Monday, 24 November 2014

ကေအိုင်အေကို အပြတ်တိုက်လို့ ရသလား.... ??


ဒီရက်ပိုင်း ….
ကေအိုင်အေနဲ့  စစ်ရေးအခြေအနေ တင်းမာလာချိန်မှာ …
အများဆုံး လာမေးကြတဲ့  မေးခွန်းကတော့ …
ကေအိုင်အေကို အမြစ်ဖြတ်တိုက်လို့  ရနိုင်သလား ?
ရတယ်ဆိုရင် ….
ဘယ်လို နည်းလမ်းနဲ့  တိုက်မလဲ ?
ဆိုတဲ့  မေးခွန်းတွေပဲ ဖြစ်ပါတယ် ….

ကေအိုင်အေကို အပြတ်တိုက်လို့ ရသလားဆိုတော့ ….
ရပါတယ် လို့ ပဲ ဖြေရမှာပါ ….
အမြစ်ဖြတ်ဖို့ ကတော့ …
တစ်နှစ်ကနေ သုံးနှစ်လောက်အထိ …
အချိန်ပေးရနိုင်ဖွယ် ရှိပါတယ် …

ကောင်းပါပြီ …
ဒါဆို ဘယ်လိုတိုက်မလဲ ????
ဟုတ်ကဲ့  …
အဓိက ကျတဲ့  အချက်ကြီး သုံးချက်ရှိပါတယ် …

ပထမ အချက် က …..
ကေအိုင်အေဟာ ….
လူမျိုးရေး နဲ့  ဘာသာရေးကို အခြေခံတဲ့  …
လက်နက်ကိုင် အုပ်စု ဖြစ်ပါတယ် ….

ဒါကြောင့် ကေအိုင်အေကို တိုက်ချိန်မှာ ….
အရေးအကြီးဆုံး အချက် ….
အားလုံးကို ရှင်းရှင်းလင်းလင်း ဖွင့်ပြထားရမှာကတော့ …
ကျွန်တော်တို့ သည် ….
ကချင်လူမျိုးကို တိုက်ခြင်းမဟုတ် …
ခရစ်ယာန် ဘာသာကို တိုက်ခြင်းမဟုတ် ….
ကေအိုင်အေ လက်နက်ကိုင်အဖွဲ့  ကို …
တိုက်ခြင်းသာ ဖြစ်တယ် …
ဒါကို ကမ္ဘာက သိအောင် ဖွင့်ပြထားရပါမယ် …

ဖွင့်ပြထားရုံနဲ့ ပြီးလားဆိုတော့ …
မပြီးပါဘူး …
သက်သေလဲ ပြရပါမယ် ….

ဥပမာ … တပ်တွေက ရှေ့ က နယ်မြေရှင်းလင်းသွား …
အနောက်က လိုက်လာမယ့် ပြန်လည်ထူထောင်ရေး အဖွဲ့ တွေက …
ဒေသတွင်းမှာ ခရစ်ယာန် ဘုရားကျောင်းတွေ …
ရာနဲ့ ချီပြီး အသစ်ဆောက်ပေးတာ …
ခေတ်ပညာတတ် အစွန်းမရောက်တဲ့  သင်းအုပ်ဆရာတွေကို …
ခရစ်ယာန် အသင်းအဖွဲ့ တွေရဲ့  အကူအညီနဲ့  စေလွှတ်ပေးတာ …

ကေအိုင်အေထဲ မပါတဲ့  ကချင်လူမျိုးတွေကို …
စားနပ်ရိက္ခာ အထောက်အပံ့ တွေပေးတာ …
စာသင်ကျောင်းတွေ ဆောက်ပေးတာ ….
ဆေးပေးခန်းတွေ ဆောက်ပေးတာ …
ဆရာဝန်တွေ ခန့် ထားပေးတာ …
မြို့ ကြီးတွေကို လေ့လာရေး ခရီးစီစဉ်ပေးတာ …
ဒါတွေလုပ်ပေးရပါမယ် …
ကိုယ်လုပ်ပေးတာတွေကိုလဲ …
ကမ္ဘာကို အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်နေရပါမယ် …

ဒုတိယ အချက်ကတော့ …
တရုတ်နိုင်ငံ ရဲ့  ပူးပေါင်းပါဝင်ဆောင်ရွက်မှု ဖြစ်ပါတယ် …
လက်ရှိ ကေအိုင်အေ ရဲ့  အထောက်အပံ့  ရင်းမြစ်ဟာ …
တရုတ်နိုင်ငံ ဖြစ်ပါတယ် ….

