Monday, 17 November 2014

ရှမ်းရိုးရာ မသိုးသင်္ကန်းကပ်လှူပွဲသို့ KIA အဖွဲ့မှ နှောင့်ယှက်ပစ်ခတ်



နိုဝင်ဘာလ ၁၆ ရက်၊ ၂၀၁၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပန်ဆိုင်း(ကြူကုတ်)မြို့နယ်ခွဲ၊ တရုတ်ဘုံကျောင်းအနီး ဘောလုံးကွင်း၌ ရှမ်းရိုးရာမသိုးသင်္ကန်းကပ်လှူပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကျင်းပခဲ့ရာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အဖွဲ့မှ သေနတ်ဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အဆိုပါပွဲတော်အား ည ၉ နာရီခွဲချိန်ခန့်တွင် စတင်ကျင်းပရာ ရှမ်းတိုင်းရင်းသားများမှ ဗျောက်အိုး၊ မီးရှူး/မီးပန်းများဖြင့် အဆက်မပြတ်ပစ်ဖောက်၍ ကျင်းပနေချိန် KIA အဖွဲ့မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ဗျောက်အိုးသံတွေ၊ မီးရှူး/မီးပန်းဖောက်တာတွေက ဆူညံနေတာပေါ့၊ အဲဒီပွဲတော်ကို ဆင်နွှဲနေတဲ့ လူတွေကတော့ မသိနိုင်ပါဘူး၊ သူတို့ သေနတ်နဲ့လှမ်းပစ်တာ ဆယ်ချက်လောက်တော့
ရှိမယ်ထင်ပါတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
KIA အဖွဲ့သည် တရုတ်ဘုံကျေုာင်း၏ အနောက်ဘက်တောင်ကုန်းတွင် အခြေပြုလှုပ်ရှားနေကြောင်း၊ ယင်းအဖွဲ့ပစ်ခတ်သော ကျည်များသည် ၀မ်တိန်မြို့၊ မြေစာရင်းရုံးဘက်ခြမ်းအုတ်နံရံသို့ လာရောက်ထိမှန်ခဲ့ရာ လက်မ၀က်ခန့် ကျည်ထိမှန်အပေါက်ဖြစ်သွားခဲ့ကြောင်း ယင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ ဒါဟာ ရှမ်းတွေရဲ့ပွဲတော်ကို နှောင့်ယှက်တာပဲလေ၊ အုတ်နံရံကို မှန်လို့တော်သေးတာပေါ့၊ ပွဲတော်မှာ ပျော်နေတဲ့လူတွေ လာမှန်ရင်ဘယ်လိုလုပ်မလဲ၊ KIA အဖွဲ့ဟာ ရှမ်းတွေအပေါ် အမျိုးမျိုးဒုက္ခပေးနေတာ အခုလို ရိုးရာပွဲတော်ကိုတောင် မရှောင်တာကတော့ တရားလွန်လွန်းတယ်”ဟု ဌာနဆိုင်ရာအရာရှိတစ်ဦးက ပြောကြားသွားသည်။

From: ကောင်းစံ(ရှမ်း/မြောက်)

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...