Wednesday, 12 November 2014

" ဖေ နဲ့  မေ .. သားရှေ့ တန်းက ပြန်လာတော့မယ် .. . သား ... မေ့ ရဲ့ မုန်လာဥကြော်ဟင်း စားချင်တယ်

ကျနော့် အစ်ကိုကြီးက လူလိမ်ဗျ..
သိပ် လိမ်တတ်တာ...
ဆေးအမှတ် မီရဲ့ သားနဲ့  ....
ဆရာဝန် အရမ်းဖြစ်ချင်ရဲ့ သားနဲ့  ....
အိမ်က မထားပေးနိုင်လို့  ...
" ဖေ နဲ့ မေ ....
သား ဆရာဝန် မလုပ်ချင်ဘူး .. " ဆိုပြီး ...
တပ်ထဲ ဝင်သွားတယ်....

ဗိုလ်လောင်းဖြစ်တော့လဲ ရတဲ့ လခလေးကို ....
" ဖေ နဲ့ မေ .... သား အသုံးမလိုပါဘူး " ဆိုပြီး ...
အကုန် ပြန်ပေးရှာတယ်...
သူ လိမ်နေမှန်း ....
ညီအရင်းဖြစ်တဲ့ ကျနော်က သိတာပေါ့...
သူနဲ့ အရွယ်တူ အရပ်သားသူငယ်ချင်းတွေနဲ့ 
တန်းတူ စားချင် သုံးချင်ရှာမှာ ....
ကျနော် သိပ်သိတာပေါ့....
ဒီလိုနဲ့  ကျောင်းဆင်း ....
တာဝန်ကျရာ ရှေ့ တန်းခွင် ထွက်တော့ ....
" ဖေနဲ့ မေ .. သားရှေ့ တန်းမှာ အဆင်ပြေပါတယ် " ဆိုပြီး ....
ရှေ့ တန်းက စာရေးပြီး ထပ်လိမ်ပြန်တယ်...
စိမ်းစား ငပိနဲ့  မျှစ်တောင် ...
အနိုင်နိုင် စားနေရတာကို ...
အဆင်ပြေပါတယ်ဆိုပြီး လိမ်သေးတယ်ဗျ...
နောက်ဆုံး ၂ဝ၀၈ ဇွန်လ ၁၈ရက် ဗုဒ္ဓဟူးနေ့  မှာ ....
ကျုပ်တို့  မိသားစုဆီ ....
အစ်ကိုကြီး စာတစ်စောင် ပို့ သဗျ ....
" ဖေ နဲ့  မေ .. သားရှေ့ တန်းက ပြန်လာတော့မယ် .. .
သား ... မေ့ ရဲ့ မုန်လာဥကြော်ဟင်း စားချင်လို့  ....
ချက်ထား ပေးပါနော်...
ညီလေးကိုလဲ ပြောလိုက်ပါ...
သားပြန်လာရင် ....
စက်ဘီးအတူတူ ပတ်စီးကြမယ်လို့  " တဲ့ ...
အဲ့ဒါ လိမ်သွားတာဗျ...
အဲ နေ့ က စပြီး ....
အစ်ကိုကြီး ကျနော်တို့ ကို ...
အဆက်အသွယ် မလုပ်တော့ဘူး ...
သူများတွေ ပြောတော့ ....
၂၀၀၈ ဇွန်လ ၂၆ ရက်မှာ ....
တိုက်ပွဲကျသွားတယ်လို့ ပြောကြတယ်...
ကျုပ်တော့ မယုံပါဘူးဗျာ...
ကျုပ် မေနဲ့ ဖေလဲ ဒီနေ့ ထက်ထိ ....
အစ်ကိုကြီးကို အိမ်တံခါးဖွင့်ပြီး စောင့်နေတုန်းပဲဗျ...
ကျုပ်ကိုယ်တိုင်လဲ ဒီနေ့ ထက်ထိ ...
ကျုပ် စက်ဘီးနောက်ခုံလေးကို ဘယ်သူမှ မတင်ဘဲ ....
ကျုပ် အစ်ကိုကြီးကို စောင့် နေတုန်းပဲ ....
ဘာလိုလိုနဲ့  ဒီလိုစောင့်နေတာ ...
ဒီနှစ်ဆို လေးနှစ်တောင် ရှိပြီဗျာ...
လူလိမ်ကြီး .... အိမ်ကို မြန်မြန်ပြန်လာစေလို့  ....
ဆုတောင်းရင်း....
( Credit - Aung Naing via Phay Sit Gyi )
===========================
ကိုအောင်နိုင်၏ အကိုမှာ ...
၂၆.၆.၂၀၀၈ တိုက်ပွဲတွင် ....
ကျဆုံးသွားသည်ဟု သိရှိရပါသည်
via
From: Ye Moe

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...