ကေအိုင်အေ ရဲ့  လက်နက်စက်ရုံ ….
ခဲယမ်းစက်ရုံ ….
စစ်ပစ္စည်း ကုန်ကြမ်းတွေ အားလုံးဟာ …
တရုတ်နိုင်ငံထုတ် ပစ္စည်းများဖြစ်သလို …
ကေအိုင်အေ ခေါင်းဆောင်များအားလုံးရဲ့  နေအိမ်တွေဟာလဲ …
တရုတ်နိုင်ငံထဲမှာပဲ တည်ရှိပါတယ် …

တရုတ်နိုင်ငံကို …
ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား …
ပထမဆုံးပေးရမယ့် မက်ဆေ့ဟာ …
ကျွန်တော်တို့ တိုင်းပြည်မှာ …
ပြည်တွင်းစစ် မချုပ်ငြိမ်းသရွေ့  …
သူ ရဲ့  ရင်းနှီးမြုပ်နှံမှု ….
စီးပွားရေး အဆောက်အအုံတွေရဲ့ လုံခြုံရေးဟာ …
စိုးရိမ်ဖွယ်ရာရှိတယ် ဆိုတဲ့ အချက်နဲ့  …
ကျွန်တော်တို့ ရဲ့  ပြည်တွင်းစစ်ကို အထောက်အပံ့ ပေးနေသရွေ့  …
နောင် ကျွန်တော်တို့ နဲ့  ရေရှည် လက်တွဲလုပ်ဖို့  …
လုံးဝ အဆင်မပြေနိုင်ပါဘူးဆိုတဲ့  အချက်ပါ ….

ဥပမာ - ကူမင်း-ကျောက်ဖြူ ပိုက်လိုင်းဟာ …
တရုတ်ရဲ့  အရေးကြီး အမျိုးသား အကျိုးစီးပွား ဖြစ်ပါတယ် …
နယ်မြေမလုံခြုံလို့  …
ဓာတ်ငွေ့ ပေးပို့ တာကို ခဏရပ်ရင် ရပ်ရမယ်ဆိုတာနဲ့  …
ကျွန်တော်တို့ ဘာလိုချင်တယ် ဆိုတာ …
သူတို့ ကောင်းကောင်း သဘောပေါက်ပါတယ် ….

တစ်နာရီလောက် ကြာတဲ့  တိုက်ပွဲတစ်ပွဲ ရဲ့  ကျည်သုံးစာရင်းဟာ ….
ထောင်နဲ့  ချီပြီး ရှိပါတယ် ….
တရုတ် ရဲ့ အထောက်အပံ့ မရှိဘဲ …
ကေအိုင်အေ ဟာ …
ရေရှည် စစ်တိုက်လို့  လုံးဝ မရနိုင်ပါ …

တတိယ အချက်ကတော့ …
နိုင်ငံရေး နည်းအရ အနှောက်အယှက်ပေးလာမယ့် …
အစိုးရ ဆန့် ကျင်ရေး အင်အားစုတွေ ဖြစ်ပါတယ် …

ဒီအဖွဲ့ တွေကို တုန့် ပြန်ဖို့ အတွက် ….
ကေအိုင်အေ ရဲ့  ဖိနှိပ်မှုကို ခံနေရတဲ့  …
တိုင်းရင်းသား လူနည်းစုတွေကို ….
သူတို့ ရဲ့ အခြေအနေမှန်တွေကို ဖော်ပြလို့ ရအောင် ..
စီစဉ်ပေးရပါမယ် …

ကေအိုင်အေ ရဲ့  အတင်းအဓမ္မ လူသစ် စုဆောင်းတာတွေ …
ဆက်ကြေးကောက်တာတွေ …
မီးရထား ၊ ကား စတာတွေကို ဗုံးခွဲတိုက်ခိုက်တာတွေ ….
ရှမ်းနီ ရွာတွေ ရ၀မ်ရွာတွေကို …
အနိုင်ကျင့် နှိပ်စက်ခဲ့တာတွေ ….
ဒါတွေကို ပြည်သူတွေ သိအောင် …
ကမ္ဘာက သိအောင် ဖော်ထုတ်ရပါမယ် ….
တန်ပြန် ဆန္ဒပြပွဲတွေ ပြုလုပ်ရပါမယ် …

ဒီ အချက်သုံးချက်အတွက် …
လိုအပ်တာတွေ ပြင်ဆင်ပြီးသွားပြီဆိုရင် ….
ကျွန်တော်တို့ ကေအိုင်အေကို …
စပြီး စစ်တိုက်လို့ ရပါပြီ ….

