နိုင်ငံများ၏ ပိတ်ဆို့  အရေးယူမှုသည် ရုရှားစီးပွား ရေးကို အနည်းဆုံးဒေါ်လာ ဘီလီ ယံလေးဆယ်ခန့်နစ်နာစေခဲ့သည် ဟုဆိုသည်။ လတ်တလော ရေနံ ဈေးကျဆင်းမှုကြောင့် နောက် ထပ်ဒေါ်လာဘီလီယံ ၁၀၀ ခန့် ထပ်မံဆုံးရှုံးရန် ရှိနိုင်သည်ဟု လည်းသိရသည်။
အနောက်နိုင်ငံများသည် ရုရှားသမ္မတ၊ ကရင်မလင်နန်း တော်နှင့် အဆက်အသွယ်ရှိ သော ပုဂ္ဂိုလ်များကို စီးပွားရေး ပိတ်ဆို့ခြင်းသည် မှားယွင်းနေ ကြောင်း၊ သူတို့က သမ္မတပူတင် သည် အဆိုပါပိတ်ဆို့မှုစာရင်းရှိ လူများနှင့် ကိုယ်ရေးကိုယ်တာ စီးပွားရေးပတ်သက်မှုရှိနေသည် ဟု မှားယွင်းစွာ ယူဆနေကြောင်း သူကဆိုပါသည်။
‘‘အဲဒီလူတွေကို အထိနာ အောင် လုပ်ပြီး ကျွန်တော့်ကို ထိုးနှက်ဖို့ ကြိုးစားနေတယ်’’ဟု သူက ဆိုသည်။ ထို့အပြင်အဆိုပါ အနောက်နိုင်ငံများက အရေးယူ ပိတ်ဆို့မှုစာရင်းပါဝင်သူ ရုရှား နိုင်ငံမှ ပုဂ္ဂိုလ်များသည် နှစ် ပေါင်းများစွာ တရားဝင်စီးပွားရေး လုပ်ငန်းများလုပ်လာသူများဖြစ် သည်ဟု ပူတင်ကပြောပါသည်။
ပိတ်ဆို့ အရေးယူခံရသူ အများစုသည် ရုရှားသမ္မတ ပူတင်၏ ဂျူဒိုကစားဖက်ဟောင်းများ (သို့မဟုတ်) ကေဂျီဘီခေါ် ရုရှား ထောက်လှမ်းရေးဟောင်းများဖြစ် ပါသည်။ သူတို့သည် ပူတင်သမ္မ တဖြစ်လာကတည်းက ချမ်းသာ ကြွယ်ဝလာကြပါသည်။
ယူကရိန်းနှင့် ပတ်သက်ပြီး အနောက်နိုင်ငံများက ရုရှားကို အဆိုးရွားဆုံးအပြစ်တင်နေကြ သော်လည်း ပူတင်က နောင်တမ ရဟုဆိုပါသည်။ ထို့အပြင် ယူက ရိန်းအရေးတွင် ရုရှားက တရား မျှတစွာ ပြုမူခဲ့သည်ဟု သမ္မတ ပူတင်ကပြောပါသည်။
‘‘တကယ်လို့ ကျွန်တော်တို့ လုပ်တာမှားတယ်၊ မတရားဘူး ဆိုတာသိခဲ့ရင် အားလုံးက လုပ် တာ၊ ကိုင်တာ မ၀ံ့မရဲဖြစ်နေလိမ့် မယ်။ ကိုယ်က မသေချာဘူးဆို ရင် တုံ့နှေးနေမယ်၊ ကြောက်နေ လိမ့်မယ်။ ဒီကိစ္စမှာတော့ ဒါမျိုး ကျွန်တော့်မှာ တစ်ခုမှမရှိခဲ့ဘူး’’

ဂါးဒီးယန်းသတင်းစာပါ Vladimir Putin does not want to rule Russia for life သတင်း ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။

From:7day 

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...