Wednesday, 26 November 2014

တိုင်းရင်းသားလက်နက်ကိုင်အချို့ KIA ရဲ့ အသုံးချခံဖြစ်နေပြီလား ?

ကချင်ပြည်နယ်မှာလတ်တလော ဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဝေဖန်ချက်အမျိုးမျိုးကြားနေရပါတယ်။ တချို့ ကတော့ တပ်မတော်ကို အပြစ်တင်ကျသည်။ တချို့ကလည်း KIA ကိုအပြစ်တင်ကြသည်။ တချို့ကျပြန် တော့လည်း ငြိမ်းချမ်းစေချင်ကြောင်း ပြောကြသည်။

မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ကျဆုံးသွားသော ၂၃ ယောက်အတွက် အထူးပင် ၀မ်းနည်းကြေကွဲမိပါတယ်။ တစ်ဆက်တည်းစဉ်းစားမိတာက တိုင်းရင်းသားလက်နက် ကိုင်အချို့ KIA အသုံးချခံ ဖြစ်နေပြီလားဆိုတဲ့ အတွေးပဲဖြစ်ပါတယ်။

ဗိုလ်သင်တန်းကျောင်းပေါ်ကို တပ်မတော်ဘက်က လက်နက်ကြီးနဲ့ အကြောင်းအရင်းမရှိဘဲ ပစ်ခတ်ခဲ့တာ မဟုတ်ဘူး ဆိုတာ အားလုံးသိနေတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မဖြစ်ခင် လွန်ခဲ့တဲ့နှစ်ရက်လောက်
ကတည်းက တပ်မတော် စစ်ကြောင်းတွေကို KIA ကနှောင့်ယှက်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်။ ဆမား-ဂဂမ်လမ်းပြင်နေတဲ့ တပ်မတော်စစ်ကြောင်းကို KIA က လက်နက်ကြီးတွေနဲ့လာပစ်သွားတယ်။ ဒီတော့တပ်မတော်ဘက်ကလည်း ပြန်လည်ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ တယ်။ နောက်ဆုံး
ဝေကြိုင်ဘွမ်ဗိုလ်သင်တန်းကျောင်းပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တယ်။ လက်ခုပ်ဆိုတာ တစ်ဖက် တည်းတီးလို့မမြည်သလို တိုက်ပွဲဆိုတာလည်း နှစ်ဦးနှစ်ဖက် ချိတ်ရှိလို့သာ
ဖြစ်ပွားရခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် သေဆုံးသူ ဗိုလ်လောင်း(၂၃)ယောက်ထဲမှာ KIA အဖွဲ့ဝင်တစ်ယောက်မှ မပါတာကတော့ အံ့အားသင့် စရာ ကောင်းနေပါတယ်။ ရခိုင်တပ်မတော် (AA) က ၈ ယောက်၊ ချင်းအမျိုးသားတပ်ဦး (CNF) က ၂ ယောက်၊ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က ၁၁ ယောက်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)က ၂ ယောက်လို့ သိရပါတယ်။ ဗိုလ်သင်တန်းကျောင်းမှာ KIA နဲ့အတူမထားဘဲ သီးခြားခွဲထားရတဲ့ ရည်ရွယ်ချက်က တပ်မတော်ဘက်မှ
လက်နက်ကြီးတွေပစ်နေမှန်းသိပါလျက်နဲ့ ထိုးကျွေးတဲ့ သဘောလည်းဖြစ်နေပါတယ်။ သေချင်းသေ တိုင်းရင်းသားလက်နက်ကိုင်အချို့က အဖွဲ့ဝင်တွေပဲသေပါစေ၊ KIA မပါစေရဆိုတဲ့ အကြံအစည်ကလည်း အောင်မြင်သွားတယ်လို့ပြောနိုင်ပါတယ်။