စစ်တိုက်တဲ့ အခါ …
အောက်ပါ စီမံချက်အတိုင်း …
အဆင့်ဆင့် လုပ်ဆောင်သွားလို့ ရပါတယ် ….

ပထမလ
----------
၁။ မြောက်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များမှ …..
ကချင်ပြည်နယ်တွင်းရှိ တပ်မတော်စခန်းများ နှင့် …
မြို့  ရွာများ အားလုံး၏ ……
လုံခြုံရေးကို စတင်တာဝန်ယူကာ ……
တပ်မတော်၏ ခြေမြန်တပ်မ နှစ်ခု မှ …
လှုပ်ရှား စစ်ကြောင်း အများအပြားဖြင့်…..
ဒေသတွင်း ကေအိုင်တပ်ဖွဲ့ များ၏ လှုပ်ရှားမှုများအား …..
ထိတွေ့ မှုများ ရယူ၍ စတင်ကန့် သတ် ထိန်းချုပ် သွားပါမည်…..။

၂။ သီးခြားခြေမြန်တပ်မ နှစ်ခုဖြင့် ……
နည်းဗျူဟာ ထောက်ပံ့ ရေး နှင့် ဆက်သွယ်ရေး လမ်းကြောင်းများ၏ …..
လုံခြုံရေးအား ကာကွယ်သွားမည်ဖြစ်ပြီး…..
တစ်ဆက်တည်းမှာပင် …
ထောက်ပံ့ ရေးနှင့် ပို့ ဆောင်ရေးတပ်ရင်းများမှ …..
အချက်အခြာ နေရာများတွင် ….
စုပုံရိက္ခာ၊ ဆေးဝါး နှင့် …
ခဲယမ်းဖြည့်တင်းမှုများအား စတင်ဆောင်ရွက်သွားမည်…..။

၃။ မြေပြင်ပစ် အမြောက်တပ်မ တစ်မ အား .....
မြစ်ကြီးနားသို့ ချီတက်အခြေပြုစေကာ…...
ဒေသတွင်း ၌ ….
အမြောက်တပ်ဖွဲ့ များ ဖြန့် ကျက်နေရာချထားမှုကို ပြုလုပ်မည် …
အရေးကြီး ပစ်မှတ်များအားလုံး …
ကြိုတင် ပစ်မှတ် မှတ်ပုံတင်ထားရှိမည်….။

၎။ မြစ်ကြီးနား တွင် .....
သယ်ယူပို့ ဆောင်ရေး ရဟတ်ယာဉ်တစ်အုပ်…..
တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်အုပ် ……
ဗုံးကြဲတိုက်လေယာဉ် အုပ်တစ်အုပ် နှင့် …
အစောင့်လိုက် တိုက်လေယာဉ် တစ်အုပ် တို့ အား စုဖွဲ့ ထားရှိမည်….။

၅။ ကချင်ပြည်နယ်တွင်းရှိ အရေးကြီးမြို့ များအားလုံးကို .....
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားရှိပြီး …..
စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ များမှ ....
စစ်သတင်းများ မပေါက်ကြားစေရန်နှင့် ….
ရန်သူမှ ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ မဆောင်ရွက်နိုင်စေရန် ….
မြို့ တွင်းရှိ ရန်သူ့ သတင်းပေးများအား …..
နယ်မြေခံ ပြည်သူ့ စစ်များ …
မိမိ အမာခံသတင်းပေးများဖြင့်.....
ဖော်ထုတ်စိစစ်သွားမည်…..

ရိက္ခာ ဆန် ၊ ဆား အများအပြား ၀ယ်ယူမှုများ....
ဖောက်ခွဲဖျက်ဆီးရေးနှင့် ဆက်စပ်သော ....
ပစ္စည်းများ ရောင်းဝယ်ခြင်းများ အားလုံးကို …
ကြီးကြပ်ထိန်းချုပ်မည်…..။

၆။ ရက်ပေါင်း ၃၀ အတွင်း ….
လိုင်ဇာရှိ အရပ်သားများအားလုံး …
ထွက်ခွာသွားရန် အကြောင်းကြားမည်…

မိမိဖက်သို့ လာရောက် ခိုလှုံလိုသော အရပ်သားများအား …..
စစ်ဖက်ရေးရာလုံခြုံရေးတပ် ၊ တပ်ထိန်းတပ်ဖွဲ့ များ …..
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်.....
ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတို့ ပူးပေါင်း ၍ …..
ရန်သူ သူလျိုတပ်ဖွဲ့ ဝင်များ မပါဝင်လာရေး စိစစ်ကာ …..
ဒုက္ခသည်စခန်းများ ဖွင့်လှစ်လက်ခံသွားမည်…။

