Monday, 24 November 2014

တပ်မတော်သုံးတဲ့ အမြောက်ဆိုတာ... ဘယ်လိုမျိုးလဲ.... ?


ဒီနေ့ တော့ …
တာဝေးပစ် လက်နက်ကြီး နဲ့  ပတ်သက်တဲ့  …
အချက်အလက်လေးတွေ …
အနည်းငယ်ပြောကြည့်ကြရအောင် ….

တာဝေးပစ် လက်နက်ကြီးမှာ သုံးမျိုးခွဲခြားနိုင်တယ် …
အမြောက် ၊ စိန်ပြောင်း နဲ့  ဟောင်ဝဇ်ဇာ အမြောက်တို့ ဖြစ်တယ် …
အမြောက်ဟာ ပထမဆုံး ပေါ်ခဲ့တဲ့  လက်နက်ဖြစ်တယ် …

တရုတ်လူမျိုးတွေက ယမ်းမှုန့် စတင်တီထွင်နိုင်ခဲ့ပြီး …
ပထမဆုံး ယမ်းမှုန့် သုံး အမြောက်ကို ….
တရုတ်ပြည် စောင်မင်းဆက် လက်ထက် …
တရုတ်စစ်သူကြီး ဟန်ရှီဆောင်က …
၂၈.၁.၁၁၃၂ ရက်နေ့  စစ်မြေပြင်မှာ စတင်သုံးစွဲခဲ့တယ် ….
အမြောက်လက်နက်တွေ အားလုံးဟာ …
ပစ်ထောင့် ၄၅ဒီဂရီထက် ပိုထောင်ပြီးပစ်လို့ မရခဲ့ဘူး ….

ဒုတိယ ပေါ်လာတာကတော့ …
စိန်ပြောင်း (မော်တာ) ဖြစ်တယ် …..
ပထမဆုံး စိန်ပြောင်းလက်နက်တွေကို …
ဘိုင်ဇင်တိုင်း အင်ပါယာနဲ့  ...
အော်တိုမန်အင်ပါယာတို့  ဖြစ်ကြတဲ့  စစ်ပွဲ …
၁၄၅၃ ခု မေလမှာ စတင် အသုံးပြုခဲ့တယ် ….

စိန်ပြောင်းလက်နက်ကတော့ …
ပစ်ထောင့် ၄၅ဒီဂရီ နဲ့  ...
၈၇ဒီဂရီ ကြားလောက်မှာပဲ ပစ်လို့ ရတယ် …
၄၅ ဒီဂရီအောက် ချပြီး ပစ်လို့ မရဘူး ….

ဒီ အမြောက် နဲ့  စိန်ပြောင်း တို့ ရဲ့  …
ပစ်ခတ်မှု အားနည်းချက်တွေကို ပြုပြင်ရင်း ….
ဟောင်ဝဇ်ဇာ အမြောက် ဆိုတာ စပေါ်ပေါက်လာတယ် ….

ဟောင်ဝဇ်ဇာဆိုတဲ့  အင်္ဂလိပ်စကားလုံးဟာ …
ချက်ဘာသာစကား ဟောင့်ဝ် ဆိုတဲ့  ...
စကားက ဆင်းသက်လာတယ် …
အခု ခေတ်သစ် ဟောင်ဝဇ်ဇာ အမြောက်တွေဟာ …
ချက်တွေ အသုံးပြုခဲ့တဲ့  ဟော့ဝ်နေ့ စ် အမြောက်တွေက …
အဆင့်ဆင့် ဆင်းသက်လာတယ် ….

၁၇ရာစု နှောင်းပိုင်းမှာ …
ဒီနေ့ အသုံးပြုနေကြတဲ့  …
ခေတ်သစ်ဟောင်ဝဇ်ဇာတွေရဲ့ အခြေခံ…
ဟောင်ဝဇ်ဇာ အမြောက်ကို …
ဆွီဒင်နိုင်ငံက စတင် တီထွင်ခဲ့တယ် …

ဟောင်ဝဇ်ဇာ အမြောက်တွေဟာ …
ပစ်ထောင့် ၈၇ ဒီဂရီ နဲ့  ၁၈၀ ဒီဂရီကြား ပစ်ခတ်လို့ ရတယ် …
အနီးစပ်ဆုံး ဥပမာပေးရရင် …
အမြောက် နဲ့  မော်တာ ရောထားတဲ့  လက်နက်ဖြစ်တယ် …

ဒီနေ့ ခေတ်မှာ အမြောက်အားလုံးဟာ ….
ဟောင်ဝဇ်ဇာ အမြောက်တွေပဲ ဖြစ်နေပြီ …
ရိုးရိုး အမြောက်ကို …
ဘယ်သူမှ မထုတ်လုပ်ကြ အသုံးမပြုကြတော့ဘူး …..

