Tuesday, 25 November 2014

ဂျာမန်အမျိုးသားများက ကမ္ဘာ့အဆိုးဆုံး လိင်ဆက်ဆံဖက်ဖြစ်လာ




ဂျာမန် အမျိုးသားများသည် ကမ္ဘာပေါ်တွင် အညံ့ဖျင်းဆုံး လိင်ဆက်ဆံဖက်များဖြစ်ကြောင်း
သုတေသန ၀က်ဘ်ဆိုဒ်တခု ဖြစ်သည့် Onepoll.com ၏ စစ်တမ်းတစ်ခုကို ကိုးကားကာ
တယ်လီဂရပ်ဖ်သတင်းစာက ယခင်သီတင်းပတ်တွင် ရေးသားခဲ့သည်။
အဆိုပါ ၀က်ဘ်ဆိုဒ်က နိုင်ငံပေါင်း၂၀ မှ အမျိုးသားအတော်များများနှင့် ကာမစပ်ယှက်ဖူးသည့်
အမျိုးသမီး ၁၅,၀၀၀ ကို စစ်တမ်းကောက်ခံပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ထိုအညံ့စာရင်း၌ ဂျာမန် လူမျိုးများပြီးလျှင် အင်္ဂလိပ်လူမျိုးများမှာ ဒုတိယနေရာမှရှိကာ
ဆွီဒင်များကမူ တတိယ လိုက်သည်။
ဂျာမန် လူမျိုးများသည် ရေချိုးရန် ပျင်းရိလေ့ရှိပြီး အနံ့အသက် မကောင်းတတ်ကြောင်း၊
အင်္ဂလိပ်များကမူ ကာမစပ်ယှက်မှုကို အမျိုးသမီးကပင် ဦးဆောင်လှုပ်ရှားစေလို၍ ပျင်းရိသူများ
ဖြစ်ကြောင်းနှင့် ဆွီဒင်လူမျိုးများမှာမူ သုက်လွှတ်စောသဖြင့် ကာမသုခကို အပြည့်အဝ
မပေးနိုင်သူများ ဖြစ်ကြောင်း စစ်တမ်းတွင် ဖြေဆိုခဲ့သည့် အမျိုးသမီးများ က ဆိုသည်။
အညံ့စာရင်းတွင် နံပါတ် ၄ နေရာချိတ်သော ဒတ်ခ်ျများမှာမူ မိမိ၏ အမျိုးသမီးအဖော်အပေါ်
အသာစီးယူရန် ဆန္ဒပြင်းပြလေ့ရှိကာ နံပါတ် ၅ နေရာတွင် ရှိသော အမေရိကန်များကမူ
စပ်ယှက်ချိန်တွင် ပွဲကြမ်းတတ်သည်ဟု ဆိုသည်။
ဂရိလူမျိုးများကမူ စပ်ယှက်မှု တဖွဲ့တနွဲ့ နိုင်လွန်းပြီး အချိန်ကြာကြာဆွဲတတ်သောကြောင့်
စိတ်မရှည်စရာ ကောင်းသူများအဖြစ် နံပါတ် ၆ နေရာတွင်ရှိကာ ကိုယ်ဆန္ဒပြည့်ရန်သာ
အာရုံစိုက်ပြီး မိမိအဖေါ် အမျိုးသမီး၏ ကာမသုခပြည့်ဝမှုကို အလေးမထားသော
ဝေလနယ်သားများကမူ နံပါတ် ၇ နေရာကို ရရှိသွားသည်။
ကာမစပ်ယှက်စဉ် မလိုအပ်ဘဲ အသံကျယ်လွန်းသော စကော့လူမျိုးများကမူ အညံ့စာရင်း
နံပါတ် ၈ နေရာတွင် ရှိသည်။
ကာမစပ်ယှက်မှုပြုစဉ် ချွေးထွက်လွန်းသည်ဟု မှတ်ချက်ပြုခံရသည့် တူရကီလူမျိုးများက
နံပါတ် ၉ နေရာနှင့် အမွေးအမြှင် ထူလွန်းသောကြောင့် အမျိုသမီးများ နှာခေါင်းရှုတ်လေ့ရှိသည့်
ရုရှားလူမျိုးများက နံပါတ် ၁၀ နေရာတွင် အသီးသီးရှိကြသည်။
ကာမစပ်ယှက်ရာတွင် အမျိုးသမီးများကို သာယာမှုအပေးနိုင်ဆုံးသူများအဖြစ် မှတ်ချက်
ပေးခံရသူများတွင် စပိန်လူမျိုးများက နံပါတ် ၁ နေရာတွင်ရှိပြီး ၎င်းနောက်တွင် ဘရာဇီး၊ အီတလီ၊
ပြင်သစ်၊ အိုင်းရစ်၊ တောင်အာဖရိက၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဒိန်းမတ် နှင့် ကနေဒါ
အမျိုးသားများ ရှိကြောင်း အဆိုပါစစ်တမ်းက ဆိုသည်။

From:MM Times

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...