ရန်စတာက KIA ၊ ခံရတော့ အခြား အဖွဲ့တွေဖြစ်သွားရပါတယ်။
ဒီတော့ KIA လှည့်ကွက်ထဲ တန်းတန်းမတ်မတ်ကို ၀င်လာတော့တာပါပဲ၊ KIA အဖွဲ့က သူ့တပ်ဖွဲ့ဝင် ဗိုလ်လောင်း မပါဘဲနဲ့ ဆုတောင်းပွဲတွေတခမ်းတနားလုပ်ပေးတယ်။ KBC လိုအသင်းတွေကလည်း ၀တ်ပြုဆုတောင်း သဂြိုင်္လ်ပွဲ တွေမှာ ဒေသခံ ပြည်သူတွေကို ဆွဲထည့်လာတယ်။

KBC ဆိုတာ KIA ရဲ့ကျောထောက်နောက်ခံပြု ငွေကြေးထောက် ပံ့နေတဲ့ အဖွဲ့ဖြစ်တာကြောင့် ဘာသာရေးကိုခုတုံးလုပ်ပြီး ပြည်သူကိုစည်းရုံးလိုက်တာဖြစ်ပါတယ်။ ကိုယ့်တိုင်းရင်း သား မပါဝင်ဘဲ အခြားတိုင်းရင်းသားသေဆုံးတာကို လိုတာထက်ပိုပြီး ၀မ်းနည်းပူဆွေးပြနေတာက သဘာဝတော့ သိပ်မကျလှပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်ကို အမုန်းပွားအောင် သွေးခွဲလိုက်
တာပဲဖြစ်ပါ တယ်။

ကချင်ပြည်နယ်မှာ ၂၀၁၂ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာဆိုရင် KIA ရော တပ်မတော်ပါ အတုံးအရုန်း ကျဆုံး ခဲ့ကြတယ်။ သွေးချောင်းစီးခဲ့ကြတယ်။ အဲဒီတုန်းက KIA တပ်ဖွဲ့ဝင်တွေအတွက် ဆုတောင်းပွဲတွေလုပ်ပေးခဲ့ ပါတယ်။ ဒါပေမယ့်တပ်မတော်သားတွေအတွက် KBC လိုအဖွဲ့ကရော ဒေသခံတွေကပါ ဆုတောင်းပွဲလုပ်မပေးခဲ့ကြ ပါဘူး။ တပ်မတော်သားတွေထဲမှာ ဗမာတစ်မျိုးတည်းမဟုတ်ပါဘူး၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကယား၊ ချင်း စတဲ့ တိုင်းရင်းသားအားလုံးပါတယ်။ ယခုကျမှ သေဆုံးသူ (၂၃)ယောက်အတွက် ဆုတောင်းပွဲလုပ်၊ ဆန္ဒတွေပြ၊ ကြေညာချက် တွေထုတ်တာကတော့ သွားလေသူတိုင်းရင်းသားအားလုံးရဲ့ မျက်နှာကို ထောက်သင့်ပါတယ်။

အရှင်းဆုံးပြောရရင် KIA က အဲဒီတိုင်းရင်းသားလက်နက်ကိုင်တွေကို အသုံးချနေတာပါ။ ဖက်ဒရယ်တပ်မတော် တည်ထောင်ဖို့ မက်လုံးပေးနေတာ။ ပြီးရင်သူကပဲခေါင်းဆောင်လုပ်ပြီး အုပ်ချုပ်မှာ။ အခုလည်းသူ့တို့စတေးလို့ သေသွားတဲ့ ဗိုလ်လောင်း (၂၃)ယောက်ကို အကြောင်းပြုပြီး တပ်မတော်နဲ့ ရန်တိုက်ပေးနေပြန်ပါပြီ။ တိုက်ပွဲတွေ ပြန်ဖြစ်လေ သူ့အကြံအောင်မြင်လေပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ KIA အဖွဲ့က အပစ်မရပ်ချင်တဲ့အဖွဲ့ ဖြစ်နေ လို့ပါပဲ။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေနဲ့ KIA အသုံးချခံဘ၀ကနေ လွတ်မြောက်အောင် ကြိုးစားပြီး အမှန်မြင်ကြ ရကြဖို့လိုပါပြီ။



From: ၀င်းမြင့်မောင်

www.mmdailystar.com

0 comments:

Post a Comment

လွတ်လပ်စွာပြောဆို ရေးသားနိုင်ပါသည်။
မှတ်ချက်များကို မကြာမှီ ဖော်ပြပေးပါမည်။

Related Posts Plugin for WordPress, Blogger...