Saturday, 22 November 2014

စာပေဟောပြောပွဲမှာ စာပေပညာသန့်သန့်ကိုသာပြော။ ကိုယ်ကျိုးအတွက် မဆိုင်တဲ့နေရာမှာ အသုံးချလိုက်ထဲက မှားနေပြီ။ကံကြီးထိုက်သောသူမှာ ပြေဖို့ရာမရှိ။ ငရဲတွင် အပြစ်ဆပ်ရန်သာရှိသည်။

စာပေ ဟောပြောပွဲ မှာ စာပေပညာဗဟုသုတနဲ့သက်ဆိုင်တာပဲ မပြောဘဲ နိုင်ငံရေးလိုလို၊ ဘာသာ သာသနာ သန့်စင်ရေးပုဂ္ဂိုလ်လိုလို၊ ပါတီကြော်ငြာ မဲဆွယ်သလိုလို၊ ကုလားအားရအောင် လေလည်သလိုလိုနဲ့ ပတ်ရမ်းလိုက်ထဲက စမှားနေပြီ။ စာပေဟောပြောပွဲမှာ စာပေပညာသန့်သန့်ကိုသာပြော။

ကိုယ်ကျိုးအတွက် မဆိုင်တဲ့နေရာမှာ အသုံးချလိုက်ထဲက မှားနေပြီ။

NLD သည် အတိုက်အခံပါတီ။ အတိုက်အခံပါတီအနေနဲ့ လက်ရှိအာဏာရအုပ်စုကိုသာတိုက်မှ အတိုက်အခံပါတီ ပီသမည်။ သို့သော် အမျိုးသားအကျိုးလုပ်ဆောင်နေသူများ၊ ဘာသာသာသနာကိုသာ တိုက်ရဲသည်။

လိုရင်းကို တည့်မပစ်တတ် မပစ်ရဲဘဲ ကြောင်တောင်တောင် အကွက်များနှင့် တိုင်းပြည်ခေါင်းဆောင်နေရာ တက်လှမ်းမည်ကြံသည်မှာ လူထုအတွက် အမှန်စင်စစ် အားကိုးဖွယ် မဖြစ်။

ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကြောင့် ယနေ့မြန်မာအတွက် မည်သည့်အချိန်တုန်းကမျှ မရခဲ့ဖူးသော အခွင့်အရေး တချို့ ရလာခဲ့သည်။ သို့သော် လက်ရှိတွင် ခေါင်းဆောင်မှာ အောက်ခြေကို မနိုင်တော့။ တောင်းပန်ရသည်။ ယခု ထင်လင်းဦးအကြိမ်တွင် ပါတီနှင့်မဆိုင်ပါဟူ၍ပင် စာထုတ်ရသည်။ ကိုယ့်ပါတီတွင်းပင် ကိုယ်မနိုင်တော့။ တိုင်းပြည်အတွက် အားကိုးရန် အားလျော့ဖွယ် ကောင်းလွန်းလာသည်။ ခေါင်းဆောင် ခုထက် ပိုသန်မာဖို့ လိုသည်။

လက်ပံတောင်းတောင်အရေးတွင် ရှေ့လူတို့ ကာယကံရှင်တို့ ဖင်မနိုင်ဘဲ ပဲဟင်းစားခဲ့သမျှ ၎င်းကိစ္စနှင့် ဖာသိဖာသာနေသော ဒေါ်အောင်ဆန်းစုကြည် ဆွဲသွင်းခံရသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့၍ စစ်ဆေးစေသည်။ ပြည်သူများ အားတက်ကြသည်။ အမေလာပြီ။ သို့သော် ရလာဒ်အဖြေမှာ အားလုံးသိပြီးကြသည့်အတိုင်းဖြစ်သည်။ ထိုစဉ်ကသာ ပြည်သူတို့ဆန္ဒလယ်တီသိမ်မဖျက်ရေးနှင့် အမေ့ပါဝါ ပြည်သူ့အင်အား ပေါင်းလိုက်လျှင် အဖြေတစ်မျိုးပြောင်းသွားနိုင်သည်။

အမေမကာကွယ်နိုင်ခဲ့။ မတိုက်နိုင်ခဲ့။

မြန်မာပြည် ဘယ်သူတက်တက် အာဏာရှင်တို့ကို တွန်းလှန်နိုင်မှ အလုပ်ဖြစ်မည်။

သာသနာ သန့်တည်ပွားရေး ရှေးရှုသော ပုဂ္ဂိုလ်ဖြစ်လိုလျှင် ၂၂၇သွယ်သော သိက္ခာပုဒ်တို့ကိုစောင့်ထိန်းသည့် ဘုရားသားတော်အစစ် အလျင်ဖြစ်အောင် ပြောင်းလဲသင့်သည်။ ၅ပါးသီလမျှ နေ့စဉ်မလုံနိုင်သော လူဝတ်ကြောင်အနေဖြင့် ဖင်မယားအပ်။

အာပတ်သင့်သော ရဟန်းပင် ပါရာဇိက မကျလျှင် အာပတ်ဖြေ၍ ပြေနိုင်သည်။ ပါရာဇိက ကျလျှင်သော်မှ လူဝတ်လဲလျှင် ပြေရာပြေကြောင်းဖြစ်သည်။

ကံကြီးထိုက်သောသူမှာ ပြေဖို့ရာမရှိ။ ငရဲတွင် အပြစ်ဆပ်ရန်သာရှိသည်။

ထင်လင်းဦး ပေးသော ကုသိုလ်အမျှ တစ်တိုင်းပြည်လုံး ဘယ်နှယောက် ရဖူးသည် မသိ။ အကုသိုလ်အမျှကတော့ တိုင်းပြည်နဲ့အဝှမ်း ရသွားရှာကြပြီ။ ဒါလား ပညာရှိလုပ်ရပ်။ စေတနာမှန်လျှင် စေတနာနှင့်တန်သောစကားသာ သုံးနှုန်းအပ်သည်။ ဒေါနှင့်မာန်နှင့် အရူးချီးပန်းသာ ပြောတတ်လျှင် ရွာသာကြီး စိတ္တဇ ဆေးရုံနှင့်သာ အသင့်လျော်ဆုံးဖြစ်သည်

From: M M Kyaw Min

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...