Tuesday, 25 November 2014

ကလေးငယ်များအား စစ်သင်တန်းပေးနေသည့်ဗီဒီယို IS အဖွဲ့ ထုတ်ပြန်



ငယ်ရွယ်သော ကလေးများအား လက်နက်များအသုံးပြုနည်း လေ့ကျင့်သင်တန်းပေးနေပုံကို ၀ါဒဖြန့်သည့်အနေဖြင့် IS အစွန်းရောက်များက ထုတ်ပြန်လိုက်ကြောင်း သိရသည်။


ကလေးငယ်များအား ပထမဦးစွာ အာရဗီစာများ အရေး၊ အဖတ် သင်ပေးကြောင်း IS အဖွဲ့မှ ထုတ်ပြန်သည့်ဗီဒီယိုတွင် ပါရှိသည်။

ယင်းနောက်တွင် IS အစွန်းရောက်များက ကာဇက်စတန်နိုင်ငံမှ ကလေးများအား စစ်သင်တန်းပေးနေပုံကို ထုတ်လွှင့်ပြသခဲ့သည်။

Race Towards Good ဟု အမည်ပေးထားသည့် ဗီဒီယိုကို IS အဖွဲ့၏ ဗီဒီယိုလက်ခွဲတစ်ခုဖြစ်သော အယ်လ်ဟာရက်သတင်းဌာနက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ဗီဒီယိုတွင်ပါရှိသော ပြောစကားများကို အင်္ဂလိပ်၊ ကာဇက်စတန်၊ အာရဗီ စသည့် ဘသာစကားသုံးမျိုးဖြင့် စာတမ်းထိုးဖော်ပြထားသည်။

လွန်စွာ အဆင့်မြင့်သော ဗီဒီယိုကင်မရာဖြင့် ရိုက်ကူးထားသည့် ပြကွက်များတွင် ဦးထုပ်ချွန်ချွန်များ ဆောင်းထားသည့် လူငယ်တိုက်ခိုက်ရေးသမားများကိုလည်း တွေ့မြင်ရသည်။

IS အစွန်းရောက်များသည် လွန်ခဲ့သည့် ဧပြီလမှစတင်ကာ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ကာ ဆီးရီးယားနှင့်အီရတ် တို့ရှိ နယ်မြေများစွာကို သိမ်းပိုက်၍ အစ္စလာမ်နိုင်ငံ ထူထောင်ထား
သည့်အဖွဲ့ဖြစ်သည်။

မကြာသေးမီက ကုလသမဂ္ဂမှ ထုတ်ပြန်သည့် အစီရင်ခံစာအရ IS အဖွဲ့တွင် နိုင်ငံခြားသားတိုက်ခိုက်ရေးသမား စုစုပေါင်း ၁၅၀၀၀ ကျော် ရှိနေကြောင်း သိရသည်။

Ref:Daily Mail

(စည်သူကျော်စွာ)
From:စောင့်ကြည့်သတင်း

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...