၇။ စစ်မြေပြင် ဆေးတပ်ရင်းများဖြင့် ….
အချက်အခြာ နေရာများတွင် …
ရှေ့ တန်းစစ်မြေပြင် ဆေးရုံများ တည်ဆောက်ကာ…..
လိုအပ်သော ကုသမှုများပေးနိုင်ရန် ကြိုတင်ပြင်ဆင်သွားမည်……။

၈။ စစ်မြေပြင် ဆက်သွယ်ရေးလုံခြုံမှု တပ်ရင်းတစ်ခုဖြင့် ….
ရန်သူ့ ဆက်သွယ်ရေးစက်များအား…..
ကြားဖြတ် ဖမ်းယူမှုများ ပြုလုပ်ရေး ....
သတင်းမှားများ လွှင့်ထုတ်ရေး ….
မိမိ ဆက်သွယ်ရေးစနစ်များ မပေါက်ကြားစေရေး အတွက် ....
အသံဖျက်စနစ်များ ဖြင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမည် ….။

၉။ ပြည်သူ့ စစ်နှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွန်ကြားရေးမှူးရုံးမှ …..
ပြည်တွင်း သတင်းထောက်များအား ….
အချိန်နှင့်တပြေးညီ တိုက်ပွဲသတင်းများ ထုတ်ပြန်ပေးခြင်း …

တိုက်ခိုက်ရေး စစ်ကြောင်းများနှင့် လိုက်ပါကာ ….
စစ်သတင်း ရယူလိုသော သတင်းထောက်များအား …..
အဆင်ပြေချောမွေ့ စေရန် ပေါင်းစပ်ညှိနိုင်းပေးခြင်း နှင့် …..

ရန်သူ ၏ ၀ါဒဖြန့် ချိမှုများအား …..
သတင်းမှန်များ ထုတ်ပြန်၍ ...
ချေဖျက်ခြင်းများ ပြုလုပ်သွားနိုင်ရန် …..
ရှေ့ တန်း ပြန်ကြားရေး စခန်းများ ဖွင့်လှစ်ထားရှိကာ …..
ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမည်…..။

၁၀။ နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှုးရုံးမှ ……
ရှေ့ တန်း ဌာနချုပ်တစ်ခု ဖွင့်လှစ် ၍ ….
ကချင်ပြည်နယ် ရှိ နယ်ခြားစောင့်တပ်များအားလုံး အား ….
အင်အားတိုးချဲ့ အဆင့်မြှင့်တင်မှုများ ပြုလုပ်သွားမည်….

ထို့ အပြင် ကေအိုင်အေ ၏ ဖိနှိပ်အနိုင်ကျင့်မှုကို ခံနေရသည့် ….
လီစူး …မရူ …ရ၀မ် စသည့် ကချင်မျိုးနွယ်စုငယ်များ နှင့် ……
ရှမ်းနီ များအား လက်နက်တပ်ဆင်ပေးကာ.....
မိမိရွာအလိုက် ပြည်သူ့ စစ်အဖွဲ့ များဖွဲ့ စည်း ၍…..
ရန်သူ့ သတင်းများ ရရှိရေး.....
မိမိဒေသတွင်း ကေအိုင်အေတပ်ဖွဲ့ များ ၀င်ရောက်မလာစေရေး ….
ဒေသ အလိုက် တားဆီးကာကွယ်စေမည်……။

ဒုတိယလ
---------
၁၁။ ထပ်မံ ရောက်ရှိလာသော တိုက်ခိုက်ရေးတပ်မ နှစ်မဖြင့် .....
လိုက်ဇာ နှင့် လိုင်စင် စစ်ဋ္ဌာနချုပ်သို့ ချီတက် သိမ်းပိုက်မည်….
ကေအိုင်အေ လက်နက်စက်ရုံများ …
ရိက္ခာ နှင့် စစ်ဝတ်အရင်းအမြစ်များအား ….
သိမ်းပိုက် ဖျက်ဆီးမည် …
ချီတက်ရာ လမ်းကြောင်းရှိ ရန်သူ့ ခံစစ်ကုန်းများအား ....
တာဝေးပစ် အမြောက်များဖြင့် လည်းကောင်း …..
ဗုံးကြဲ တိုက်လေယာဉ်များဖြင့် လည်းကောင်း ပစ်ခတ်ချေမှုန်းမည်….။