တာဝေးပစ် လက်နက်ကြီးတွေနဲ့  …
ရိုးရိုး လက်နက်ဘာကွာလဲ ဆိုရင် …
အဓိက ကွာခြားချက် ၂ခု ရှိတယ် …

ပထမအချက်က …
တာဝေးပစ် လက်နက်တွေဟာ ပစ်မှတ်ကို မမြင်ရဘူး …
အဝေးကြီးက တွက်ချက်ပြီး လှမ်းပစ်ရတာ ဖြစ်တယ် …

ဒုတိယအချက်က ….
Pin Point အရမ်းကြီး တိတိကျကျ ပစ်လို့ မရဘူး …
ပစ်မှတ်နဲ့  ကိုက်၅၀ ကိုက်၁၀၀ အတွင်းကျရောက်ရင်ကို …
ပစ်မှတ်ကို မှန်တယ်လို့  သတ်မှတ်တယ် …

ဘာလို့ လဲဆိုတော့ ...
ပစ်ခတ်တဲ့ အချက်အလက် မြေပုံညွှန်းတူရင်တောင် ...
ပထမကျည် နဲ့ ဒုတိယကျည် ကျတဲ့ နေရာ...
ဘယ်တော့မှ မတူနိုင်ဘူး ...
လေတိုက်နူန်း ၊ စိုထိုင်းဆ ၊မြူခိုး စတဲ့ အချက်တွေက...
စက္ကန့် နဲ့  အမျှ ပြောင်းလဲနေလို့ ဖြစ်တယ် ...
သူ့ ရဲ့  ကျည် ထိရောက်မှုအကွာအဝေးကလဲ …
ကိုက် ၁၀၀ လောက်အတွင်း လူသေစေနိုင်တယ် …

အမြောက်တပ်ဖွဲ့  တစ်ခုမှာ အကြမ်းဖျင်း အားဖြင့် …
အကဲကြည့် အဖွဲ့ ရယ် …
ပစ်မိန့် ပေးအဖွဲ့ ရယ် …
Gun Crew ရယ် ဆိုပြီး ခွဲခြားနိုင်တယ် ….

ပစ်မှတ်တစ်ခုကို မချေမှုန်းမီ …
ပစ်မှတ် အဆင့်ကို သတ်မှတ်တယ် ….
တပ်ခွဲအဆင့် ပစ်မှတ်ဆို ...
အမြောက် ၈လက်နဲ့ ပစ်တယ် …
တပ်ရင်းအဆင့် ပစ်မှတ်ဆို ...
အမြောက် ၃၂လက်နဲ့  ပစ်တယ် ….
တပ်မ အဆင့် ပစ်မှတ်ဆို ...
အမြောက် အလက် ၃၀၀ လောက်နဲ့  ပစ်တယ် ..

ပစ်ခတ်မှုတစ်ခု စတင်ပြီ ဆိုတာနဲ့  …
ပထမဆုံး ပစ်မိန့် ပေးအဖွဲ့ ဟာ ….
စစ်သုံးမြေပုံပေါ်မှာ ….
မိမိ Gun ရဲ့  တည်နေရာ …
ပစ်မှတ်ရဲ့ တည်နေရာ စတာတွေကို တွက်ချက်ပြီး …
Gun Crew တွေကို …
ပစ်မှတ်ကို စတင် ရှာဖွေ ပစ်ခတ်စေတယ် …
ဒါကို Search Fire ပစ်ရှာ လုပ်တယ် လို့ ခေါ်တယ် …

Search Fire ကို သာမန်အားဖြင့် …
ကျည်ကျကို အကဲကြည့်က မြင်ရလွယ်အောင် ….
မီးခိုးဗုံးလိုမျိုးနဲ့  ပစ်တယ် …

တပ်ခွဲ အဆင့်ပစ်မှတ်လောက်မှာ …
အမြောက်တစ်လက်လောက်ကပဲ ပစ်ရှာလုပ်ပေမယ့်  …
တပ်ရင်းအဆင့် ပစ်မှတ်လောက်ဆို …
တပ်ခွဲ အမြောက် ၈လက်လောက်ကနေ ပစ်ရှာလုပ်တတ်တယ် …
တပ်မအဆင့် ပစ်မှတ်ဆို …
တပ်ရင်းအမြောက် ၃၂လက်လောက်က ပစ်ရှာလုပ်တယ် …

ပထမဆုံး ပစ်ထုတ်လိုက်တဲ့  အမြောက်ဆန်ဟာ …
ပစ်မှတ်ကို ထိမှန်ဖို့  အတော်ခဲယင်းတယ် …
အမြောက်ကျည်ကျတဲ့ နေရာကို ကြည့်ပြီး …
ရှေ့ တန်း က ပစ်မှတ်နားမှာရှိနေတဲ့  …
ပစ်မှတ်ကို လှမ်းမြင်နေရတဲ့  အကဲကြည့်အဖွဲ့ က …
တာဝေး နဲ့  ဗယ်ညာကို ပြင်ဆင်ပေးပြီး …
ကျည်ထိချက်ကို ပစ်မှတ်နဲ့  နီးလာအောင် …
တဖြည်းဖြည်း ကွင်းဖမ်းယူတယ် ….

