Monday, 24 November 2014

အမျိုးသား (၁၄၀) ဦးနဲ့ အတူအိပ်စက်ခဲ့ဖူးတဲ့ အဘွားအို

'You've done alright': Sandy Nardo, who has had 140 lovers, admired Ruth Langsford's husband Eamonn Holmes on today's This Morning
အေသင်အောင်

အိုင်ယာလန် နိုင်ငံမှာ နေထိုင်တဲ့ အသက် (၅၃) နှစ်အရွယ် အဘွားအို တစ်ဦးဟာ လက်ရှိ အချိန်အထိ အမျိုးသား (၁၄၀) ဦးနဲ့အတူ အိပ်စက် ခဲ့ပြီး ဖြစ်ပါတယ်။ ဆန်ဒီနာရဲ့ ထူးခြားမှု ကတော့ အတူ အိပ်စက်ခဲ့တဲ့ အမျိုးသားတွေ ရဲ့အကြောင်းကို မှတ်တမ်း ပြုစုထားခြင်း ဖြစ်ပါတယ်။  ဆန်ဒီနာဒို ဟာ အသက် (၁၉)နှစ် အရွယ်မှာ အပျိုစင်ဘ၀ကို ဆုံးရှုံးခဲ့ ပြီးနောက် အိမ်ထောင်ပြုခဲ့ ပါတယ်။ ဒီနောက် အမျိုးသားတွေနဲ့ ဆက်တိုက် အိပ်စက် ခဲ့ပြီး မှတ်တမ်းပြု လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ဆန်ဒီနာဒိုဟာ သူ့ရဲ့ အိပ်စက်တဲ့ အမျိုးသား တွေရဲ့အကြောင်းကို အသေးစိတ် မှတ်သားပြီး ဘယ်သူက ဘယ်လိုမျိုး အကျင့်စရိုက် ရှိတယ် ဆိုတာကို မှတ်တမ်းနဲ့ သိမ်းဆည်းထားခြင်း ဖြစ်ပါတယ်။ ဒီလို မှတ်တမ်းတင် ရာမှာ အတိုကောက် စာလုံး ကိုသာ အသုံးပြုလေ့ရှိ ပါတယ်။

ဆန်ဒီနာဒိုဟာ ကချေသည် တစ်ဦး ဖြစ်ပြီး ကမ္ဘာ့ နိုင်ငံပေါင်း (၃၀)ကျော်ကို သွားရောက်ဖူးကာ အမျိုးသားတွေနဲ့ အိပ်စက်ခဲ့ ဖူးပါတယ်။ ဆန်ဒီနာဒိုရဲ့ မှတ်တမ်းထဲမှာ ထိပ်ဆုံး နေရာမှာရှိ တဲ့သူက အနှစ် (၂၀)ကျော် အိပ်စက်ခဲ့တဲ့  မက် ဖြစ်ပြီး အောက်ဆုံး နေရာမှာတော့ အင်္ဂလိပ် လူမျိုး တစ်ဦးဖြစ်ကာ ကတိပေးပြီး ဘယ်တော့မှ လုပ်လေ့ မရှိဘူးလို့ မှတ်တမ်းတင်ထား ပါတယ်။ ဆန်ဒီနာဒိုရဲ့ အပြုအမူကို အသက် (၂၈) နှစ်ရှိပြီ ဖြစ်တဲ့ သားဖြစ်သူက ကြိုက်နှစ်သက်ခြင်း မရှိပေမယ့် နောက်ပိုင်းမှာ ဘာမှ မပြောတော့ဘူးလို့ ဆိုထားပါတယ်။ ဆန်ဒီနာဒိုက ကျားသစ်တွေရဲ့ အစက် အပြောက် တွေကို ဘယ်နေရာမှာ ဖြစ်ဖြစ် ပြောင်းလဲလို့  မရသလို  မိမိ၏ အပြုအမူ ကိုလည်း ပြောင်းလဲနိုင်မှာ မဟုတ်ကြောင်း  ဆိုခဲ့ပါတယ်။  ဆန်ဒီနာဒို ဟာ သူ့ရဲ့အကြောင်းကို အသက် (၈၈) နှစ်အရွယ် မိခင်ကို ပြန်ပြောလေ့ ရှိပြီး မိခင်ဖြစ်သူက အလွန်ကံကောင်းတဲ့ သမီးလို့ မှတ်ချက်ပြု ပြောဆိုခဲ့ ပါတယ်။

From: messenger

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...