Monday, 24 November 2014

တပ်မတော်စခန်းကို .. ကေအိုင်အေ အင်အား ၆၀ လောက်က … ၆၀မမ မော်တာတွေနဲ့  ပစ်ပြီး ၀င်တိုက်


ဒီကနေ့  ၂၃.၁၁.၂၀၁၄ ရက်နေ့  ....
မနက် ၄နာရီ ၈မိနစ် ချိန်လောက်မှာ …
ဒေါ့ဖုံးယန် နဲ့ လွယ်မောက်ယန်ကြားက …
ဆီတုံ တပ်မတော်စခန်း ကို ..
ကေအိုင်အေ အင်အား ၆၀ လောက်က …
၆၀မမ မော်တာတွေနဲ့  ပစ်ပြီး ၀င်တိုက်ပါတယ် …

စခန်းက ပြန်လည်ခုခံတိုက်ခိုက်တဲ့ အပြင် …
တပ်မတော် လက်နက်ကြီးများက …
ကေအိုင်အေ ရင်း ၂၄ နဲ့  ...
တပ်မဟာ ၅ တပ်စွဲထားတဲ့ နေရာများကို …
သတိပေး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပါတယ် …

မနေ့ ကလဲ ညနေ ၅ နာရီ ၅၀ ချိန်မှာ…
လွယ်ဂျယ်အနီးက လွယ်ရင်းမော် တပ်စခန်းကို …
ကေအိုင်အေ အင်အား စိစစ်ဆဲ အဖွဲ့ တစ်ခုက …
ဝင်ရောက် တိုက်ခိုက်ပါတယ် …

တပ်မတော် ဘက်က …
တန်ပြန် ပစ်ခတ်ချိန်မှာတော့ ….
ပြန်လည်ဆုတ်ခွာသွားခဲ့ပါတယ်

တပ်ဘက်ကတော့ ….
ဒီ ပစ်ခတ်မှုတွေအတွက် …
ကေအိုင်အေ လူကြီးပိုင်းကို …
သတိပေးထားပြီးပြီလို့  ဆိုပါတယ် ….
အဓိပ္ပာယ်ကတော့ ….
ကချင်ပြည်နယ်မှာ ….
စစ်ရေးအခြေအနေ ပြန်လည်တင်းမာလာတဲ့  ...
အဓိပ္ပာယ်ပါပဲ ….

ဒီနေ့  ...
မိတ်ဆွေတစ်ယောက်နဲ့  စကားပြောရင်း …
ဒီ အကြောင်းကို ပြောဖြစ်ကြတော့ ….
သူက ...
ခင်ဗျား ဘယ်လိုထင်လဲ ဆိုပြီး ...
ကျွန်တော့် ထင်မြင်ချက်ကို လှမ်းမေးပါတယ် ...

ဒါပေမယ့် ….
အတွေးနယ်ချဲ့ ပြီး စိတ်ရှုပ်နေဟန်ရှိတဲ့  ...
ကျွန်တော့်မျက်နှာထားကို လှမ်းမြင်ချိန်မှာတော့ ...
သူ ဘာမှ ထပ်မမေးတော့ပါဘူး ....

ကျွန်တော် တွေးနေမိတာ က ...
ဒီတိုက်ပွဲတွေ အကြောင်း ….
ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းကို ထိမှန်သွားတဲ့  …
၁၀၅ မမ အမြောက်ကျည်ဆံ မဟုတ်ပါဘူး ...

သူ ထိမှန်သွားတဲ့  ပစ်မှတ်အကြောင်း ...
ပိုပြီး တိတိကျကျ ပြောရရင် ...
ကေအိုင်အေ ဗိုလ်သင်တန်းအကြောင်း ....
တက်နေတဲ့ ဗိုလ်လောင်းတွေ အကြောင်း ...
ပေးနေတဲ့ သင်တန်းတွေ အကြောင်း ....
အကောင်အထည်ဖော်နေတဲ့  ကိစ္စတွေအကြောင်း ...
ဒါတွေကို တွေးနေမိတာပါ ….

လက်နက်ကြီး ထိမှန်သွားတဲ့  ဗိုလ်လောင်းတွေဟာ ...
ကေအိုင်အေ က တစ်ယောက်မှ မပါဘဲ ...
ရခိုင်ရယ် တအောင်းရယ် ချင်း ၊ အေဘီ…
စတဲ့ အဖွဲ့ တွေက ဖြစ်နေပါတယ် …

ဒါနဲ့  …
အဲဒါ ဘယ်လို ဖြစ်ရတာလဲလို့ စုံစမ်းကြည့်မိတော့ …
သင်တန်းက ….
ကေအိုင်အေ ဗိုလ်သင်တန်း မဟုတ်ဘဲ ….
ဖက်ဒရယ် တပ်မတော် ဗိုလ်သင်တန်း ဖြစ်နေပါတယ် …