တစ်ချို့ စစ်မြေပြင်တွေမှာ …
အကဲကြည့်အဖွဲ့ ဟာ …
ရှေ့ တန်းက တိုက်နေတဲ့  ခြေလျင်တပ်တွေကပဲ …
လုပ်ဆောင်လေ့ရှိတယ် ….

ပုံမှန်အားဖြင့် Search Fire ကို ….
၃ချက် ကနေ ၁၀ ချက်လောက်အတွင်း …
ပစ်ရလေ့ရှိတယ် ….
အချိန်အားဖြင့် …
၁၅ မိနစ်ကနေ တစ်နာရီလောက် အထိ ကြာတတ်တယ် …
တစ်ခါတစ်လေ ပထမဆုံးပစ်လိုက်တဲ့  ပစ်ရှာကျည်ဟာ …
ဘယ်နား သွားကျမှန်း မသိဘဲ ပျောက်သွားလို့  …
အစအဆုံး ပြန်တွက်ချက်ပြီး ပစ်ရတာမျိုးလဲ …
ကြုံရတတ်တယ် …

ပစ်မှတ်တစ်ခုကို ကိုက်၅၀ နဲ့  ၁၀၀ အတွင်း …
ကွင်းဖမ်းမိသွားပြီဆိုတာနဲ့  …
Search Fire ပစ်ခတ်ခြင်း ပြီးဆုံးပြီး …
ရှိသမျှ အမြောက်အားလုံးနဲ့  ….
ထိရောက် ချေမှုန်း ပစ်ခတ်ခြင်း စတင်တယ် …

ထိရောက် ချေမှုန်း ပစ်ခတ်ခြင်းမှာ ….
One Round ပစ်ခတ်ရင် …
အမြောက်တစ်လက်ကို …
ကျည် သုံးတောင့်ကနေ ငါးတောင့်သုံးတယ် …

တပ်ခွဲ ပစ်မှတ် One Round ဆိုရင် …
အမြောက် ၈လက်က ….
အမြောက်ကျည် ၂၄ တောင့်ကနေ ၄၀ အထိ ပစ်တယ် …
တပ်ရင်း ပစ်မှတ် One Round ဆိုရင် …
အမြောက် ၃၂ လက်က …
အမြောက်ကျည် ၉၆တောင့် ကနေ အတောင့် ၁၆၀ထိ ပစ်တယ် ..
ပစ်မှတ် မပျက်စီးမချင်း …
One Round , Two Round , Three Round စသဖြင့် …
ပစ်ခတ် ချေမှုန်းတယ် ….

ဒါလောက်ဆိုရင် …
အမြောက် ပစ်ခတ်ခြင်းသဘောတရားကို …
ကောင်းကောင်း နားလည်လောက်ပြီ ….

၁၀၅ မမ ဟောင်ဝဇ်ဇာအမြောက်ဟာ …
မြန်မာ့တပ်မတော်မှာ အပေါ့စားအမြောက်ဖြစ်တယ် …
စစ်သုံး ထရပ်ကား တစ်စီးပေါ်တင်ပြီး …
အလွယ်တကူ ရွှေ့ ပြောင်းနိုင်တယ် …

တကယ်တန်းပြောရရင် …
တပ်မတော်မှာ အလတ်စား အမြောက်တွေက …
အများကြီး ရှိနေပြီ ….
၁၅၅ မမ ၊၁၃၀ မမ ၊ ၁၂၂ မမ …
ဟောင်ဝဇ်ဇာ အမြောက်တပ်တွေ …
အများကြီး ဖွဲ့ စည်းထား ပြီးပြီ …

ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းကို …
တိုက်ရိုက်ထိသွားတဲ့  ကျည်ဟာ …
နမ့်ဆန်းယန် စခန်း ၂မိုင်လောက် အကွာကနေ …
လှမ်းပစ်လိုက်တာ ဖြစ်တယ် …

ပစ်မှတ်ကို တွက်ချက် မှတ်ပုံတင်ထားပြီးဖြစ်လို့  …
တွက်နေစရာ မလိုပဲ ချက်ချင်းပစ်လိုက်နိုင်ပေမယ့်  …
ချေမှုန်း ပစ်ခတ်တာလား ….
သတိပေးတဲ့ အနေနဲ့  ပစ်ခတ်လိုက်တာ…
ဖြစ်နိုင်မလား ဆိုတာတော့ …
ကိုယ့်ဖာသာကိုယ် စဉ်းစားကြည့်ဖို့ ပဲ ဖြစ်တယ် …

ကျွန်တော်သိသလောက်တော့ …
၁၀၅ မမ ဟောင်ဝဇ်ဇာ အမြောက် တပ်ခွဲ တစ်ခွဲ …
တကယ်တန်း ချေမှုန်း ပစ်ခတ်မယ်ဆိုရင် …
အဆောက်အဦးတွေ အသာထားအုန်း …
တောင်ကုန်း တစ်ခုလုံး သစ်ပင်တစ်ခုမှ မကျန်ဘဲ …
ထယ်ထိုးထားသလို ဖြစ်သွားမယ်လို့  သိထားတယ် … ။ ။

( ရဲမိုး )
 
 
From:Ye Moe

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...