၁၂။ လိုင်ဇာ နှင့် လိုင်စင် အားသိမ်းပိုက်ပြီးနောက် …
အချက်အချာမြေများ အားလုံးတွင် …
စစ်စခန်းများ ဖွင့်လှစ်ထားရှိမည်….
နယ်စပ် ဖြတ်ကူးနိုင်သော …
အဓိက ၀င် ထွက်ပေါက် နေရာများအားလုံး ပိတ်ဆို့ မည်...
နယ်မြေတွင်း ရိက္ခာ ခဲယမ်းနှင့် ...
သတင်း ဖြတ်တောက်မှုများ ပြုလုပ်ကာ…..
လက်နက်မချပဲ ကြွင်းကျန်သည့်ရန်သူအစုငယ်များအား ….
စစ်ကြောင်းများဖြင့် အပြီးသတ် ပိတ်ဆို့ ချေမှုန်းမည်…..။

၁၃။ တောတွင်း နှင့် တောင်ပေါ်စစ်ဆင်ရေးအတွက် ….
အထူးလေ့ကျင့်ထားသော ကွန်မန်ဒိုတပ်ဖွဲ့ ငယ်များဖြင့် ….
ရန်သူ့ နောက်သို့  ခြေရာခံ ကောက်သင်းကောက် ...
တိုက်ခိုက်မှုများ ပြုလုပ်မည်….။

၁၄။ ဖမ်းဆီးရမိသည့် စစ်သုံ့ ပန်းများအား …..
စရဖ တပ်များမှ လိုအပ်သည့် စစ်ကြောမှုများ ပြုလုပ် ၍….
သတင်းကွင်းဆက် ဖော်ထုတ်နိုင်ရေး ဆောင်ရွက်မည် ….။

၁၅။ သာမန် စစ်သုံ့ ပန်းများအား အလင်းဝင်ရောက်စေကာ …..
နယ်ခြားစောင့် တပ်များတွင်လည်းကောင်း …
ဒေသခံ ပြည်သူ့ စစ်များတွင် လည်းကောင်း နေရာချထားပေးပြီး …..
လိုအပ်သည့် ထောက်ပံ့ မှုများ ပြုလုပ်ပေးမည်….။

၁၆။ ဒေသတွင်း ရွာပုန်းများအား ဖယ်ရှားရှင်းလင်းကာ ……
ကားလမ်းများ ဖောက်လုပ်ပေးပြီး …..
စာသင်ကျောင်းများ ၊ ဆေးပေးခန်းများ ပါဝင်သော...
စုပေါင်း ရွာကြီးများ အဖြစ် ပြန်လည်တည်ဆောက်ပေးမည်…
တပ်မတော်နှင့် နယ်ခြားစောင့် တပ်ဖွဲ့ များ မှ …..
ထိုရွာများတွင် အခြေစိုက်စခန်းများ ဖွင့်လှစ်ထားရှိမည်….

ရေရှည်စီမံချက်
----------------
၁၇။ ရေရှည် စီမံချက်အနေဖြင့် …..
ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ( မိုးညှင်း )….
ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဗန်းမော်) …..
ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ( ဖားကန့် )….
ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ( ပူတာအို) တို့ အား …..
တစ်နှစ်အတွင်း ဖွင့်လှစ်ရမည် …
ထို စစ်ဋ္ဌာနချုပ် လက်အောက်ခံတပ်များ ….
နယ်ခြားစောင့်တပ်များ …
ကျေးရွာအလိုက် ပြည်သူ့ စစ်များနှင့်ပူးပေါင်း ၍…..
နယ်မြေစိုးမိုးရေး နှင့် ပြည်သူ့ စစ် လုပ်ငန်းများဆောင်ရွက်ကာ ….
ကေအိုင်အေ အမာခံ နှင့် အကြွင်းအကျန်များအား …
ဆက်လက်ဖော်ထုတ် ရှင်းလင်းသွားမည် …….

ထိုသို့  စီမံဆောင်ရွက်လျှင် …
သုံးနှစ်အတွင်း …
ကေအိုင်အေကို အရုပ်ရေးပြရမတတ် ဖြစ်သွားစေမည် … ။ ။

( ရဲမိုး )

( မှတ်ချက် ။ ကေအိုင်အေ ပေ့ခ်ျတစ်ချို့ တွင် ...
ပျောက်ကြားစစ်နည်းဗျူဟာ အား ...
ဘယ်တော့မှ မရှုံးနိမ့်နိုင်သည့် ....
ပြိုင်ဘက်ကင်း စစ်နည်းဗျူဟာအဖြစ် မှတ်ထင်နေသည့် ...
မဟာပညာကျော်များအတွက် ...
ရည်စူး ရေးသားခြင်း ဖြစ်ပါသည် )
 
 
From:Ye Moe

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...