Thursday, 27 November 2014

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့က ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်





မကွေးတိုင်း ဒေသကြီး၊ ရေစကြိုမြို့နယ်တွင် ရောက်ရှိနေသော တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ယနေ့တွင် မြေတော်ကျေးရွာ၊ ဆင်ချောင်းကျေးရွာ၊ မအူကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံ ပြည်သူ ဆေးကုသမှုဆိုင်ရာ ရောဂါ ၇ဝဝ ဦး၊ ခွဲစိတ်ရောဂါ ၁၄၈ ဦး၊ ကလေးရောဂါ ၇၈ ဦး၊ သားဖွားမီးယပ် ရောဂါ ၆၉ ဦး၊ အရိုးရောဂါ ၁၇ဝ ဦး၊ နား နှာခေါင်း လည်ချောင်းရောဂါ ၁ဝ၇ ဦး၊ မျက်စိရောဂါ ၃ဝ၈ ဦးနှင့် သွားရောဂါ ၃၉ ဦး၊ အခြားရောဂါ ငါးဦး၊ စုစုပေါင်း ၁၆၂၄ ဦးတို့အား လိုအပ်သည့် ကုသမှုများ ဆောင်ရွက်ပေးပြီး ရွေ့လျား ခွဲစိတ်ကုသယာဉ်ဖြင့် ခွဲစိတ်ကုသသူ ၁၃ ဦး၊ မျက်စိလူနာ ၁၇ ဦးနှင့် သွားရောဂါ ၂၅ ဦးတို့အား ခွဲစိတ် ကုသပေးခြင်း၊ ရွေ့လျား ဓာတ်မှန်ရိုက်ယာဉ်ဖြင့် ဓာတ်မှန်ရိုက်သူ ၄၄ ဦး၊ အာထရာဆောင်း ရိုက်သူ ၄ဝ ဦးတို့အား ရောဂါ ရှာဖွေခြင်းများ ဆောင်ရွက်ပေးသည်။ တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့ အနေဖြင့် နိုဝင်ဘာ ၂ ရက်မှစ၍ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီး အတွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ရာ ယနေ့ အထိ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်၊ ကောလင်းမြို့နယ်၊ ရွှေဘိုမြို့နယ်၊ မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်နှင့် ရေစကြိုမြို့နယ်များရှိ ကျေးရွာများမှ ဒေသခံ ပြည်သူ ၂၁၇၇၂ ဦးအား လိုအပ်သော ဆေးကုသမှု လုပ်ငန်း များဆောင်ရွက် ပေးခဲ့ကြောင်း သတင်း ရရှိသည်။


From:မြ၀တီ

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...