Friday, 21 November 2014

ကျောင်းသားခေါင်းဆောင်လား၊ အကြမ်းဖက်သမားတွေလား


နိုဝင်ဘာလထဲမှာ အရေးပေါ်ကျောင်းသားအစည်းအဝေးလုပ်မယ်ဆိုကထဲက မျက်ခုံးက ခပ်လှုပ်လှုပ်ဖြစ်နေခဲ့တာမို့ အိမ်က သားတစ်ယောက်ကို အရိပ်တကြည့်ကြည့် လုပ်နေခဲ့တာတွေ အားလုံး အလကားဖြစ်ကုန်သည်။ ဒီကောင်က နဂို ကထဲက ကျောင်းစာကလွဲရင် အကုန်စိတ်ဝင်စားသည်။ သားသမီးမကောင်းမိဘခေါင်းဟု ဆိုလျှင်တော့ ဒီကောင် ညံ့ဖျင်း အသုံးမကျမှု အားလုံးဟာ ကျွန်တော်တို့ လင်မယားပေါ်တွင် အဓိက တာဝန်ရှိပါသည်။ အမြဲဆုံးမနေသည့် မိဘ၏ သားသမီးပင် ယခု ဆူပူမှုတွေကို ဦးဆောင်နေသူများမှာ ဘယ်လိုလူမျိုးတွေဆိုတာ မသိလျှင် ကျန်သည့် ကလေးများက တော့ အထူးပြောရန်ပင် မလိုတောပေ။



သပိတ်ကို ဦးဆောင်နေသည့် ၁၅ ဦးကော်မတီဝင်တွေက ဘယ်သူမှန်းလည်း ဩကျွန်တော့်သား သေချာမသိ။ ဘယ်လို ကောင်တွေ ဆိုတာလည်း လေ့လာပုံမရ။ ကျွန်တော့်သား နားလည်တာက ယခုဆူပူတာတွေကို အစိုးရကလက်ခံမည်။ ပြီးရင် ပညာရေးလွတ်လပ်ပြီ။ ဆံပင်ရှည်ထားမည်၊ နှစ်သက်ရာဝတ်စုံဖြင့် ကျောင်းတက်မည်။ အချိန်တန်လျှင် ကျောင်းပြီးမည်။ ဘာအနာဂတ်အစီအစဉ်မှ မရှိ။ သပိတ်ကို စတင်သူတွေရဲ့ နောက်ပိုင်း ရည်ရွယ်ချက်တွေကိုလည်း လုံးဝရိပ်စားမိပုံ မရသည့်အပြင် မိဘကို ကန့်လန့်တိုက်ပြီး တော်လှန်ရေးသမားယောာင်ယောင် လေသံ
ထွက်လာသဖြင့် အိမ်က မောင်းချလိုက်သည်။

ကျွန်တော့်သား ထွက်သွားပြီးနောက်ပိုင်း သပိတ်မှောက်သတင်းတွေကို ရုပ်သံသတင်းကော၊ စာစောင်သတင်းတွေမှာပါ ရှာဖတ်ကြည့်သည်။ ပညာရေးကို ပြုပြင်ပြောင်းလဲဖို့ ဩဒီမိုကရေစီ ရဖို့လိုတယ်။ ဒါကြောင့် ဒီမိုကရေစီရတဲ့အထိ တိုက်ပွဲ ၀င်မယ်ဆိုတဲ့ ကျော်ကိုကိုရဲ့ အင်တာဗျူးသတင်း၊ ကေအန်ယူ ပြောက်ကျားဝတ်တွေက သပိတ်အဖွဲ့တွေကို ငွေနဲ့ စားစရာတွေ လာပေးတဲ့သတင်း၊ ၈၈ ကျောင်းသားဟောင်းဆိုတဲ့ မြအေးတို့ မိန့်ခွန်းပြောတဲ့သတင်း ၊ ပညာရေးဝန်ကြီးရဲ့ ရှင်းပြပြောဆိုမှု သတင်းတွေနဲ့ သတင်းစာမှာပါတဲ့ ပညာရေးဥပဒေရှင်းလင်းချက်တွေကို လိုက်ဖတ်ကြည့်လေ ကျောင်းသားတွေရဲ့ ရှေ့ရေး ပိုပြီး ရင်လေးလာလေလေ ဖြစ်ခဲ့သည်။

နောက်ဆုံးသတင်းကို သိလိုက်ရတဲ့အချိန်မှာတော့ ကျွန်တော့်သား အပါအ၀င် ဘယ်ကလေးကိုမှ ဒီသပိတ်ထဲမှာ ဆက်မပါနိုင်အောင် ရတဲ့နည်းနဲ့ တားမယ်လို့ ဆုံးဖြတ်လိုက်သည်။ သပိတ်မှောက်ကျောင်းသား ခေါင်းဆောင်များ အားလုံးဟာ ဗြှီင်္ ကျောင်းသားအဖွဲ့တွေနဲ့ အဆက်အသွယ်ရှိယုံမက အကြမ်းဖက်သင်တန်းတွေပင် တက်ပြီး သား ဖြစ်နေသည်။ ကာလအတန်ကြာ တောထဲတွင်ကျင်လည်ပြီး အခန်းကဏ္ဍပျောက်နေသည့် ထို အကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှုကို စတင်ဖို့ ဒီကျောင်းသားသပိတ်ကို စတင်နေတာလို့ အတိအကျသိလိုက်ရသည်။ ဒါတွင်မကသေးပါ။ ကေအန်ယူခွဲထွက် အကြမ်းဖက်အဖွဲ့တွေကလည်း တစ်နိုင်ငံလုံး ကျောင်းသား
သပိတ်နှင့်အတူ စစ်ရေးအစီအစဉ်တွေ စတင်ဖို့ ကြံနေကြသည်။ အတိုက်အခံ နိုင်ငံရေးအဖွဲ့တွေကလည်း အခြေခံဥပဒေပြင်ဆင်ရေးနှင့် ၄၃၆ ပြင်ဆင်ရေးကို ကျောင်းသားလှုပ်ရှားမှုတွေကို အမှီပြုပြီး လုပ်ဖို့ ပြင်နေကြသည်။ ဗီနိုင်းကားချပ်တွေကို ညတွင်းချင်း အပြီးရိုက်နေကြ သည့် အစီအစဉ်များကို ကြည့်ပြီး ၈ လေးလုံးလို အရေးအခင်းမျိုး ထပ်ဖြစ်မှာကို ကျွန်တော် စိုးရိမ်လှပါသည်။

ကျောင်းသားတွေရဲ့ ပညာရေးနှင့် အနာဂတ်အခွင့်အလမ်းတွေအတွက် အကြံပေးကူညီလျှင်တော့
ကျောင်းသား ခေါင်းဆောင် ဖြစ်ပြီး ကျောင်းသားတွေကို လမ်းပေါ်ထွက်အောင်လုပ်ပြီး တစ်နိုင်ငံလုံး ဆူပူမှုတွေဖြစ်အောင် လုပ်ရင်တော့ အကြမ်းဖက်သမားတွေသာ ဖြစ်ပါလိမ့်မည်။


From: HG

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...