အတော်တော့ ခက်နေပါပြီ …
စစ်တပ်က အပြတ်ပြောထားတာ ....
နှစ်ချက်ရှိပါတယ် …

၁။ လက်ရှိတပ်မတော်သည် ပြည်ထောင်စု တပ်မတော် ဖြစ်တယ် …
နောက်ထပ် မည်သည့် တပ်မတော်ကိုမှ လက်မခံနိုင် ။
၂။ အလှည့်ကျ ကာချုပ်စနစ် လက်မခံ ။

ဒီအချက်တွေဟာ …
ဘယ်လိုမှ ပြောင်းလဲသွားစရာ မရှိတဲ့  …
တပ်မတော်ရဲ့  သဘောထားတွေ ဖြစ်ပါတယ် …
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဘောထား မဟုတ်ပါ ….
တပ်မတော် ရဲ့  သဘောထား ဖြစ်ပါတယ် ….

ကျွန်တော် ထင်ပါတယ် …
ပြည်သူ အများစုကလဲ …
ဒီ အချက် နှစ်ချက်ကို လက်ခံနိုင်ကြမှာပါ …

အဲဒီလောက် အပြတ်ပြောထားကိုမှ …
ဖက်ဒရယ်တပ်မတော် ဗိုလ်သင်တန်းဆိုပြီး …
ကေအိုင်အေက သင်တန်းခေါ်ပေးနေတဲ့  ကိစ္စဟာ …
ကေအိုင်အေ ရဲ့  အနာဂတ်အစီအစဉ် …
ဘာလဲဆိုတာကို …
ကောင်းကောင်း ခန့် မှန်းလို့ ရလာပါတယ် …

ကျွန်တော် အကြံပြုချင်တာ ၃ ချက် ရှိပါတယ် …
၁။ အစိုးရ အဖွဲ့ ဟာ …
ကေအန်ယူ ၊ ၀ ၊ မိုင်းလား ၊ RCSS စတဲ့ အဖွဲ့ တွေနဲ့  …
အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးသင့်ပါပြီ ….
မထိုးချင်တဲ့ သူတွေ ချန်ထားခဲ့ပါ…
ပြီးရင် နိုင်ငံရေး ဆက်ဆွေးနွေးကြပါတော့ ….

၂။ လွှတ်တော်အနေနဲ့  …
အခြေခံ ဥပဒေက ဇယား ၁၂၃၄၅ တွေ ….
အမြန်ဆုံး ပြင်ဆင်ဖို့ လိုနေပါတယ် …
ပြည်ထောင်စုက ချုပ်ကိုင်ထားတဲ့  ….
သယံဇာတ နဲ့  လုပ်ပိုင်ခွင့် တွေကို ..
ပြည်နယ်တွေကို ပေးနိုင်သလောက် ခွဲဝေပေးလိုက်ပါ ….

ပြည်နယ် ၀န်ကြီးချုပ်တွေကို …
သမ္မတက မခန့် ပါနဲ တော့…
သူတို့ ဖာသာ ပြည်နယ်လွှတ်တော်ကရွေးကောက်ပြီး …
သူတို့ ပြည်နယ် အကျိုးကို ....
လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်ကြပါစေ ….

၃။ အစိုးရ အဖွဲ့ နဲ့  လွှတ်တော်က ….
၂၀၁၅ မတိုင်မီ ဒီကိစ္စတွေ အပြတ်ဖြတ်ပေးပါ …
ပြီးရင် တက်လာတဲ့  အစိုးရအသစ်အနေနဲ့  …
အပစ်အခတ် ရပ်စဲရေးကို လက်မခံတဲ့  အုပ်စုတွေကို ….
အမြစ်ပြတ် ချေမှုန်းဖို့  …
တပ်မတော်ကို အမိန့် ပေးသင့်ပါပြီ ……

ကျွန်တော် ပြောချင်တာက …
ပြည်တွင်းစစ်ဟာ အချိန်သိပ်ကြာနေပါပြီ ....
တစ်ချို့ ကိစ္စတွေဟာ ….
အပ်နဲ့ ထွင်းရမယ့် အချိန်မှာ မထွင်းမိတဲ့  အတွက် ….
အမြောက်နဲ့  ပစ်ရတဲ့  အနေအထားမျိုးကို ရောက်သွားခဲ့ရင် …
ဘယ်သူမှ အကျိုးမရှိပါဘူး ….

ကျွန်တော်တို့  ဒီကိစ္စတွေကို …
ပြတ်ပြတ်သားသား ....
ကိုင်တွယ်ဖြေရှင်းသင့်ပြီ ဖြစ်ကြောင်း ပြောလိုပါတယ် ။ ။

( ရဲမိုး )

( Photo - ခလရ ၂၁ မှ လူနာပို့  အဖွဲ့ အား ...
ကေအိုင်အေ မှ ခြုံခိုတိုက်ခိုက်ခံရစဉ် ...
အရှင်လတ်လတ် မီးလောင်သေဆုံးသွားခဲ့သော ...
လူနာစစ်သည်များအား သယ်ဆောင်လာသော ယာဉ် )
 
 
 
From:Ye Moe

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...