Wednesday, 12 November 2014

စီရော်နယ်ဒိုလက်သစ်ကို ခေါ်ယူရန် အာဆင်နယ်ကြိုးပမ်း


အာဆင်နယ် အသင်းသည် စီရော်နယ်ဒို လက်သစ်ဟု တင်စားခြင်း ခံနေရလျက်ရှိသည့် ဘင်ဖီကာ လူငယ် တောင်ပံကစားသမား ဂွန်ကာလိုဂွီဒက်စ်ကို ခေါ်ယူရန်အတွက် စောင့်ကြည့် လေ့လာနေပြီ ဖြစ်ကြောင်း Daily Mail ကဖော်ပြထားသည်။

အသက် ၁၇ နှစ်အရွယ်သာ ရှိသေးသော ဂွီဒက်စ်သည် ယမန်နှစ် ယူအီးအက်ဖ်အေ လူငယ်ချန်ပီယံလိဂ် ပြိုင်ပွဲတွင် ဘင်ဖီကာနှင့် ထွန်းတောက် ထင်ပေါ်လာခဲ့သူဖြစ်ကာ ၎င်းကိုခေါ်ယူရန် ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နှင့် ရီးရဲလ်မက်ဒရစ် တို့ကလည်း အာဆင်နယ်နှင့်အပြိုင် စိတ်ဝင်စားနေကြသည်။

ဘင်ဖီကာသည် ဂွီဒက်စ်ကို စာချုပ်သစ် ချုပ်ဆိုရန် ကြိုးပမ်းနေလျက်ရှိကာ ယင်းသို့ လုပ်ဆောင်ရသည်မှာ ၎င်းကို ရောင်းချချိန်၌ မြင့်မားသည့် ပြောင်းရွှေ့ကြေး တစ်ရပ်ကို ရရှိနိုင်စေရန်အတွက် ဖြစ်ကြောင်း ဘင်ဖီကာအသင်း တာဝန်ရှိသူတစ်ဦးက ရှင်းပြ ပြောဆိုသွားခဲ့သည်။

ဘင်ဖီကာနှင့် လူငယ် တောင်ပံကစားသမား ဂွီဒက်စ်တို့ အကြားတွင် ငါးနှစ်သက်တမ်း စာချုပ် ကျန်ရှိနေဆဲဖြစ်ကာ ယခုတစ်ကြိမ် ချုပ်ဆိုမည့် စာချုပ်မှာလည်း ကာလရှည် စာချုပ်ဖြစ်ပြီး စာချုပ် ဖျက်သိမ်းခကို ပေါင်သန်းလေးဆယ်အထိ သတ်မှတ်သွားမည် ဖြစ်ကြောင်း ဘင်ဖီကာက သတင်းထုတ်ပြန်ထားသည်။

ယခု အသစ်ပြန်လည် သတ်မှတ်မည့် စာချုပ်ဖျက်သိမ်းခ တန်ကြေးသည် အာဆင်နယ်အတွက် အတားအဆီး တစ်ရပ်သဖွယ် ဖြစ်လာဖွယ် ရှိနေကာ အာဆင်နယ်အနေနှင့် လူငယ် ကစားသမား တစ်ဦးအပေါ်တွင် ယင်းသို့ ငွေအလုံးအရင်း သုံးစွဲသည်မှာ အစဉ်အလာ မရှိခဲ့ဖူးကြောင်း အပြောင်းအရွှေ့ ဈေးကွက်ရေးရာ ကျွမ်းကျင်သူများက သုံးသပ်ပြောဆို သွားခဲ့ကြသည်။

the voice
From:

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...